လွိုင်ကော် ရဲစခန်း ဗုံးကွဲခြင်းသည် အဖမ်းခံပြီး မှ အသေခံ ဗုံးခွဲခြင်း ဟု ယူဆ

Suicide Bomb Blast in Eastern Burma Police Station

ဗုံးကွဲပြီးနောက် စစ်တပ်ရောက်ရှိလာပြီ စခန်းတွင်းမှရဲဝန်ထမ်းများအားအကျယ် ချုပ်ချထားသည် ဟု သိရသည်။ ပုံတွင် အသေခံ ဗုံးခွဲသူ တစ်ဦး အား စစ်သား တစ်ဦးက ကြည့်ရှုနေစဉ် ဓာတ်ပုံ- Hanthawady Sky News

ယမန်နေ့ က ကယားပြည်နယ်  လွိုင်ကော် ရဲစခန်း တွင် ဗုံးပေါက်ကွဲမှု သည် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်နိုင်ကြောင်း ထိုမြို့ မှ
အမည် မဖော်လိုသည့် တရားရေး  ၀န်ထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။
မြို့ မဈေးထဲ တွင် ဗုံးခွဲမည့် သူအား ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီး ပြီးနောက် စခန်းတွင်  စစ်ဆေးမေးမြန်း နေစဉ် ၎င်း၏ ခန္တာကိုယ်ထဲဉ်
အသင့်ပါလာသည့် ဆပ်ပြာဗူး အရွယ် ပစ္စည်း လေးများ အား ရဲလက် သို့ အပ်မည့် ပုံစံ ပြုလုပ်ပြီးနောက် ပေါက်ကွဲခြင်း ဖြစ်သည်
ဟု လွိုင်ကော် ရဲစခန်း နှင့် နီးစပ် သည့် သူ တစ်ဦး ကပြောသည်။

ကနဦးစုံစမ်း စစ်ဆေးချက်များ အရ လွိုင်ကော ဗုံးပေါက်ကွဲမှုသည် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်နိုင်သည်ဟု
စစ်တပ်မှ ယူဆသည် ဟု သိရသည်။

ရဲစခန်းရှေ့  လမ်းတစ်လျှောက် တွင် အရံအတားများ ကာထားပြီး လွိုင်ကော်ရှိ အရေးကြီး အစိုးရ အဆောက်အဦများ အားလည်း
ယနေ့ မနက် မှ စ၍ စစ်တပ်မှ လုံခြုံရေး ယူထားသည်။အသက် ၃၀ အရွယ် ရှိ လူငယ် တစ်ဦး၏  အသေခံဗုံးခွဲမှုကြောင့်
ဒုရဲအုပ် အောင်စိုး အပါအ၀င် အရာရှိ နှစ်ဦး နှင့် အခြားအဆင့် သုံးဦး မှာ လွိုင်ကော်ဆေးရုံကြီး သို့ အရေးပေါ်
ပို့ ဆောင်ထားရကြောင်း သိရသည်။

နယ်မြေခံ တပ်ရင်းမှုး မှ လည်း ရဲစခန်း တွင် တာဝန်ယူထားရသည် စစ်တပ် အရာရှိ အား မည်သည့် သတင်းဌာနမှ တယ်
လီဖုန်း ဖြေကြားခြင်း မပြုရန် အမိန့် ပေးထားသည် ဟု သိရသည်။

ယနေ့ ထုတ် ၀ီကလီ အီလဲဗင်း သတင်းစာ တွင် လည်း ပါရမီ တက္ကစီ များ အားငှားရမ်းစီးနင်း ၍ ဗုံးဖောက်ခွဲမှု ပြုလုပ် နိုင်
ကြောင်း သတိပေးဖော်ပြထားသည်။

ဓာတ်ပုံများကိုဆက်လက်ကြည့်ရှုလိုပါက ဤနေရာတွင် ကလစ်နှိပ်ပါ