ဇွန်လ ၁၁ ရက်နေ့ မှ ဇူလိုင်လ ၁၁ ရက်နေ့ ထိ တောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ၂၀၁၀
ကမ္ဘာ့ ဖလားပွဲ အတွက် သီချင်း တစ်ပုဒ် အား ကိုလံဘီယာ
အဆိုတော် ရှကီရား ရေးစပ်သီဆို ထားသည့်This Time for Africa သီချင်းအား ယနေ့ စတင်ဖြန့် ချိလိုက်ပြီ ဖြစ်သည်။
၂၀၀၆ ခုနှစ်က ဂျာမဏီ နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ အတွက်
The Times of OurLives သီချင်းအား Il Divo နှင့် Toni Brxton တို့ မှ သီဆိုထားခြင်းဖြစ်သည်။၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့
ဖလား ပွဲ ကျင်းပစဉ် က အဆိုတော် ရစ်ကီမာတင် သီဆိုထားသည့် The Cup of Life သီချင်းမှာ
ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် လူကြိုက်အများ ဆုံးသီချင်း ဖြစ်သည်။
၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲ ၀င် အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး တောင် အာဖရိက မြို့ ကြီး
၁၁ မြို့ တွင် ကျင်းပမည် ဖြစ်သည်။This Time of Africa သီချင်း ကို ရှာကီရားက အာဖရိက ဘာသာ စကား ၊အင်္ဂလိပ်
ဘာသာ စကား တို့ ဖြင့်သီဆိုထားပြီး အာဖရိက ဗုံသံ ၊ လက်တင် ဆမ်ဘာ နှင့် ရောယှက် ကာ Break Beat စတိုင် ဖြင့်သီဆိုထားသည်။
အာဖရိက ဘာသာ စကားဖြင့် သီဆိုထားသည့် သီချင်း၏ မူရင်း အာဖရိက နိုင်ငံမှာ မှာ ကင်မရွန်း နိုင်ငံမှ နာမည်ကျော် သီချင်း
ဇန်ဂါလ၀ါ ဇာမီနာ (၀ါကာ ၀ါကာ) ဖြစ်သည်။(မူရင်းသီချင်းအောင် ကြည့် ရှု နိုင်အောင် စီစဉ်ထားသည်)
2006 ကမ္ဘာ့ ဖလား ပွဲ နောက်ဆုံးနေ့ မှ ပြင်သစ် နှင့် အီတလီ ဗိုလ်လု ပွဲ မှ ဇီဒန်း


