ရွေးကောက်ပွဲ ၀င်မည့် ဒီမိုကရတ်တစ် ပါတီ ဒုဥက္ကဌ ဦးရဲထွန်း ကွယ်လွန်

ဥက္ကဌ အဖြစ် ဦးသုဝေ ဆောင် ရွက်နေ သည့် ဒီမိုကရတ် ပါတီ တွင် ဒုဥက္ကဌ အဖြစ်ဆောင်ရွက်နေသူ
ဦးရဲထွန်း သည် မေလ ၇ ရက်နေ့ က  အသက် ၇၄ နှစ် အရွယ်တွင် ပန်ဆီ တိုပီနီယား ခေါ် သွေးဖြူဥ
နည်း သည့် ရောဂါ ကြောင့် ကွယ်လွန် သွားပြီ ဖြစ်သည်။

ဦးရဲထွန်း သည် ဖဆပလ ခောတ် တရားရေး ၀န်ကြီး ဟောင်း ဦးချန် ထွန်း ၏ သားဖြစ်ပြီး
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော် ပုံ တွင် တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့ပြီး ထိုအရေး
တော်ပုံဖြစ်မြောက်ရေး အတွက် လိုအပ်သည့် ပံ့ပိုးမှု များပြုလုပ်ခဲ့သည်။

ထို့ အတွက်ကြောင့် ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရပြီး စစ်ထောက်လှမ်းရေးမှထုတ်ဝေသည့်
စာအုပ် အစိမ်းတွင် ဖော်ပြခံခဲ့ရသည်။

စစ်အာဏာရှင် စနစ် အုပ်ချုပ်သည့် နှစ်နှစ် ဆယ် ကျော် ကာ လတွင် သူ သည် နိုင်ငံရေး အကျဉ်း
သားများ နှင့် နိုင်ငံရေး သမားများ ကို ကူညီ သူ တစ်ယောက် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်က စင်္ကာပူ နှင့် ဘန်ကောက်ရှိ ဆေးရုံ အချို့ တွင် တက်ရောက် ဆေးကုသခံခဲ့ရသည်။