ကယားပြည်နယ် လွိုင်ကော်မြို့  ဈေးကြီးထဲ ဉ် ဗုံးထောင်ရန် ကြံစည် နေသူ တစ်ဦး ကို မသင်္ကာသဖြင့်
ရဲတပ်ဖွဲ့ က ဖမ်းဆီးပြီး ဒီမောဆို ရဲစခန်း တွင် ဖမ်းဆီးထားစဉ် စနက်တံ ဖြုတ်ပြီးနောက် မိမိကိုယ်ကို သေကြောင်းကြံမှု
ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။
ရဲစခန်း တွင်း ဗုံးခွဲသေကြောင်းကြံမှု ကြောင့် စခန်းမှုး အပါအ၀င် ရဲတပ်ဖွဲ့ ဝင်လေးဦး နှင့် အရပ်သား တစ်ဦး
ဒဏ်ရာရရှိသည်။ ဗုံးခွဲမည့် သူဟု သံသယရှိသူ မှာ ထိုရဲစခန်း တွင်း ဉ်ပင် သေဆုံးသွားခဲ့သည်။
ဒီမောဆို ဈေးထဲ ဉ် ဗုံးခွဲရန် ကြံစည်နေသူ မှာ နှစ်ဦး ဖြစ်ပြီး တစ်ဦးမှာ ဗုံပေါက်ကွဲစဉ် ရဲတပ်ဖွဲ့ ဝင် တစ်ဦးအား
ထိုးကြိတ်ပြီး ထွက်ပြေးသွားသည် ဟု သိရသည်။
ထိုအဖြစ်အပျက် နှင့် ပတ် သက်၍ Freedom News Group မှ လွိုင်ကော်ရဲစခန်း ကို တယ်လီဖုန်း ဖြင့်
ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခွင့် မရှိ ဟု သိရသည်။
လွိုင်ကော် မြို့ ခံ တစ်ဦးက အခု ထွက်ပြေး နေတဲ့ သူ တစ်ဦးက လိုက်ဖမ်းဖို့ ရဲစခန်း နားက အိမ်တွေကို စစ်
တပ် နဲ့ ရဲ က လိုက် စစ် နေတာ ညလုံးပေါက်ပဲ ။အဝေးပြေး ဂိတ် နဲ့ အထွက်ဂိတ် တွေ အကုန် စောင့်ကြည့် နေ
တယ် ။ တပ်ရင်းမှုး ကို မြို့ နယ်မှုးကို ပေါ့လျှော့မှု တရား ခံ ထွက်ပြေး မှု တွေ နဲ့  ရဲစခန်း ရှေ့ မှာ တစ်ညလုံး ထိပ်တုံး
ခတ်ထားတယ်ကြားတယ်။ရဲစခန်း နားတော့ ဘယ်သူ မှ မသွားရဲ ကြ ဘူး ဟု ပြောသည်။
ယခု ဗုံးပေါက်ကွဲမှု သည် ဧပြီလ အတွင်း ခုနှစ်ကြိမ်မြောက် ဗုံးပေါက်ကွဲ မှု ဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့ မြန်မာ
သင်္ကြန် အကြတ်နေ့ ဉ် ရန်ကုန် မြို့ မင်္ဂလာ တောင်ညွှန့် မြို့ နယ်ဉ် ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် အနည်းဆုံး လူနှစ်
ဆယ်ကျော် သေဆုံးပြီး တစ်ရာ ကျော် ဒဏ်ရာရရှိသည်။
ဧပြီလ အတွင်း ကျချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်း အပါအ၀င် ၊တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်
အေးရှားဝေါလ် ဂိတ် နှင့် ကော့ကရိတ် မြို့ နယ် တို့ တွင် လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
အင်္ဂါနေ့ ညက ကျိုက်မရော ဆက်သွယ်ရေး ရုံးတွင် ဗုံးပေါက်ကွဲခဲ့ရာ သုံးဦး ဒဏ်ရာရှိသည်။

အသေခံ ဗုံးခွဲခြင်းဟု ယူဆ ဆိုတဲ့ သတင်း မှာ ကလစ် နှိပ်ပြီးကြည့်
အကိုေ၇ ဓါတ်ပုံတွေဘယ်လိုကြည်.၇တာလဲဗျ၊ကြည်.လို.မ၇ဘူး။