ရွေးကောက် ပွဲ တွင် ပါဝင်ရန် အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၂ ယောက် လက်ရှိ ရာထူးမှ နှုတ်ထွက်

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၂ ဦး ကရွေးကောက်ပွဲ တွင် ပါ
ဝင် နိုင်ရန် အတွက် လက်ရှိရာထူးများမှ နှုတ်ထွက် ကာ အရပ် ၀တ် လဲ ခဲ့ကြ သည် ဟု အေအက်(ဖ)
ပီ သတင်းတွင် ဖော်ပြ ထားသည်။

မြန်မာ စစ်ဗိုလ်ချုပ်များသည် ရွေးကောက်ပွဲ တွင်အရပ် သားများ အဖြစ် ပါဝင် နိုင်ရန် အတွက် ထိုကဲ့
သို့ စစ်ဝတ်စုံ ကို ခွာချခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့ ခံတို့ ကပြောသည်။

တနင်္လာနေ့ က စစ်ဘက် မှ အရပ်သား အဖြစ် အသွင် ပြောင်းသူ များ မှာ ပထမဦး ဆုံး အသုတ်အဖြစ်
ပြီး မြန်မာ စစ်တပ် မှ အနည်း ဆုံး အရာ ရှိ နှစ်ရာ ကျော် သည် ရွေးကောက်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်ကြမည်
ဖြစ်သည်။

ပထမ အသုတ် အရပ်ဝတ် လဲ သူများ တွင် ရန်ကုန် မြို့ တော် ၀န် ဗိုလ်မှုးချုပ် အောင်သိန်းလင်း နှင့်
စစ် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ရင်းနှီး သည့် ၀န်ကြီး ဦးအောင်သောင်း မပါဝင်
သေးဟု  သိရှိရသည်။