Photo and Source : CNN,New York Times , Greece Blog,M Talk


နိုင်ငံတွင်း ကုန်ဈေးနှုန်း များ တက်လာပြီး ၊စီးပွားရေး အကျပ် အတည်း များ ဖြစ်လာသည် များ
ကို အချိန်မှီ မဖြေရှင်း ပေး နိုင်သည့် ဂရိအစိုးရ အား တက္ကသိုလ် ကျောင်းသား များ ၊ဗဟို လက်ယာ
အုပ်စု များ နှင့် ပြည်သူများက မေလ ၁ ရက်နေ့ မှ စတင် ၍ မြို့ တော် အေသင် ဉ် အစိုးရ ဆန့် ကျင်
ဆန္ဒပြပွဲ များ ကျင်းပခဲ့ကြသည်။
တနင်္လာ နေ့ က မြို့ တော် အေသင် ဉ် ထောင်ပေါင်း များ စွာရှိသည့် လူအုပ်ကြီး က “ကျုပ်တို့ အစိုးရ
ဟာတော့ ဖြင့် လူလိမ် လူညာ နဲ့  သူခိုး အစိုးရ ပါ “ဟုကြွေးကျော်ကာ ပါလီမန် ဆီ သို့ ချီတက်လာခဲ့ကြသည်။
ဂရိ အစိုးရ ၏ အခွန်များ တိုးမြှင့် ကောက်ခံမှု နှင့် ချိုးခြံ ခြွေတာ ရေး အစီအစဉ် ကို မကျေနပ် သဖြင့် ဆန္ဒပြသည့်
လူအုပ်ကြီး ကို ရဲတပ်ဖွဲ့ က မျက်ရည်ယို ဗုံး ၊ဓာတ်ငွေ့  ဗုံးများ နှင့် ဗုဒ္ဒဟူးနေ့ တွင် စတင်တိုက်ခိုက်ခဲ့သည်။

ဆန္ဒပြသူများ က အတိုးနှုန်း များ အဆမတန် ဖြတ်တောက် သည့် အေသင် ရှိ The Hellenic ဗဟို ဘဏ်သို့ ရောက်ရှိလာချိန်တွင်မည်သည့် နေရာ က မှန်းမသိ ပစ်ခတ် လိုက်သော
မီးလောင် ဗုံး တစ်ခု ကြောင့် ဘဏ်ဝန်ထမ်း အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦး သေဆုံးသွားသည်
ဟု သတင်းရရှိသည်။သေဆုံး သူ တစ်ဦး မှာ ကိုယ်ဝန်ဆောင် မိခင် တစ်ဦးဖြစ်
သည် ဟု သတင်းရရှိသည်။
ဂရိဝန်ကြီးချုပ် ဂျော့ ပါပန် ဒရိုး ကမူ လူတိုင်းမှာ ဆန္ဒပြဖို အခွင့်အရေးရှိ
တယ်၊ဒါပေမယ့် ဆန္ဒပြသူ နဲ့ လူသတ်သမားကွဲပြား ဖို့ တော့ လိုမယ် ဟု ပြောကြားခဲ့သည်။
ဂရိ နိုင်ငံ၏ စီးပွားရေး ကသောင်း ကနင်း ဖြစ်မှု အား ကယ်တင်ရန် ယူရိုဇုန် အဖွဲ့ဝင်နိုင်ငံများနှင့် IMF တို့က သုံးနှစ်အတွင်း ကယ် တင်ရေးရန်ပုံငွေယူရို ၁၁၀ဘီလီယံ ထောက်ပံ့ရန် သဘောတူညီ ခဲ့ကြသည်။ ဂရိနိုင်ငံအနေဖြင့် ခြိုးခြံချွေတာရေး အစီအစဉ်များကို တိုးမြှင့်ဆောင် ရွက်ပေးရမည် ဖြစ်သည်။ ဥရောပသမဂ္ဂက ယူရို ၈၀ ဘီလီယံ ထည့်ဝင်၍ IMF က ယူရို ၃၀ ဘီလီယံ ထည့်ဝင်မည်ဖြစ်သည်။ ယင်း ထောက်ပံ့ငွေ ဖြင့် ဂရိနိုင်ငံအပေါ် တင်ရှိနေသော ကြွေးမြီများကို ပေးဆပ်စေမည် ဖြစ်သည်။ ပထမအသုတ်အနေဖြင့် မေလ ဒုတိယပတ်တွင် ယူရို ၃၀ ဘီလီယံ ထုတ်ပေးမည် ဖြစ်သည်။ နိုင်ငံ၏ ကြွေးမြီပြဿနာကို ဖြေရှင်းရန် ၀န်ထမ်းများ၏ လုပ်ခလစာများနှင့် အငြိမ်းစား ရန်ပုံငွေများကို လျှော့ချ ဖြတ် တောက်၍ အခွန်ငွေများကို တိုးမြှင့်ကောက်ခံရမည် ဖြစ်သည်။ ဂရိနိုင်ငံ၏ စီးပွားရေးသည်လည်း ယခုထက်တိုင် နလန် မထူသေးဘဲ ကျဆင်း လျက်ရှိနေသည်။ တစ်နိုင်ငံလုံး၏ နိုင်ငံတကာချေးငွေ စုစုပေါင်းသည် GDP ၏ ၁၁၅% သို့ ရောက်လျက်ရှိသည်။ အစိုးရ၏ ခြိုးခြံ ချွေတာရေး အစီ အစဉ်များကို အလုပ်သမားသမဂ္ဂများက လက်မခံနိုင်သဖြင့် နိုင်ငံတ၀ှမ်း ဆန္ဒပြရန် ဆက်လက် စီစဉ် လျှက် ရှိသည်။

