ခွပ်ဒေါင်းအလံ အသုံးပြုမှု နှင့် ပတ်သက်၍ ဆန့် ကျင်ကန့် ပွဲ တစ်ခုပြုလုပ်မည်

Updateနောက်ဆုံး ရရှိသည့် သတင်းများ အရ ခွပ်ဒေါင်း အလံ အား အသုံးပြုမှု နှင့် ပတ်သက်၍ နိုင်ငံရေး
လှုပ်ရှားသူ များ နှင့် ကျောင်း သား များ အတွင်း သာ မက ပြည်သူများ ကြားတွင် ပါ မကျေနပ်မှု ကြီး
ထွားနေသည် ဟု သတင်းရရှိသည်။

ထိုသို့ မကျေနပ်မှုများမှ သည် လူထု အုံကြွမှု ထိ ဖြစ်သွား နိုင်ကြောင်း ရန်ကုန် မြို့ ရှိ ၂၀၀၇ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် တစ်ဦး က Freedom News Group သို့ ပြောသည်။၎င်း တို့ အဖွဲ့ သည် ခွပ်ဒေါင်း အလံအား ရဲထွန်း
တို့ ညီအကို အဖွဲ့ မှ အသုံးပြုခြင်း နှင့် ပတ် သက်ပြီး ယနေ့ ဆန့် ကျင် ကန့် ကွက်စာ များ ဝေသွားမည် ဟု ပြောသည်။

ရွေးကောက်ပွဲ ၀င်ရန် မှတ်ပုံတင်ထားသည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ( ပြည်ထောင်စု မြန်မာ နိုင်ငံ)့်
ဆိုသည့် ပါတီမှ သမိုင်းဝင် ခွပ်ဒေါင်း အလံ အား ၎င်းတို့ ၏ ပါတီ အလံ နှင့် တံဆပ် အမှတ် အသား အဖြစ် အသုံး
ပြုမှု နှင့် ပတ်သက် ၍ ရန်ကုန်မြို့ တွင် ဆန့် ကျင်ကန့် ကွက် ပွဲ တစ်ရပ် ပြုလုပ်သွားမည် ဖြစ်သည်။

ထင်ရှားသော စာပေ အနုပညာရှင်များက ခွပ်ဒေါင်း အလံ အသုံးပြုမှု အားဆန့် ကျင်ကန့် ကွက်ကြသလို အမျိုး
သား ဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ ဝင်များ၊၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ နှင့် နိုင်ငံရေး အကျဉ်းသား
ဟောင်း အချို့က လည်း ထိုကန့် ကွက်ပွဲ ကို မကြာခင် ကျင်းပ နိုင်ရန် စီစဉ် ထားရှိသည် ဟု Freedom News
Group မှ သတင်းရရှိသည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ( ပြည်ထောင်စု မြန်မာ နိုင်ငံ)မှ ၎င်း တို့ ၏ ပါတီ အလံ အတွက် ခွပ်ဒေါင်း
အလံ သုံးစွဲခြင်း အား တတိယ အင်အားစု ၀င်များ ကပင် မကျေနပ်ကြ ဟု သတင်းရရှိသည်။

ထိုဆန့် ကျင်ကန့် ကွက်ပွဲ ကို ပြည်တွင်း နှင့် ပြည်ပ တွင်ပါ ကျင်းပမည် ဖြစ်သည်။

ဆက်စပ်သတင်း(ကိုအေးလွင် ညီ ရဲထွန်း တို့ အဖွဲ့  ၎င်းတို့ ၏ တံဆိပ် နှင့် အလံ အတွက် NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်)

One thought on “ခွပ်ဒေါင်းအလံ အသုံးပြုမှု နှင့် ပတ်သက်၍ ဆန့် ကျင်ကန့် ပွဲ တစ်ခုပြုလုပ်မည်

  1. ပြောချင်တယ်ဗျာ၊ကြာတော.လဲမပြောချင်တော.ဘူးအားလုံးကိုသိနေသလိုပဲ။။။။။။။။။။။

Comments are closed.