ကတ်ကမ်းဘဲလ် မြန်မာ နိုင်ငံသို့ ရောက်ရှိ

အာရှ နှင့် ပိစိဖိတ် ရေး ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး သည် သူ၏ အရှေ့တောင်
အာရှ ခရီးစဉ် အတွင်း ခရီး တစ်ထောက် အဖြစ် ယနေ့ မြန်မာစံတော်ချိန် နေ့ လည် ၁၂ နာရီ အချိန် တွင်
နေပြည်တော် သို့ ဆိုက်ရောက်သည် ဟု သတင်းရရှိသည်။
မြန်မာ နိုင်ငံ သို့  ယနေ့  စတင်သည့် သူ၏ ခရီးစဉ် သည် ခြောက်လအတွင်း ဒုတိယ အကြိမ်ဖြစ်သည်။
လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး သည် သူ၏  ခရီးစဉ်တွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်
အောင်ဆန်းစုကြည် အပါအ၀င် စစ်ခေါင်းဆောင်များ ၊အတိုက်အခံခေါင်းဆောင်များ၊ရွေးကောက်ပွဲ
ဝင်မည့် သူ အချို့ နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ကို တွေ့ ဆုံမည် ဖြစ်သည်။

ကတ်ကမ်းဘဲ ၏ ခရီးစဉ် နှင့် ပတ်သက်ပြီး NLD ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက
သူခရီးစဉ် ကို ကျွန်တော် ကြိုဆိုပါတယ် ။ဒါပေမယ့် သူ့ ခရီး စဉ်ကနေ ဘာတွေ အောင်မြင်မှု ရမယ်
လို့ သူ မျှော်ထားသလဲ ဆိုတာ ကျွန်တော် တော့ လုံးလုံး နားမလည် နိုင်သေးဘူး ဟု ပြောသည်။

မြန်မာ နိုင်ငံသို့ မထွက် ခွာမှီ ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲဉ် သူက မြန်မာ
နိုင်ငံ၏ ရွေးကောက်ပွဲ နှင့် နိုင်ငံရေး ဖြစ်ပေါ် တိုးတက် ပြောင်းလဲ မှု များသည် အလွန် စိုးရိမ်စရာ
ကောင်းသည် ဟု ဆိုသည်။