တင်ကျော်ကျော်စိုး

ယနေ့ မနက် မိုးလင်းမှ စ၍ ဘန်ကောက် မြို့ 
သူမြို့ သားတို့ က ထိုင်း နိုင်ငံအနေဖြင့် ဆိုရွားသည့်
အဖြစ်အပျက်များ နှင့် ကြုံတွေ့ ရတော့မည် ဟု
ထင်မြင် နေကြသည်။ထို ကဲ့သို့  မကောင်းသောဘေး
မကောင်းသော ကပ်များ မှ လွတ်မြောက် နိုင်ရန်
အတွက် မြဘုရား အပါအ၀င် တန်ခိုးကြီး စေတီ ၊ပုထိုး
များဉ် ယနေ့ မနက် ကတည်းက ဆုတောင်း မှု
ပြုခဲ့ကြသည်။
ဧပြီလ ၂၅ ရက်နေ့ သည့် ထိုင်းရာဇ၀င် တွင်
ထင်ရှားသည့် ဘုရင် နရဲစွမ် ၏ မွေးနေ့ ဖြစ်သည်။
ဘုရင့်နောင် မင်းတရား ကြီး ပိဿလောက်
(ယခု ဖိစနု လောခ်) ကို စစ်နိုင်သည့် အခါ ဘုရင်
သမရာချာ(ဓမ္မရာဇာ) ၏ သားဖြစ်သူ အသက် ခုနှစ်နှစ် အရွယ် သားတော် နရဲစွမ် (ဗြနရာဇ်) အား ဟံသာဝတီ နေပြည်တော် သို့ ခေါ်ဆောင်လာခဲ့သည်။
ဟံသာဝတီ တွင်ကြီးပြင်းခဲ့သည့် နရဲစွမ် သည် မြန်မာတို့ ၏ စစ်ရေး အတတ်ပညာ ကို လည်း ရရှိသွားပြီး
ဘုရင့်နောင် ၏ အယုဒ္ဒယ မြို့ သိမ်း စစ်ရေး အတွေ့ အကြုံလည်း ရရှိခဲ့သူ ဖြစ်သည်။ယမန်နေ့ က ထိုင်းပြည်သူ အချို့ နှင့် ထိုင်းစစ်တပ် ခေါင်းဆောင် များက ဗြနရာဇ် မွေးနေ့ ကို ကျင်းပကြသော် လည်း ၊ဧပြီလ ၂၆ ရက်နေ့ 
မှ စတင်မည့်  ထိုင်း နက္ခတ် နှင့် ပတ်သက်၍ အစိုးရိမ် ပိုနေကြသည်။
၁၇၆၇ ဧပြီလ ၈ ရက်နေ့  ဆင်ဖြူရှင် ဘုရင်က အယုဒ္ဒယ ကို စတင် ထိုးစစ်ဆင်ပြီး ဧပြီလ ၂၈ ရက်နေ့ အယုဒ္ဒ
ယ ကျဆုံးသွားသည့် အချိန်က နက္ခတ် ကြယ်တာရာများ ဧပြီလ ၂၆ ရက်နေ့ မှ မေလလယ် ထိ ရှိနေမည် ဟု
နက္ခတ်ဗေဒ ပညာရှင် များက ဟောကိန်း ထုတ်ထား သဖြင့် ဘန်ကောက် မြို့ သူမြို့ သား တို့ ထိတ်လန့် နေကြ
ခြင်းဖြစ်သည်။ ဗေဒင်၊ယတြာ များကို ယုံကြည်သည့် ထိုင်းလူမျိုး တို့ က ထိုနက္ခတ်အရ ထိုင်း နိုင်ငံသည် သွေး
ချောင်းစီးမှုများ ၊ဖြစ်ပေါ် ပြီး ၊တိုင်းပြည် နှင့် အုပ်ချုပ်သူများ၏ ကံကြမ္မာသည် လည်း အပြောင်းအလဲ ဖြစ်ပေါ်
နိုင်သည် ဟု ယုံကြည်ကြသည်။
ဘန်ကောက် မြို့ ရှိ ဂူချီ (GUCCI) ဖက်ရှင် စတိုးမှ တာဝန်ခံ တစ်ဦးဖြစ်သူ ဆူရာဝတ် က ဒီအဖြစ်ပျက် တွေ
အမြန်ပြီးပါစေတော့ ဘန်ကောက် ဘေးရန် ကင်းရှင်းပါစေ လို့  နေ့ တိုင်း ဆုတောင်း ပါတယ် လို့ Freedom News Group ကို ပြောသည်။
နိုင်ငံတကာ မီဒီယာ များကမူ မင်းသား နီကိုလပ်(စ)ကေခ်ျ သရုပ်ဆောင် ထားသည့် အန္တရာယ် များသော ဘန်ကောက်
(Bangkok Dangerous ) ဇာတ်ကား နှင့် ခိုင်းနှိုင်းကြသည်။ ဘန်ကောက် မြို့ ရှိ နိုင်ငံခြား သတင်း
ထောက် တစ် ဦးက ဘန်ကောက်က စစ်မြေပြင် လို ဖြစ်နေပြီ သတင်းယူတဲ့ အခါ ကျဉ်ကာ အင်္ကျီ ၀တ်သွားရတယ် ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ယမန်နေ့ ညက ဗုံးပေါက်ကွဲမှု များ လည်း ဖြစ်ပေါ်ခဲ့ပြီး ချင်းမိုင်း ရှိ အမှတ် ငါးနယ်မြေ ရဲစခန်း
မှာ လည်း လက်ပစ်ဗုံး ဖြစ် တိုက်ခိုက်ခံခဲ့ရသည်။ ဘန်ကောက် နေ ထိုင်းလူမျိုးတို့ က လက်ရှိ နိုင်ငံရေး အကျပ်
အတည်း ကို ပြေလည် အောင် ပြီး ဆုံစေချင်သည် ဆန္ဒရှိ သော် လည်း ထိုင်း ၀န်ကြီးချုပ် အဘီဆစ်က အနီရောင် ၀တ်
တို့ ၏ တောင်း ဆိုချက် ကို မလိုက်လျှော ပေးသမျှ ပြဿနာများ သည် ပြေလည်သွား မည် မဟုတ် ဟု မဟီဒေါလ် တက္ကသိုလ်
၏ ဧည့်ပါမောက္ခ တစ်ဦး ဖြစ်သူ အမေရိကန် မျိုး အန်နာ ဂရန့် ဇ် က Freedom News Group သို့ ပြောသည်။
Freedom News Group ၏ နိုင်ငံတကာ မဟာ ဗျူဟာ လေ့လာရေးဌာန က လည်း ဘန်ကောက် သည်
အရှေ့ တောင် အာရှ ၏ ဘက်ဂဒက် ဟု တင်စားက ယခင်က နိုင်ငံခြားသား ကမ္ဘာ လှည့် ခရီးသည် များ ဌာ
နေများ၏ ပျူငှာ မှုများ ဖြင့် လှပခဲ့သည် ဘန်ကောက်သည် ယခုတော့ ကမ္ဘာ့  အန္တရာယ် အရှိ ဆုံး အရပ်ဒေ
သများ တွင် ပါဝင်နေပြီ ဖြစ်သည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံတွင် ကြုံတွေ့ နေရသည့် နိုင်ငံရေးအကျပ်
အတည်းမှာ စစ်တပ်က ရေး ဆွဲ ထားသည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကြောင့်  ဟု
သုံးသပ် ပြောကြားသည်။
ထိုင်းနိုင်ငံ ဘန်ကောက် မြို့ တွင် အာဏာရှင် စစ် ဆန့် ကျင့်ရေး ဒီမိုကရေစီ တပ်ဦးမှ အစိုးရ ဆန့် ကျင်ရေး
ဆန္ဒပြပွဲများ ပြုလုပ်နေသည်မှာ ယနေ့ ဆိုလျှင် ရက်ပေါင်း ငါးဆယ် ပြည့်ပြီ ဖြစ်သည်။
ထိုဆန္ဒပြပွဲ များ အတွင်း ဧပြီလ ၁၀ ရက်နေ့ က လူ သုံးဆယ် ကျော်သေဆုံးပြီး လူတစ်ထောင် ကျော်ဒဏ်ရာရှိ
ခဲ့သည်။ တန်ပြဆန္ဒပြမှု များ နှင့် ဗုံးပေါက်ကွဲမှု များကြောင့် လည်း အနည်းဆုံး သုံးဦး သေဆုံးပြီး နှစ်ရာကျော်
ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဧပြီ လ တွင် ထိုင်း နိုင်ငံ သို့ ကမ္ဘာ လှည့် ခရီးသည်များ လာရောက်မှု လေးဆယ်ရာ ခိုင်နှုန်း
ကျဆင်းခဲ့သလို ဆန္ဒပြမှု များ ကြောင့် တနေ့ လျှင် ၀င်ငွေ ဘတ် သန်း တစ်ထောင် နီးပါး
ထိခိုက်နေရ သည် ။

