Myanmar police accuse exile group over Yangon blasts

သင်္ကြန် အကြတ်နေ့  ကန်တော်ကြီး စောင်း X20 သင်္ကြန် ရေကစား မဏ္ဍပ် အနီး ဗုံးပေါက်ကွဲမှုသည် စွမ်းအားမြှင့်
မြန်မာ ကျောင်းသား စစ်သည်တော် များ အဖွဲ့  (Vigorous Burma Student Warrior) အဖွဲ့ ၏ လက်ချက်ဖြစ်
ကြောင်း ယနေ့  နေပြည်တော်ဉ် ကျင်းပသည့် သတင်းစာရှင်း လင်းပွဲ တွင် ရဲချုပ်ခင်ရီ က ပြည်တွင်း နှင့် နိုင်ငံခြား
သတင်းထောက်များ ကို အထက်ပါ အတိုင်း ပြောကြားလိုက်သည်။
သင်္ကြန် တွင်း ဗုံးဖောက်ခွဲမှု တွင် ပါဝင်သူ တစ်ဦး ကိုဖမ်းဆီးထားမိပြီး ကျန်ရှိသူများမှာ နယ်စပ်လမ်းကြောင်းများကို
အသုံးပြု၍ ပြန်လည် ထွက်ပြေးလွတ်မြောက်သွားကြကြောင်း ပြောကြားခဲ့သည်။VBSW အဖွဲ့ ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့်
လူဆယ်ဦး သေဆုံးသည် ဟု ပြောကြားသည်။

VBSW အဖွဲ့ သည် မကြာခင် ကျင်းပတော့ မည့်ရွေးကောက်ပွဲ အတွက် ရည်ရွယ်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု
ရဲချုပ် ခင်ရီ ကဆက်လက်ပြောကြားသည်။ VBSW အဖွဲ့ သည် ၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ရှိ မြန်မာ
သံရုံးအား AK 47 လက်နက် များ ဖြင့် စီးနင်းသည့် အဖွဲ့ ဖြစ်သည် ဟု ထည့်သွင်းပြောကြားသွားသည်။
VBSW အဖွဲ့ သည် ထင်ရှားသော နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ အစည်း များလိုပင် နိုင်ငံဖြတ်ကျော် အကြမ်းဖက်
အဖွဲ့ အစည်း တစ်ခု ဟု ဆိုသည်။ယခင်က သ တင်းစာ ရှင်းလင်းပွဲများ တွင် တစ်ဖက် နိုင်ငံ ဟု သာ သုံးနှုန်းသော်
လည်း ယခု ထိုင်း နိုင်ငံ ဟု သုံးနှုန်းခဲ့သည်။
ဖောက်ခွဲဖျက်ဆီးရန် ရောက်ရှိလာသူများသည် လက်ပစ်ဗုံး သုံးလုံးဖြင့် လူအုပ်ထဲ သို့ ပစ်သွင်း လိုက်ခြင်းဖြစ်ပြီး
ဆယ်(လ)ဖုံး ဆက်သွယ်မှု ဖြင့် ဖောက်ခွဲ ဖျက်ဆီးရန် စီစဉ်ထားသည့် ဗုံးမှာ ရဲ မော်တောကား များ ရောက်ရှိလာ
စဉ် ဆက်သွယ်မှု ဧရိယာ ပြတ်တောက်သွားသောကြောင့် ဘီယာ ဘူးခွံ အတွင်း ဉ် မပေါက်ကွဲ ပဲ ကျန်ရှိသည်
ဟု ပြောကြားသွားသည်။
မြန်မာ နိုင်ငံရေး မငြိမ်မသက် ဖြစ်အောင် ထိုင်း နိုင်ငံတွင် အခြေစိုက်သည့် အဖွဲ့ များ ကလှုပ်ရှားဆောင်ရွက်နေကြောင်း
၎င်းတို့ ၏ သတင်းစုံစမ်း ချက်များ မှ သိရသည် ဟု ဆိုသည်။
မြန်မာ နိုင်ငံတွင် စစ်အာဏာရှင် စနစ် အသက် ၀င်ချိန်မှ စ၍ ဗုံးပေါက်ကွဲမှု နှင့် ပြည်တွင်း လူထု လှုပ်ရှားမှုများ ဖြစ်ပေါ်တိုင်း
ပြည်ပ နိုင်ငံအခြေစိုက် အဖွဲ့ အစည်း များ ၏ လက်ချက် ဟု စွပ်ဆွဲလေ့ရှိသည်။
ရဲချုပ် ခင်ရီ ပြောဆို ချက် နှင့် ပတ်သက်ပြီး ရန်ကုန် မြို့ ခံများ က အပြည့် အ၀ ယုံကြည်မှု မရှိဟု သိရသည်။

ဟုတ်လဲဟုတ်ပဲနဲ့ ၊ ဘယ်သူမှလဲမိဘူး ၊ လျောက်ပြောနေတာ ခွေးခင်ရီရဲ့ဗျူဟာတခုနေမှာ ၊ ဘယ်သူကံဆိုးပြီးတရားခံ လုပ်ခံရပြီလဲပဲ
တကယ်က တယောက်မှမမိပါဘူးကွာ ၊ ဒီမအေလိုးတွေ လာဒ်စားဘို့ပဲသိတဲ့ကောင်တွေအရည်အချင်းနဲ့များ ဘယ်လိုမိနိုင်မှာလဲ ဖွတ်……… မင်းတို့စစ်ခွေးတွေ ၊ ရဲတွေ ၊ ကြံ့ဖွတ်တွေကြားသက်သက် ထပ်လုပ်ပြဦးမယ် ကြည့်ထား