ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ

Yangon Street Racer Rival Clash

 

ကားအလှဆင်ပွဲတစ်ခုဉ်မော်တော်ကားတစ်စီးကိုစမ်းသပ်မောင်းနှင်နေသည့် နေရွှေသွေးအောင်

 

ဟိန်းခိုင်ထွန်း၊    ၊လွန်ခဲ့သည့် နှစ်နှစ်ခန့် မှ စ၍ ရန်ကုန်မြို့ တွင် ထင်ရှားလာသည့် ပြိုင်ကား အလှဆင် မောင်းသူများ ၏ အုပ်စု
လိုက် ဂိုဏ်းဖွဲ့ တိုက်ခိုက်မှု များ မှာ ရန်ကုန်မြို့ ၏ ညဘက်များတွင် ပိုမို များပြားလာသည် ဟု စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ တွင် ပြိုင်ကား နှင့် ကားအလှဆင် မောင်းသူများ မှာ ခြောက်ရာကျော်ခန့် ရှိပြီး ထင်ရှားသော ဂိုဏ်း
ရှစ်ဂိုဏ်း ခန့် ရှိသည် ဟု သိရသည်။

#33# ဂိုဏ်းမှာမူ ပြိုင်ကားမောင်းသည့် ဂိုဏ်းအဖွဲ့ တွင် နာမည် အကြီးဆုံးဖြစ်ပြီး ထိုဂိုဏ်း
သည် နေရွှေသွေးအောင် နှင့် ဆက်စပ်မှု ရှိသည် (သို့ မဟုတ်) သူကိုယ်တိုင် ဦးဆောင် သော ဂိုဏ်းဖြစ်သည်
ဟု ရန်ကုန်မြို့ မှ နာမည်ကျော် အဆိုတော် တစ်ဦးက Freedom News Group သို့ ပြောသည်။

ပြိုင်ကားမောင်း ပြိုင်ပွဲများ ကို ရန်ကုန် မြို့ တွင် ညဘက်ဉ် ကျင်းပပြီး ကန်တော်ကြီး ပတ်လမ်း နှင့် ကမ်းနားလမ်း
ဗိုလ်တစ်ထောင်ဆိပ် ကမ်းအနီး တို့ တွင် စနေနေ့ ည (တနင်္ဂနွေ နေ့ ) မနက်တိုင်းကျင်းပသည် ။
လတ်တလောတွင် မူ သင်္ကြန်တွင်း ရန်ညှိုးရန်စ များကြောင့် ပြိုင်ကားအုပ်စု နှစ်ခု ခိုက်ရန်ဖြစ်ပွားရာ မှ ပြိုင်ကား
ပြိုင်ပွဲ များ ကို ခေတ္တရပ်နား ထားသည် ဟုသိရသည်။

 

ကားအလှဆင်ပြိုင်ပွဲမှ မော်ဒယ်လေးများ

 

ရန်ကုန်မြို့ ၏ ညသန်းခေါင် အချိန်များတွင် ပြိုင်ကား ဂိုဏ်းဝင်များ ၏ အုပ်စုဖွဲ့ တိုက်ခိုက်မှု များ နှင့် ပတ်သက်၍
စားသောက်ဆိုင် တစ်ခုမှ မန်နေဂျာ တစ်ဦးက ‘ကျွန်တော်က ည နှစ်နာရီလောက်မှ ဆိုင်ပိတ်မှ အိမ်ကို ပြန်တာ
ကမ်းနားလမ်း တို့ ၊ကန်တော်ကြီး စောင်းတို့ တောင်ဥက္ကလာ ဂေါက်ကွင်း နားတို့ ဆိုရှောင်ရတယ်၊
ကားပြိုင်ပွဲတွေ ရှိတယ် ၊ပြီးခဲ့တဲ့ စနေနေ့ က ဆို  စက်ဆန်းမှာ ပြိုင်ကား နှစ်စီးက ကားတစ်စီးကို လိုက်တိုက်
တာ ရစရာမရှိ ဘူး ၊ကားထဲက နေလည်း ရှေ့ကားကို ရပ် မရပ် ရင် အခု ချက်ခြင်း ပစ်သတ် မယ် ပြောနေလိုက်
တာများ ကြောက်ဖို့ တောင် ကောင်းတယ် ၊ဟောလိဝုဒ် ကားတွေ ထဲက အတိုင်းပဲ ဟု ထိုမန်နေဂျာ မှ Freedom News Group သို့ ပြောသည်။

ညဘက် ပြိုင်ကားမောင်း အဖွဲ့ များ တွင် Midnight Stone အဖွဲ့ မှာ လည်း နာမည်ကြီးပြီး ထိုဂိုဏ်းကိုမူ
စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ သားဖြစ်သူ က တည်ထောင်ထားပြီး ထိုဂိုဏ်း တွင် ပြိုင်မြင်းပုံစံ အမှတ် တံဆိပ်ဖြင့်
အီတလီ နိုင်ငံလုပ် ဒေါ်လာ ငါးသောင်း ကျော်တန် ဖယ်ရာရီ  မော်တော်ကား တစ်စီး အပါအ၀င်
ပြိုင်ကား အစီလေးဆယ် နှင့် ဂိုဏ်းဝင် ကိုးဆယ်ကျော်ရှိသည် ။

၁၉၉၈ ခုနှစ် တွင် စတင်တည် ထောင်ခဲ့ပြီး ၂၀၀၂ ခုနှစ် တွင် ယခင် အာဏာရှင် ဟောင်း ဦးနေ၀င်း၏ မြေး
ဖြစ်သူ များ နှင့် ဆက်စပ်ခဲ့သဖြင့် ဂိုဏ်းဝင်းများ ဖမ်းဆီးခံရပြီး ဖျက်သိမ်းခံရသည့် စကော်ပီယံ ဆိုင်ကယ်ဂိုဏ်း
မှာလည်း ညအချိန် ရန်ကုန် မြို့ ၏ လမ်းများဉ် ဗိုလ်ကျမင်းမူ ခဲ့ဖူးသည်။

စကော်ပီယံ ဆိုင်ကယ် ဂိုဏ်းမှာ ထိုအချိန်က ရန်ကုန်မြို့ တွင် ပြိုင်ဘက် မရှိ ဂိုဏ်းဖြစ်ပြီး အသင်းဝင် ပေါင်းတစ်
ထောင်ကျော်ရှိသည်။

ညအချိန် တွင် ကားမောင်းသူများ နှင့် တက္ကစီ မောင်းသူများက ပြိုင်ကားဂိုဏ်းများ ကို သတိထား၍ မောင်းနှင်ရပြီး ပြိုင်ကား
ဂိုဏ်းများ ရှိမည့် နေရာများကို ခရီးသည် များ ကိုပင် လိုက်မပို့  ရဲ ဟု သိရသည်။
ညဘက် တက္ကစီ မောင်းသူ တစ်ဦးက “သူတို့ ကို သွားပြောလို့ မရဘူး ရဲတောင် မသိချင် ယောင်ဆောင်နေရတာ တစ်ခါတစ်လေ
လမ်းပိတ်မောင်းနေလည်း (ဘေးမချ) ဒီတိုင်းကြည့်နေရတာပဲ ၊
တော်ကြာ သေနတ်ထုတ်ပြီး ပစ်လိုက်မှ မလွယ်ဘူး “ညဘက် သူကားမောင်းရသည့် အတွေ့ အကြုံအား
ပြောသည်။

နာမည်ကျော်ပြိုင်ကား မောင်း ဂိုဏ်းများ တွင် မော်ဒယ်နှင့် သရုပ်ဆောင် မင်းသမီး အချို့ လည်းပါဝင်
သည် ။နာမည်ကျော် သရုပ်ဆောင် နှင့် မော်ဒယ် တစ်ဦးမှာ ကားမောင်းပြိုင်ပွဲများတွင် အမြဲတွေ့ ရသည် ဟု
ကားအလှဆင်ဝါသနာပါသူတစ်ဦးကပြောသည်။

ကားမောင် ပြိုင်ပွဲများ ရပ်နားထားခြင်း နှင့် ပတ်သက် ၍ အငယ်တန်း ပြိုင်ကားမောင်းသူ တစ်ဦး
က ဂိုဏ်းခေါင်းဆောင် မှ သူ့ ဆီ ပို့ သည့် SMS တွင် ဗုံးပေါက်ကွဲမှု များ ထပ်မံရှိလာ အုံးမည် သတင်းကြား
၍ ခေတ္တရပ်နား ထားဖို့ လိုကြောင်း ပေးပို့ ထားသည်။

သင်္ကြန် အကြတ်နေ့ က လူနှစ်ဆယ်နီးပါး သေဆုံးသည့် ဗုံးပေါက်ကွဲမှု သည် ပြိုင်ကားဂိုဏ်းများ၏
လက်ချက် ဟု လည်း စီးပွားရေး လုပ်ငန်းရှင် အချို့ က သံသယရှိကြသည်။

9 thoughts on “ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ

  1. ကျနော်လဲညနက်သန်းခေါင်သွားလာနေတာပဲ ..Taxiဆွဲရင်းနဲ့..
    မတွေ့မိပါဘူးဗျာ…..မကြုံလို့များလား..

  2. စာကလေး ဘာတွေ ကုန်းကြည့်နေတာလဲ

Comments are closed.