ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ

သီရိထက် ၃၀ ဧပြီ ၊                      ၊ဘော်စတွန်

Burmese Most Viewed Video on You Tube
ခောတ်လွန် စင်မြင့် ဆင်ယဉ်မှု နှင့် ဖက်ရှင်  ဒီဇိုင်းများ ဖြင့် သူမ ၏ သီဆိုပွဲ များ ကို ဖျော်ဖြေတတ်သည့်
အဆိုတော် လေဒီဂါဂါ ၏ 2009 ခုနှစ် ထုတ် The Fame Monster အယ်(လ)ဘမ်ထဲမှ
တေးသီချင်း တစ် ပုဒ်ဖြစ်သည့် Bad Romance ဂီတ ဗီဒီယို က ကြည့်ရှုသူပေါင်း ၁၉၃ သန်း
ကျော်ဖြင့် ပထမနေ ရာ ကို သိမ်းပိုက်နိုင်ခဲ့သည် ။(မြန်မာ နိုင်ငံမှ လူကြည့် အများ ဆုံး ဗီဒီယို လည်းပါဝင်သည်)

ဒုတိယနေရာ အား အသက် လေး နှစ်သား ချာလီ  လက်ညှိုးကို ထပ်ကိုက်ပြန်ပြီ ဆိုသည့်
ံHome Made ဗီဒီယို က ကြည့်ရှုသူ ၁၈၄ သန်းကျော်ဖြင့် လေဒီဂါဂါ ၏ နောက်မှ ထပ်ကြပ်မကွာ
လိုက်ပါသည်။

ဟာသ သရုပ်ဆောင် ဂျဒ်ဆင် လစ်ပီ၏ Evolution of Dance ကကြည့်ရှုသူ ၁၄၂ သန်းဖြင့်  တတိယ
နေရာရှိ ပြီး မီလေဆိုင်းရပ်၏  7  Things ကကြည့် ရှုသူ  ပေါင်း ၁၁၇ သန်းဖြင့် စတုတ္ထနေရာ ချိန်ဆွဲသည်။

ရက်ဂါတွန်း (Reggae-ton)အဆိုတော် Pitt Bull ၏ I Know You Want Me သီချင်း က နံပါတ် ငါး
နေရာတွင် ရှိသည်။နံပါတ် ၈ နေရာ အတွက်မီလေး ဆိုင်းရပ်(စ) ၏ နာမည်ကျော် သီချင်း Party in the U.S.A
သီချင်းက ရရှိသည်။

နံပါတ် ၉ နေရာကို လေဒီဂါဂါ၏  JUST Dance ဂီတ ဗီဒီယို ကကြည့်ရှုသူ ၁၀၈ သန်းဖြင့် ရရှိခဲ့သည်။

ဗီဒီယို နှင့် ရုပ်မြင်ထုတ်လွှင့်မှု များ လွှင့်တင် ထား နိုင်သည့် အင်တာနက် ၀ဘ်ဆိုတ် တစ်ခုဖြစ်သည့်
http://www.youtube.com တွင် လာရောက်ကြည့် ရှုသူအများ ဆုံးမှာ ဂီတ ဗီဒီယို များသာ ဖြစ်ကြောင်း
ယနေ့ ထုတ် ညူးယောက်တိုင်းမ် သတင်း စာတွင် ဖော်ပြထားသည်။

ယူတု တွင် လူကြိုက်အများ ဆုံး ဗီဒီယို ဆယ်ခု အနက် ခြောက်ခု မှာ ဂီတ ဗီဒီယို များဖြစ်သည်။
၂၀၀၈ ခုနှစ် က အိုဘားမား နှင့် မက္ကိန်း တို့ ၏ မဲဆွယ်ပွဲ ဗီဒီယို တစ်ခု မှာ လူကြည့် များခဲ့သည်။

ယုတု ၀ဘ်ဆိုတ် အား ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင် ထိုင်ဝမ် အမေရိကန် လူမျိုး
စတိဗ် ချန်း က စတင်တည်ထောင်ခဲ့သည်။ (You Tube တည်ထောင်သူများ သည် ယခင်က
အင်တာနက် ငွေကြေးပေးချေမှု Paypal ၏ ၀န်ထမ်းဟောင်းများ ဖြစ်သည်)

၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် စတိဗ် ချန်းကို ယူတု အား ၁.၆၅ ဘီလျှံ အသားတင် ဖြင့်
ရောင်းချလိုက်ခြင်း ဖြစ် ယူတု သည် အချိန် တို အတွင်း အမြတ် အစွန်း ရသော စီးပွားရေးလုပ်
ငန်း တစ်ခု အဖြစ် သမိုင်းဝင်ခဲ့သည်။

ယူတုသည် ကမ္ဘာတစ်ဝှမ်းတွင် နေ့ စဉ် ကြည့် ရှုသူ ပေါင်း သန်း ၁၀၀ ခန့် ရှိသည် ။ထိုင်း နိုင်ငံ
အပါအ၀င် နိုင်ငံ အချို့ တွင် ယူတု အားတရားဝင်ကြည့်ရှုခွင့် ပိတ်ပင်ထားသည်။

ယူတုတွင် တင်ထားသည့် ဗီဒီယို ပေါင်း သန်း ၁၂၀ ကျော်ရှိသည်။

မြန်မာ နိုင်ငံတွင် ၂၀၀၇ ရွှေဝါရောင် တော်လှန် ရေး ကာလ တွင် အင်တာနက် နှင့် ရင်းနှီးသူ
များက ဆန္ဒပြပွဲ သတင်း ဓာတ်ပုံ များ ကို တင်ရာမှ သုံးစွဲမှု များလာခဲ့သည်။

မြန်မာနိုင်ငံ မြန်မာ ဗီဒီယို များထဲ မှ လူကြည့် အများ ဆုံး ဗီဒီယို အိန္ဒြာ ကျော်ဇင် နှင့် ဟိန်းဝေယံ
အမည် ရှိ ဗီဒီယို မှာ ကြည့်ရှုသူပေါင်းခြောက်သိန်း နီးပါး ရှိသည်။ဒုတိယအကြည့် အများဆုံးမှာ
ကြည့်ရှုသူ နှစ်သိန်းကျော် မှတ်တမ်းရှိသည့် သင်ဇာဝင့်ကျော် ၏ ဗီဒီယို ဖြစ်သည်။တတိယ အကြည့် အများဆုံးမှာ
စိုင်းစိုင်းခမ်းလှိုင် ၏ ၀မ်းနည်းမှတ်တမ်း ဂီတ ဗီဒီယို ဖြစ်သည်။

One thought on “ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ

Comments are closed.