ဟိန်းခိုင်ထွန်း

ဧပြီလ ၁၅ ရက်နေ့ သင်္ကြန် အကြတ် နေ့ က ဗုံးပေါက်ကွဲခဲ့ခြင်းသည် အာဖဂန် နစ္စတန် လျှို မြောင်တောင်ကြား
များ တွင် အခြေစိုက်ပြီး နိုင်ငံတကာသို့ ကွန်ယက်ဖြန့် လုပ်ကိုင်သည့် အယ်ကာယီးဒါး အကြမ်းဖက် အဖွဲ့ ၏
လက်ချက် ဖြစ်သည် ဟု သူယူဆကြောင်း စစ်အစိုးရ အဆင့်မြင့်အရာရှိ တစ်ဦးက စနေနေ့ က ၀န်ထမ်းများ
နှင့် တွေ့ ဆုံပွဲ ကို နေပြည်တော် တွင် ပြုလုပ် စဉ် ပြောကြား လိုက်သည် ဟု Freedom News Group
ကသတင်းရရှိသည်။
ယခင် တစ်ပတ် စစ်အစိုးရ သတင်းစာများ တွင် လေ့လာသူ တစ်ဦး ဟု ကလောင်အမည်ခံထားသည့် ဆောင်း
ပါးရှင်က ပြည်ပ အခြေစိုက် အမျိုးသား ညွှန့် ပေါင်း အစိုးရ အဖွဲ့ ၏ ၀န်ကြီး ချုပ် ဒေါက်တာစိန်ဝင်း အပါအ၀င်း
ပြည်ပ အခြေစိုက် မြန်မာ့ ဒီမိုကရေစီ ရေးကျိုးပမ်းသည့် အဖွဲ့ များ ကို စွပ်ဆွဲထားသည်။
စစ်အစိုးရ အနေဖြင့် ထိုဗုံးပေါက်ကွဲမှု ၏ တရားခံသည် မည်သူဖြစ်ကြောင်း ဗုံးပေါက်ကွဲပြီး သီတင်း နှစ်ပတ်
နီးပါးကြာသည် အထိ ဖော်ထုတ် နိုင်ခြင်း မရှိသေးချေ။စနေနေ့ က အဆိုပါ အရာရှိ ၏ ပြောကြားချက် သည်
နေပြည်တော် ရှိ ၀န်ထမ်းများ အကြား ဆွေးနွေး ငြင်းခုံစရာ သတင်းတစ်ပုဒ်ဖြစ်နေသည်။
ဗုံးပေါက်ကွဲပြီး နောက် ရဲစခန်း၊ရယက ရုံးများ နှင့် လမ်းဆုံ များ တွင် သတင်းပေး နိုင်ပါက ဆုတော်ငွေများ ချီးမြင့် မည် ဟု ရေးသား ထားသည်။
Freedom News Group မှ ရရှိသော သတင်း တစ်ခုအရ အနောက်နိုင်ငံ သံရုံးတစ်ခု မှ ထိုဗုံးကွဲမှု သည်
နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ အစည်း များ၏ လုပ်နည်းလုပ်ဟန် ဖြစ်သည် ဆိုသည့် လေ့လာချက် တစ်ခု
ကို စစ်အစိုးရ အရာရှိ များထံ ပြီးခဲ့သည့်  သီတင်းတစ်ပတ် က ပေးပိုထားသည် ဟု သိရသည်။(Freedom News
Group မှ ထို သတင်းကို အတည်မပြု နိုင်ပါ)
ပြည်သူများက မူ ဗုံးဖောက်ခွဲမှု သည် စစ်အစိုးရ၏ လက်ချက်ဖြစ်သည် ဟု ယုံကြည်နေခိုက် စစ်အစိုးရ က
အယ်ကာယီဒါ ၏ လက်ချက် ဖြစ်သည် ဟု ၀ါဒဖြန့် ချီခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန် မြို့ ရှိ တက္ကသိုလ် ပါမ္ခော
တစ်ဦးက သုံးသပ်သည်။ဗုံးပေါက်ကွဲမှု ကြောင့် ၁၀ ယောက် သေသည် ဟု စစ်အစိုးရ သတင်းစာများတွင်
ဖော်ပြထားသည်။
ဗုံးပေါက် ကွဲ မှု မဖြစ်ခင်တွင် ကျန်းမာရေး ၀န်ကြီး က ရန်ကုန်ဆေးရုံ အုပ်ကြီး အား အရေးပေါ် ကုသဆောင်များ
သင်္ကြန် ကာလ အတွက် အသင့် ရှိနေရန် ညွှန်ကြားခဲ့သည်။ဗုံးပေါက် ကွဲ မှု ပြီးနောက် တိုက်ခိုက်မှု အမျိုးအစား
မှ လက်ပစ် ဗုံး ဖြစ်သည် ဟု Freedom News က ဧပြီလ ၁၅ ရက်နေ့ ညနေ ၆ နာရီ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
၂၀၀၇ ခုနှစ် အမေရိကန် ဗဟိုထောက်လှမ်းရေး ဧဂျင်စီ ၏ မှတ်တမ်း များ အရ မြန်မာ နိုင်ငံတွင် ဆော်ဒီ
အင်ဂျင်နီယာ နှင့် ဘီလျှံနာ သူဌေး အိုစမာဘင်လာဒင် တည်ထောင်သည့် အယ်ကာယီဒါ အဖွဲ့ နှင့် ဆက်စပ်
သည့် (သို့ မဟုတ်) အထောက်အပံ့ ရယူထားသည့် အဖွဲ့ အစည်း မရှိ ဟု သတင်း ထုတ်ပြန်ထားသော်
လည်း မြန်မာ နိုင်ငံတွင်းရှိ အစ္စလာမ် အချို့ မှာ အယ်ကာယီဒါး နှင့် ဆက်စပ် နိုင်သည် ဟု နှစ်ထောင်ပြည့် နှစ်
အကျော်က နိုင်ငံတကာ သတင်းစာများတွင် ရေးသားခဲ့ဖူးသည်။
အိုစမာဘင် လာဒင် ၏ ကျောင်းနေ ဘက်သူငယ်ချင်း တစ်ဦးမှာ မြန်မာ နိုင်ငံတွင် နေထိုင်သော် လည်း စီးပွား
ရေး လုပ်ငန်း ဖြင့် သာ အသက်မွေးနေ သူ ဟု စစ်ထောက်လှမ်းရေး အရာရှိ ဟောင်း တစ်ဦးက Freedom
News Group သို့ ပြောသည်။အိုစမာဘင်လာဒင် တည်ထောင်သည့် အယ်ကာယီဒါ အဖွဲ့ သည် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အမေရိကန် နိုင်ငံ ရှိ ပင်တဂွန် စစ်ဌာနချုပ် နှင့် ကမ္ဘာ့ ကုန်သွယ်ရေး မျှော်စင် များ ကို လေယာဉ် ပျံပေးဆွဲပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။
ထိုအဖွဲ့ သည် ယခင်က အာဖဂန်နစ္စတန် တွင် တာလီဘန် များ အုပ်စိုးစဉ်က ကဘူလ်း နှင့် ကန်ဒါဟာ
တွင် အခြေစိုက်သည်။ ထိုအဖွဲ့ ၏ ကွန်ယက်များ သည် အရှေ့တောင် အာရှတွင် ထိုင်း၊ဖိလစ်ပိုင်၊အင်ဒိုးနီးရှား နှင့် မလေးရှား တို့ တွင် ရှိသည်။
၂၀၀၅ ခုနှစ် မေလ ရန်ကုန် ကုန်သွယ်မှု ဗဟိုဌာန နှင့် City Mart တို့ တိုက်ခိုက်ခံရခြင်းသည် နိုင်ငံတကာအကြမ်း ဖက် အဖွဲ့ များ၏ လက်ချက် ဟု သတင်းထွက်ပေါ်ခဲ့သေးသည်။
ဗုံးပေါက်ကွဲ မှု အပြီး မှ စ၍ စစ်အစိုးရက မီဒီယာ သမား သုံးဦး အပါအ၀င် လူပေါင်း ၇၀ ထက် မနည်း ဖမ်းဆီးထားသည်။
စနေ နေ့ က ရန်ကုန် မြို့ လှည်းတန်း ရှိနေ အိမ် တစ်ခု ကို ရဲတပ်ဖွဲ့ က ၀င်ရောက် စီးနင်းကာ ထိုအိမ် တွင်း နေထိုင်သည့် ကျောင်း
သား အချို့ အား ဖမ်းဆီးခဲ့သည်ဟု မဇ္ဈိ မသတင်း တွင် ဖော်ပြထားသည်။

ဖြစ်နိုင်စရာကိုမရှိဘူး…
ဗိုလ်ချုပ်သိန်းဇော်ပြောတာလား