ဟိန်းခိုင်ထွန်း၊ ၊ မေ ၂ ရန်ကုန်
ဝမ်းပျက် ၀မ်းလျှော ရောဂါ များ စတင် ဖြစ်ပွားနေသည့် ရန်ကုန် မြို့ တွင် အပူချိန်လွန် ကဲ မှုကြောင့် ၊အပူရှပ်၍
သေဆုံးသူ ပေါင်း ဆယ့်လေး ဦးခန့် ရှိပြီး ၊နေ ပြည်တော်တွင် ခြောက်ဦး နှင့် မန္တလေး တိုက် တွင် ဆယ်ယောက်
ကျော်သည် ဟု စုံစမ်းသိရှိရသည်။
မန္တလေး တိုင်း အောင်မြေသာဇံ မြို့ နယ် ရှိ အသက် ၆၀ ကျော် အရွယ် အမျိုးသမီး တစ်ဦး မှာ အပူရှပ်၍ သတိလစ်
မေ့မျောနေ ချိန် မန္တလေး ပြည်သူ့ ဆေးရုံကြီး သို့ ပို့ ဆောင် ခဲ့သော် လည်း ဆေးရုံ အရောက်တွင် ကွယ်လွန် ခဲ့သည်။
ရန်ကုန် မြို့ တွင် အပူလွန်ကဲ့ မှုကြောင့် သေဆုံးသူများတွင် လူလတ် ပိုင်း အရွယ်များ ပါဝင်ပြီး ၊အထူးကု ဆေးခန်း တစ်
ချို့ တွင် အပူလွန် ကဲ မှုကြောင့် ဖြစ်ပေါ်သည့် ရောဂါ များ အတွက် အရေး ပေါ် ဌာန ဖွင့် လှစ် ထားသည်။ မြောက်ဥက္ကလာ
ဆေးရုံ တွင် သောကြာနေ့ က အပူရှပ် ၍ သတိ လစ် မေ့မြောပြီး သေဆုံး သူ မှာ ရွေးကောက်ပွဲ ရန် စီစဉ် နေသည့် ကြံ့ဖွံ့ 
အဖွဲ့ ဝင် တစ်ဦး ဖြစ်သည် ဟု သိရသည်။
နာဂစ် မုန်တိုင်း ဒဏ် ခံရသည့် ဒေသများတွင် လည်း အပူလွန်ကဲမှုကြောင့် သေဆုံးမှု များရှိသည်။
ရန်ကုန် တိုင်း ကြည့်မြင်တိုင် နှင့် မြောက်ဥက္ကလာ မြို့ နယ် များတွင် ၀မ်းပျက် ၊၀မ်း လျှော ရောဂါ စတင် ဖြစ်ပွားလျှက်ရှိသည်။
