(Updates)Time Square Bomb Plot has No Connection with Big Terrorist Group
Pakistan Taliban group claims NY bomb attempt in video: SITE
- ကားဗုံးတွေ့ ရှိခဲ့သည့် နေရာအား လုံခြုံရေးအရ လမ်းများပိတ်ထားစဉ် REUTERS/Cary Horowitz (UNITED STATES – Tags: CRIME LAW POLITICS) Original Filename: 2010-05-02T024428Z_01_NYK00_RTRMDNP_3_TIMESSQUARE-EVACUATION.JPG
သီရိထက် ၊၊မေလ ၁ ရက်နေ့ ည အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ ညူးယောက်
တိုင်းစကွဲရင် ပြင် အမှတ် ၇ ရိပ်သာလမ်း အနီးက မာရီယော့ မာကွီး ဟိုတယ် အနီးမှာ ကားဗုံးထောင်
ဖောက်ခွဲ ဖို့ ကြိုးပမ်းခဲ့တာ ဟာ ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ 
Tarik-e-Taliban က ၎င်းတို့ ရဲ့ လက်ချက်ဖြစ်ကြောင်း ယူတု ဗီဒီယို ကနေ ပြောကြားခဲ့သည်။
Tarik-e-Taliban တာလီဘန် အဖွဲ့ က ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကာရီ ဟူစိန် မက်ဆော့ဒ် က
က ထိုကဲ့သို့ ဗုံးခွဲရန် စီစဉ် ရခြင်း မှာ ပြီးခဲ့သည့် သီတင်း နှစ်ပတ် ကျော် က အီရတ် အခြေစိုက်
အယ်(လ)ကာယီဒါး ခေါင်းဆောင် Abu Omar al-Baghdadi and Abu Ayub al-Masri နှင့်
အာဖဂန် နစ္စတန် ရှိ ၎င်း တို့ ၏ ခေါင်းဆောင် များ အမေရိကန် ၏ တိုက်ခိုက် မှု ကြောင့် သေဆုံးခဲ့
ခြင်း ကို ပြန်လလည် လက် စား ချေခြင်းဖြစ်သည် ဟု ပြောကြားသွားသည်။

တနင်္ဂနွေ နေ့ မနက် အစောပိုင်း က ယူတု ဗီဒီယို ဆိုတ် တွင် လွှင့်တင်သွားခဲ့သည့် ထိုအဖွဲ့ ၏
ဗီဒီယို ဉ် တာလီဘန် ခေါင်းဆောင် ဆိုသူက တိုင်းစကွဲ ကားဗုံးခွဲ ရန်စီစဉ် သူများ ကို ချီးကျူး
ဂုဏ်ပြုခဲ့သည်။ ထိုဗီဒီယို အား ယူတု တာဝန် ရှိသူ များမှ ၎င်းတို့ ၏ စည်းမျဉ်းများကို ချိုးဖောက်
သဖြင့် ချက်ခြင်းပင် ဖယ်ရှားခဲ့သည် ။
ညူးယောက် ရဲ ဌာန က မူ ဗုံးထောင်မှု တွင် တာလီဘန် အဖွဲ့ နှင့် ပတ်သက်သည့် သဲလွန်စများ ရှာဖွေ
တွေ့ ရှိခြင်း မရှိသေး ဟု ဆိုသည်။
Tarik-e-Taliban အကြမ်းဖက် အဖွဲ့ သည် ယခင် အာဖဂန် နစ္စတန် ကို အုပ်ချုပ်ခဲ့သည့် တာလီဘန်
အဖွဲ့ ၏ ပါကစ္စတန် အခြေစိုက် အဖွဲ့ အစည်း တစ်ခု ဖြစ်ပြီး တာလီဘန် နှင့် အယ်ကာယီဒါး အချို့ ဖြင့်
ဖွဲ့ စည်းထားပြီး အကြမ်းဖက် လုပ်ရပ် များ ကိုကျူးလွန် နေသော အဖွဲ့ ဖြစ်ပြီး နေတိုး ပစ်မှတ် များကို
အဓိကာ ထား၍ တိုက်ခိုက်သည်။
သက်ဆိုင်ရာ ညူးယောက် အာဏာပိုင်များ နှင့် အမေရိကန် အစိုးရ ကမူ ထို ဗုံထောင်မှု သည် မည် သူ မည်
ဝါ၏ လက်ချက် ဖြစ်သည် ဟု ထုတ်ဖော် ပြောကြားခြင်း မရှိသေးချေ။ဗုံးတင်ဆောင် လာသည့် မော်တော်ကား
အား မောင်းနှင့် ခဲ့သူ ကို FBI နှင့် Federal Joint Terrorism Task Force အဖွဲ့ က လိုက်လံ စုံစမ်းနေပြီ ဖြစ်သည်။

မေဒေးနေ့ တိုင်းစကွဲ ရင်ပြင် ကားဗုံးထောင်မှု တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များ နှင့် စွမ်းရည် မြင့်သည့် ဗုံးရှင်း
လင်းရေး အဖွဲ့ များက အချိန် မှီ ဖယ်ရှား နိုင်သော ကြောင့် မည်သူ တစ်ဦး တစ်ယောက် မှ ထိခိုက် ဒဏ်ရာ
ရခြင်း မရှိ ဟု သိရသည်။
ဗုံးထောင်သည့် ကားမတွေ့ ခင် အချိန် ထိ ကမ္ဘာ လှည့် ခရီးသွား များ ၊ ဖျော်ဖြေရေး ပွဲလမ်း သဘင် များသို့ 
လာရောက် ကြသည့် သူများ ဖြင့် စည် ကားခဲ့သည့် တိုင်းစကွဲ မှာ မူ ကန္တာရ တစ်ခု ပမာ ခြောက် ကပ်သွား
သည် ဟု CBS သတင်းတွင် ဖော်ပြသွားခဲ့သည်။
ညူးယောက် တိုင်းစကွဲ သည် အမေရိကန် နိုင်ငံ၏ ကမ္ဘာ ကျော် နေရာ ဒေသ တစ်ခုဖြစ်ပြီး နှစ်စဉ် ကမ္ဘာ လှည့်
ခရီးသွား သန်း ငါးဆယ် ကျော်ခန့် လာသည် ။

Investigators removed from the Pathfinder three propane tanks, two filled five-gallon
gasoline containers, two clocks with batteries, consumer-grade fireworks, and a locked
metal box that resembled a gun locker.
