အောင်ပန်
တစ်ကမ္ဘာလုံးမှာ မြန်မာဆိုတာကြားလိုက်မိရင် ပထဆုံး သူတို့ရဲ့မှတ်ဥာဏ်တွေထဲ အဦးဆုံးပေါ်လာတာက မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး ရွှေတိဂုံဘုရားရုပ်ပုံလွှာ၊ငြိမ်းချမ်းရေးပိသုကာ ဦးသန့်၊မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ပြီးတော့ ဗိုလ်ချုပ်သမီးနှစ်ပေါင်းရှည်ကြာစွာ နေအိမ်မှာအကျဉ်းကျခံနေရတဲ့ နိုဘယ်လ်ဆုရှင်အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်၊ လူသားဆန်မှုမရှိလှတဲ့ စစ်အာရှင်ခေါင်းဆောင်……. အကျဉ်းထောင်တွေထဲက ယုံကြည်ချက်အတွက် နှစ်ရှည်အကျဉ်းကျခံနေရတဲ့အကျဉ်းသားတွေ၊ အနိုင်ရပါတီကို အာဏာလွဲမပေးဘဲ စစ်တပ်က အာဏာဆက်လက်ဆုပ်ကိုင်ထားတဲ့ အကြောင်းတွေကို ကိုယ်ပိုင်သုံး ကွန်ပြူတာတခုတည်းကနေ ရှာကြည့်လိုက်ရင် အထက်ပါ အကြောင်းအရာတွေ တခုခုပြီး တခုကျလာလိမ့်မယ်။
ဘယ်web ကနေ ၀င်ကြည့်ကြည့် တူညီတာတွေကတော့ အားလုံးဟာ ရှေ့နောက်စဉ်ဆက် မှားချင်မှားမယ်၊ ဒါပေမယ့် အားလုံးသော Web တွေကအချက်အလက်ထုတ်ပေး မှာကတော့ ဒီအကြောင်းတွေကိုဖြေပေးမှာ လုံးဝအသေအချာပါ။ နိုင်ငံတကာခရီးသွားတွေသုံးတဲ့ Lonely palenet လမ်းညွှန် စာအုပ်တွေမှာလည်း အထက်ပါအကြောင်းတွေ ရေးထားပါတယ်။
အဲဒီထဲက အလွှာစုံမှ ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ အထင်ကရလို့ သတ်မှတ်ရမဲ့ တနိုင်ငံလုံးရဲ့ အမျိုးသား ပြယုတ်သမိုင်းတွေ၊ ဗုဒ္ဒဘာသာတွေရဲ့ အထွတ်အမြတ်ဖြစ်ရာ ရွှေတိဂုံ ရဲ့ အကြောင်းအရာတွေကို ပြောပြချင်တယ်။ အားလုံးသိဖို့တင်ပြချင်တယ်။ အဲဒီ အတွက်…………………..
လေးဆူဓါတ်ပုံရွှေတိဂုံ လို့ မြန်မာနိုင်ငံသားဗုဒ္ဒဘာသာတွေရဲ့ ဦးထိပ်တင်စရာတခုဘဲဆိုတာ ငြင်းသူမရှိပါ။
နိုင်ငံတကာက ခရီးသွားတွေအားလုံးဟာ မြန်မာနိုင်ငံကိုလာလည်စဉ်ကာလ၊ မလာခင်ကာလတွေအတွင်းမှာ
ရွှေတိဂုံရဲ့ ခမ်းနားမှုတွေ၊ သမိုင်းဆိုင်ရာချက်အလက်အထောက်အထားတွေ၊ ကိုးကွယ်မှုဆိုင်ရာတွေကို ကြိုတင် ပြီးလေ့လာခဲ့ကြတယ်။ မဟုတ်ရင်တောင်မှ လေ့လာခဲ့ဘူး၊ရောက်ခဲ့ဘူးသူတွေရဲ့ ပြောစကား၊ ဆောင်းပါးလေးတွေတော့ဖတ်ခဲ့ဘူးသူတွေက ၈၀ရာခိုင်နှုန်းပါတာအသေအချာပါလို့ပြောရဲပါတယ်။။။။။။။။။။။။
နိုင်ငံတကာခရီးသွားဆိုရာမှာ အဓိပ္ပွါယ်ကို ပေါ့ပေါ့ပါးပါးနဲ့ အားလုံးခြုံပြီး အဓိပ္ပါယ်ဖွင့်ပါရစေ။
ဟိုး အောက်ခြေ စားပွဲထိုးတပါးနိုင်ငံသားကနေ………….သမ္မတ၊ ၀န်ကြီးချုပ်,,,,,,,, ကော်ပိုရေးရှင်းတခု (သို့ ) နိုင်ငံတကာ ကော်ပိုရေးရဲ့ C. E. O တွေရောအားလုံးဟာ မိမိနိုင်ငံကနေ အခြားနိုင်ငံဆီကို မည်သည့်
အကြောင်းကြောင်းကြောင့်သွားရောက်ခဲ့ရင် နိုင်ငံတကာခရီးသွားတွေဘဲလို့ဆိုချင်ပါတယ်။
ဒီမှာတော့ခေါင်းစဉ်အမျိုးတပ်ကြတယ်။ အစိုးရဧည့်ဂေဟာမှာတည်းတဲ့ နိုင်ငံတော်ဧည့်သည်၊ ကြယ်ငါးပွင့်
ဟိုတယ်မှာတည်းတဲ့ ဧည်သည်၊ Guest house လေးတွေမှာတည်းတဲ့ဧည့်သည် အစရှိသဖြင့်ပေါ့။မည်သူမဆို မြန်မှာနိုင်ငံကို အကြောင်းကြောင်းကြောင့် လာခဲ့တဲ့အခါ ရွှေတိဂုံစေတီကိုတော့ မြန်မာပြည် ရောက်တဲ့အခါ တခါတော့တက်ရောက်လေ့လာခဲ့ကြတယ်။ မရောက်ခဲ့သူမရှိဘူးလို့ ယုံယုံကြည်ကြည်ပြောပါရစေ။
မြန်ပြည်ကို လာလည်ကြတဲ့ နိုင်ငံရပ်ခြားခရီးသွားတွေ အားလုံးရဲ့ရင်ထဲကိုရောက်သွားစေတာကတော့ရွှေတိဂုံ က ပထမ,,,,,,,,,,, နောက်ပြီးတော့…ပုဂံ၊ မန္တလေး၊ အင်းလေး အဓိကနဲ့ တခြားစိတ်ဝင်စားဖို့ကောင်းပြီး သွားခွင့်ရတဲ့နေရတွေကို ခရီးသွားကုမ္မဏီတွေကတဆင့် ခရီးစဉ်တွေဝယ်ပြီး လာလည်ကြသလို၊ မိမိအစီအစဉ် နဲ့လာလည်ကြတဲ့ ခရီးသွားတွေလည်းရှိပါတယ်။
ရွှေတိဂုံဘုရားမှာဧည့်လမ်းညွှန်ဘ၀နဲ့ကြုံခဲ့ရတာလေးတွေပြောပြခြင်ပါတယ်။
ရွှေတိဂုံ…………..သမိုင်းကြောင်းပြောရရင် ဂေါတမ္မမြတ်ဗုဒ္ဒ စတင်တင်ဘုရားဖြစ်တဲ့အချိန်ကစပြီးပြောရမှာပါ။ ဘဒ္ဒကမ္ဘာ မှာ ပွင့်ခဲ့ပြီးသော ဘုရားရှင် လေးပါးရဲ့ ရေစစ်တော်၊ တောင်ဝှေးတော်၊ သင်္ကံန်းတော်၊ ဆံတော် စတဲ့လေးပါးတော်ကို ဌာပနာထားပြီး တည်ထားခဲ့တဲ့ စေတီတော်လို့ ဗုဒ္ဒဘာသာဝင်တွေယုံကြည်လက္ခံထားတဲ့ အဦးအမြတ် အတုမရှိစေတီတော်တပါးအပြင်……………..ရွှေတိဂုံရဲ့ အနုစိပ်လက်ရာတွေဟာ ခရီးသွားဧည့်လမ်းညွှန်တွေအတွက် ပုဂံရှေးဟောင်းအမွေအနှစ်တွေရဲ့ဒေသက လွဲရင် ကြွားစရာ အကောင်းဆုံးတခုပါ။
ဘာတွေကြွားကြမလည်းဆိုရင်…..အနုစိပ် လက်မှုပညာ၊ ကိုးကွယ်မှုဆိုင်ရာဓလေ့ထုံးဆံ များစွာတွေအပြင် တပါးသူကျွန်ပြု အင်္ဂံလိပ် ကိုလိုနီစနစ်ကို စတင်တော်လှန်သပိတ်မှောက်တဲ့ ကျောင်သားတွေရဲ့အောင်မြေက အစပေါ့…………….ရွှေတိဂုံ ဟာအောင်မြေ… ဗုဒ္ဒဘာသာဝင်တွေအတွက် လွတ်မြောက်ရာစခန်း…..
အားလုံး….အားလုံးရှင်းပြခဲ့ဘူးတယ်။ ရှင်းလည်းပြခဲ့ကြတယ်။ ဧည့်လမ်းညွှန်တယောက်အဖြစ်ရပ်တည်ဖို့ ရွှေတိဂုံ ရဲ့ တင်ပြပုံဟာ နိုင်ငံရပ်ခြားခရီးသွားတွေအတွက် မိမိတို့ ဧည့်လမ်းညွှန်ဟာ မိမိတို့ မြန်မာပြည်ခရီးစဉ် အတွက် သင့်တော်သော ဧည့်လမ်းညွှန်ဟုတ်မဟုတ် အရည်အချင်းစစ်စာမေးပွဲတခုဆိုတာ အသေအချာပါ။
ဘာလို့လည်းဆိုတော့ နိုင်ငံခြားဧည့်သည်တွေဟာ ရန်ကုန်နိုင်ငံတကာလေဆိပ်တပေါက်ထဲကနေဘဲ ၀င်ခွင့်ရ
တဲ့အတွက် သူတို့လေယာဉ်ပေါ်ကတည်းမြင်ခဲ့ရတဲ့ရွှေရောင်တ၀င်းဝင်းစေတီတော်ဆီသို့လေဆိပ်က ထွက်ကတည်းက သွားချင်ကြသလို ဧည့်လမ်းညွှန်တွေအဖို့လည်း ရန်ကုန်ခရီးစဉ်ရဲ့ ပထမနေ့မှာဘဲ ဧည့်သည်ကိုလိုက်ပို့ကြပါတယ်။
ဆရာ၊ဆရာမ၊မိတ်ဆွေဧည့်လမ်းညွှန်တွေ တင်ပြပုံအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားခရီးသွားတွေကို ရွှေတိဂုံရဲ့ သမိုင်း၊
လှုပ်ရှားနေတဲ့ယနေ့ရွှေတိဂုံဖြစ်စဉ်တွေကိုရွှေတိဂုံရင်ပြင်တော်မှာဘဲဘေးဘယ်ညာကိုလေ့လာပြီးမှ မိမိတို့ဧည့်သည်တွေကို ရှင်းပြပြောဆိုကြရပါတယ်။ ဘာလို့လည်းဆိုတော့ စစ်/ ရဲ ထောက်လှမ်းရေးတွေက အမြဲတစေ ရှိနေတတ်လို့ပါ။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆုတောင်းပွဲဟာ အင်္ဂါံ အပတ်စဉ်မှာ သူမကိုချစ်တဲ့သူတွေက ဆုတောင်းပွဲကျင်းပကြတယ်။ အင်္ဂါံနေ့ အင်္ဂါံဒေါင့်မှာတော့ ဘုရားလုံခြုံရေး၊ ထောက်လှမ်းရေး များစွာစောင့်ကျပ်နေတဲ့အပြင် အင်္ဂါံထောင့် တနေရာထဲကို ထိုင်ပြီးဘုရားဝတ်ပြု မဆုတောင်းနိုင်အောင် သန့်ရှင်းရေးဝန်ထမ်းတွေက ရေလောင်းပြီးသန့်ရှင်းလုပ်နေကြသလို လော်စပီကာ (၂ )လုံး အင်္ဂါံ ထောင့်ကို ဆိုင်ထားပြီး မန္တလေးသိန်းဇော်ရဲ့ ဓမ္မ သီချင်းကို အကျယ်ဆုံးဖွင့်ထားတာဟာ နိုင်ငံခြားသား ဧည့်သည်အဖို့ သူတို့ရဲ့ ဧည့်လမ်းညွှန်ကို မေးရမယ့်မေးခွန်းတခုဖြစ်ပါတယ်။ မေးလာတဲ့အခါ အခြေအနေကြည့်ပြီး ဖြေရသလို ငါတို့ရဲ့ကား ပေါ်ရောက်မှ ဒီမေးခွန်းကို ဖြေပါစေလို့ ပြောဆိုရတဲ့အခါတွေ လည်းရှိပါတယ်။
တချို့တချို့သောဧည့်လမ်းညွှန်တွေမှာတော့မသိတာလား…..ဖုန်းကွယ်တာလား……နိုင်ငံရပ်ခြားခရီးသည်တွေရဲ့မေးခွန်းတွေ……….စူးစမ်းမှုတွေကို မဖြေရဲလို့ ရေငုံနှုတ်ပိတ်နေသူတွေရှိနေပါတယ်။
အမြဲတမ်း မေးကြတဲ့မေးခွန်းတွေကတော့ ဒီဘုရားကြီးကိုနေ့စဉ်လှုတဲ့ အလှုငွေတွေ၊ ရွှေတွေ၊ ကျောက်သံပတ္တမြားတွေ အဲဒါတွေကို ဘယ်သူတွေကစီမံခံခွဲ သလည်း၊ နောက်ပြီး နိုင်ငံရပ်ခြားခရီးသွားတွေ ရွှေတိဂုံစေတီတော်ပေါ် တက်ရောက်လေ့လာခြင်ရင် တယောက်ကို USD 5 dollar (သို့ ) FEC 5 fec ပေးရတဲ့ ဧည့်ဝင်ကြေးတွေကို ဘယ်လိုစီမံတယ်ဆိုတာကို မေးကြစမြဲပါ။ ရာခိုင်နှုန်းအားဖြင့် ၉၅ ရာခိုင်နှုန်းကျော်ပေါ့။ ဘယ်လိုဖြေကြမလည်း???????(မဟာဗန္ဒုလ လမ်းမှာရှိတဲ့ FTB ဘဏ်ရဲ့ ငွေစာရင်းမှာတော့ ရွှေတိဂုံ ဘုရားရဲ့ ငွေစာရင်းကထိပ်ဆုံးကပါ။ )
ရွှေတိဂုံဘုရားရဲ့ ငွေစားရင်းထဲမှာ ယူရို၊ ဒေါ်လာ၊ ပေါင်စတာလင်၊ယန်း၊ယွမ်၊ ဘတ် အစရှိတဲ့နိုင်ငံတကာ ငွေကြေးတွေအမြောက်အမြားရှိနေပါတယ်။ သန်းနဲ့ချီပြီးတော့ကို ပိုင်ဆိုင်တာပါ။ ဒီဘာသာရေးဆိုင်ရာငွေကြေးထဲကနေ စစ်အုပ်စုရဲ့ အဓိက အာဏာမြဲဖို့ စစ်လက်ပစ္စည်းတွေဝယ်ခဲ့တာတွေ၊ စစ်တိုက်လေယာဉ် (ရုရှား ) ခဲ့ရာမှာ ရွှေတိဂုံဘုရားရဲ့နိုင်ငံခြားငွေတွေယူသုံးခဲ့တာတွေ ပြောပြရှင်းပြခဲ့ရင် နိုင်ငံခြားဧည့်သည်တွေဟာ ပါးစပ်အဟောင်းသားဖြစ်သွားကြတယ်။ ဒီအပြင် ရွှေတိဂုံစေတီတော်ကို မြန်ပြည်
ရွှေတိဂုံစေတီကိုလှူထားတဲ့ေ၇ွှပြားတွေအဟောင်းအသစ်လဲတဲ့အခါမှာရွှေပြားတွေတင်ဒါသွင်းမဲ့ ကန်ထရိုက်တွေနဲ့ပေါင်းပြီး အရည်သွေးမပြည့်မှီတဲ့ ရွှေပြားတွေနဲ့အစားထိုးတာတွေ ပြောပြမယ်ဆိုအများကြီးပါ။ ရွှေတိဂုံဘုရားပေါ်မှာ ဂေါပကအဖွဲ့ဝင် အပါအ၀င်၊ ရုံးအဖွဲ့ဝန်ထမ်း၊ သန့်ရှင်းရေးဝန်ထမ်း၊ လုံခြုံရေးဝန်ထမ်း၊ မီးသတ်ဝန်ထမ်း ၁၃၀၀ကျော် ရှိပါတယ်။ အဲဒီထဲက ၉၀ရာခိုင်နှုန်းဟာ စစ်တပ်အငြိမ်းစား၊ စစ်တပ်၊ရဲ မိသားစုဝင်တွေကို ဘဲဦးစားပေးရွေးချယ်ခန့်ထားတာပါ။ အဲဒီဝန်ထမ်းတွေထဲကဂေါပကအဖွဲ့ဝင်တွေ အကြောင်းကိုအရင် ပြောပြချင်ပါတယ်။
ဟိုးအရင်အင်္ဂံလိပ်ခေတ်ကတည်းကနေ ၁၉၈၀ ကာလလောက်ထိ ဂေါပကအဖွဲ့ဝင်တွေကို ပြည်သူတွေထဲကနေ ရွေးချယ်တင်မြောက်ခဲ့ကြတာပါ။ ဘယ်လိုရွေးချယ်သလည်းဆိုရင် စက်ပိုင်ကုန်သည်ပွဲစားတွေထဲက သမာသမတ်ကျပြီးနာမည်ကောင်းလှတဲ့လူကြီးတွေကိုရွေးချယ်ခဲ့ကြတာပါ။ လုံးဝကိုနာမည်ပျက်မရှိတဲ့တရားသူကြီးဟောင်းတွေ၊ဌာနဆိုင်ရာအရာရှိတချို့လည်းပါပါတယ်။ သူတို့တတွေဟာ
သူတို့ရဲ့နောက်ဆုံးချိန်မှာဘုရားရိပ်မှာနောင်ဘ၀အတွက် သူတို့ရဲ့လုပ်အားကိုလှူကြတာဖြစ်တဲ့အတွက် ဘုရားကို လာရင်အိမ်ကနေသောက်ရေ၊ထမင်းချိုင့်ကအစယူပြီးဘုရားရဲ့စီမံခန့်ခွဲမှုကိုလုပ်ဆောင်ခဲ့ကြသူတွေလို့ ကြားသိခဲ့ရဘူးပါတယ်။
၁၉၉၀ကျော်လာတော့ ရွှေတိဂုံစေတီရဲ့ ဂေါပကအဖွဲ့ဝင်တွေဟာ စစ်တပ်ကနေတိုက်ရိုက်ခန့်အပ်လိုက် တဲ့ စစ်အရာရှိဆိုးဗိုလ်မှုးတွေဘဲဖြစ်လာပါတော့တယ်။ အဲဒီအချိန်ကစပြီး ဂေါပကအဖွဲ့ဝင်တယောက်ဟာ တလကို
ခရီးစ၇ိတ်အဖြစ်ဓါတ်ဆီတပေပါ၊ဘုရားပေါ်မှာရုံးတက်ရက်အတွင်းနေ့လည်စာကိုကြိုက်တဲ့စားသောက်ဆိုင်က မှာယူစားသောက်နိုင်ခွင့်စတဲ့အခွင့်သေးလေးတွေအပြင်၊စောင်းတန်းလေးသွယ်မှာရှိတဲံ့ ဘုရားဆင်းတုတော် အရောင်းဆိုင်၊ ပန်းဆိုင်၊ ဘိနပ်အပ်လုပ်ငန်း၊ ကားရပ်နားလုပ်ပိုင်ခွင့်၊ အိမ်သာလုပ်ပိုင်ခွင့် တွေကို နှစ်စဉ်လေလံစနစ်နဲ့ အငှားချပေးတော့ ဂေါပကတွေရဲ့ဝင်ငွေဟာကြောက်ခမန်းလိလိကိုတိုးလာပါတယ်။
ဂေါပကဖြစ်ခါစမှာ လေးဘီးကားအစုတ်ကလေး၊ဖယ်မလီယာကားစုတ်လေးနဲ့ရုံးတက်ကြပြီး တနှစ်အတွင်းမှာဘဲ
ဇိမ်ခံကားကောင်းကောင်းတွေ ၀ယ်စီးလာနိုင်ကြတယ်။ ရွှေတိဂုံဘုရားဘက်စုံပြုပြင်မွန်းမံရေးဆိုတဲ့ ခေါင်းစဉ်
အောက်ကနေ သား၊သမီး၊တူ၊တူမတွေလည်း ကန်ထရိုက်တာလုပ်ငန်းရှင်ကြီးတွေဖြစ်လာပါတော့တယ်။
မလိုအပ်ပါဘဲနဲ့ စောင်းတန်းဆေးသုတ်၊ ရင်ပြင်တော်ပေါ်က နေပူခံကျောက်ပြားတွေကို ကြွေပြားတွေနဲ့လဲ
သုတ်ဆေးကန်ထရိုက်၊ ၀ါးကန်ထရိုက်၊ သစ်ကန်ထ၇ိုက် မျိုးစုံကို ဂေါပကအဖွဲ့ဝင်တွေခွဲဝေ ယူကြပါတယ်။
အဲဒီဂေါပက၀င်တွေထဲက ဗိုလ်မှုးဖေသန်းလေးဆိုသူ တယောက်အကြောင်းပြောပြချင်ပါတယ်။ သူဟာစစ်တပ်ထဲမှာအတော်ကိုနာမည်ပျက်ရှိခဲ့သူတယောက်ပါ။ ရဲဘော်တွေရဲ့ရာရှင်ကိုအပြည့်အ၀မပေးဘဲအပြင်မှာရောင်းစားရဲဘော်တွေအပေါ်မှာလည်း ရိုက်နှက်ကန်ကြောက် အမြဲလုပ်ခဲ့သူပါ။ ရွှေတိဂုံဘုရားကို အငြိမ်းစားယူပြီးဂေါပကအဖြစ် ရောက်လာတော့လည်း ဘုရားပေါ်မှာ ဟိုဝန်ထမ်းဆဲ၊ ဒီဝန်ထမ်းဆဲနဲ့ အတော်ကိုမိုက်ရိုင်းလွန်းသူတယောက်ပါ။ သူက ဘုရားကိုရုံးလာတက်ရင် သူကားနဲ့ ရွှေတိဂုံတောင်ဘက်မုဒ်ကတက်တယ်။ သူကားလာရင် ရှေ့မှာဘာကားမှ ရပ်
နေပိတ်နေတာမမြင်ချင်သူပါ။ ဘုရားဖူးလာတဲံ့ကားတွေဟာ တောင်ဘက်မုဒ်ဓါတ်လှေကားရင်းမှ ရပ်ပြီးလူချပြီးမှ ကားရပ်နားစခန်းမှာသွားရပ်ပါတယ်။သူလာတဲ့အချိန်နဲ့လူချနေတာကြုံသွားခဲ့ရင်ကားမောင်းသူတွေကိုအမြဲတမ်းဆဲဆိုပါတယ်။ စစ်အရာရှိကားများတော့မဆဲပါဘူး။အများဆုံး ပြသနာဖြစ်ရတာက ခရီးသွားလုပ်ငန်းလုပ်ကိုင်နေ
တဲ့ကားမောင်းသူတွေနဲ့ပါ။ နိုင်ငံခြားသားအများစု ဟာ ရှုးဖိနပ်စီးထားကြတာမို့ ဖိနပ်ချွတ်နေတဲ့အတွက် အနည်း
ငယ်ကြာမြှင့်တတ်ပါတယ်။
၁၉၉၆ နောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားတွေ မလခေတ်ကထက် ပိုမိုလာရောက်လည်ပတ်လာတာ
နဲ့ ခရီးသွားဧည့်လမ်းညွှန် အရေအတွက်လည်းများပြားလာခဲ့ပါတယ်။ ခရီးသွားဧည့်လမ်းညွှန်တွေဟာ သူတို့ရဲ့
ဧည့်သည်တွေကို ဘုရားဂြိုလ်တိုင်၊ ဘုရားဝတ်ပြုနေပုံ၊ရေသပ်ပယ်နေပုံ၊ ဘုရားဆင်းတုတွေရဲ့ မုဒြာတွေကိုရှင်း
ပြနေချိန်မှာ မိမိနောက်ဘယ်သူဘဲရောက်နေပါစေ၊ လာနေပါစေ နေရာရွှေ့ပေးလို့မဖြစ်နိုင်ပါဘူး။ မိမိတို့ရှင်းပြနေ
တဲ့အကြောင်းအရာကိုဧည့်သည်တွေမြင်သာအောင်၊မိမိတို့ရဲ့အလုပ်ထဲမှာဘဲစိတ်နှစ်ပြီးရှင်းပြရပါတယ်။ ဂေါပကဗိုလ်မှုးဖေသန်းလေးဟာခရီးသွားဧည့်လမ်းညွှန်တယောက်ကသူလာတာလမ်းဖယ်မပေးလို့ဆိုကြိမ်း
မောင်းဆဲဆိုလို့ခရီးသွားဧည့်လမ်းညွှန်နဲ့စကားများခဲ့ပါတယ်။အဲဒီကတည်းကသူဟာဝန်ထမ်း၁၀၀၀ကျော်ရဲ့ပြန်
ပြောဆိုခြင်းမခံခဲ့ရဘူးတဲ့အပြင်သူရဲ့လုံခြုံရေးတွေရဲ့မှာအပြောခံရလို့ခရီးသွားဧည့်လမ်းညွှန်တွေအပေါ် အခဲမကြေအညှိုးထားခဲ့တယ်။
အခွင့်သင့်တဲ့အချိန်မှာ ဧည့်လမ်းညွှန်တွေကို ဒုက္ခပေးခဲ့တယ်။ ဘယ်လိုဒုက္ခပေးသလည်းဆိုတော့..
ရွှေတိဂုံဘုရားကို ဧည့်သည်တွေလိုက်ပို့ရင် မုဒ်လေးမုဒ်တိုင်း ဧည့်ဝင်ကြေးပေး၇တဲ့ကောင်တာတွေမှာ ဧည့်သည် တယောက် ၅ဒေါ်လာနှုန်းဆောင်ပြီးမှတက်ခွင့်ရပါတယ်။ ဧည့်သည်တွေရဲ့ ရင်ဘတ်မှာကပ်ဖို့ စတစ်ကာ အ၀ိုင်းတခုနဲ့ ရွှေတိဂုံပုံပါတဲ့ ဖြတ်ပိုင်းပြန်ရပါတယ်။ ဧည့်လမ်းညွှန်တွေဟာ ဧည့်သည်တိုင်းကို စတစ်ကာကပ်ပေးပြီး ဖြတ်ပိုင်းကိုတော့ မိမိသက်ဆိုင်ရာ ကုမ္မဏီကို ပြန်တင်ပြရမှာဖြစ်တဲ့အတွက် သိမ်းထားကြရပါတယ်။ နောက်ပြီး အဲဒီကောင်တာတွေရဲ့ ဘေးတဖက်တချက်မှာ ဧည့်သည်များ၊ ဧည့်လမ်းညွှန်များ လိုက်နာရန် စည်းကမ်းချက်များဆိုပြီး ကြော်ညာသင်ပုန်းကပ်ထားပါတယ်။ ဧည့်လမ်းညွှန်များ အမျိးသားဝတ်စုံ၊တိုင်းရင်းသားရိုးရာသတ်စုံ၊အနောက်တိုင်းဝတ်စုံအပြည့်အစုံဝတ်ဆင်ပြီှးမိမိတို့ရဲ့ ဧည့်လမ်းညွှန် လိုင်စင်ကိုချိတ်ဆွဲထားရမယ်လို့ရေးထားတယ်။
မြန်မာနိုင်ငံဧည့် လမ်းညွှန်တွေဟာ အမျိုးသားတွေဆိုရင် ပုဆိုး၊ စတစ်ကော်လာရှပ် ၀တ်ဆင်ပြီး ရာသီဥတုပူပြင်းလွန်းတဲ့အတွက်ကြောင့် တိုက်ပုံကိုလက်ကကိုင်ထားကြပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း မြန်အမျိုးသမီးဝတ်စုံတွေ ၀တ်ဆင်ပြီးမှာမိမိတို့ လုပ်ငန်းကို လုပ်ဆောင်ကြတာပါ။ နောက်ပြီး ဧည့်လမ်းညွှန်တွေဟာ မည်သည့်တာဝန်ရှိသူဖြစ်စေ စစ်ဆေးမေးမြန်း လာပါက ပြန်ပြီး ချက်ချလက်ကျ ပြောတတ်ကြလို့ နေရာအသီးသီးက ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ မျက်မုန်းကြိုးခြင်းခံကြရပါတယ်။
၂၀၀၄ ခုနှစ် မှာတော့ ဧည့်လမ်းညွှန်တယောက်ဟာ သူဧည့်သည်တွေနဲ့ ရွှေတိဂုံကုန်းတော်ပေါ် နေလည်၂နာရီ ၀န်းကျင်မှာ တက်ရောက်လည်ခဲ့ပါတယ်။ နေပူပြင်းလွန်းတာကြောင့် တိုက်ပုံကိုလက်က ကိုင်ထားခဲ့တယ်။ ဘုရားပေါ်မှာ ဂေါပက ဗိုလ်မှုးဖေသန်းလေးနဲ့တွေ့ပြီး တိုက်ပုံမ၀တ်တဲ့အတွက် သူတို့အမိန့်ကိုမနာခံတာလားဆို
ပြီးကြိမ်းမောင်းခဲ့တယ်။ အဲဒီဧည့်လမ်းညွှန်က နေပူပြင်းလွန်းတာကြောင့် တိုက်ပုံ မ၀တ်နိုင်ကြောင်းရှင်းပြတာကို
ဆဲဆိုတဲ့အတွက် စကားများခဲကြတယ်။ ဘုရားလုံခြုံရေးတွေကို လက်ထိပ်ခတ်ဖို့ အမိန့်ပေးပြီး ရဲစခန်းကိုပို့
လိုက်တယ်။ ရဲစခန်းလည်းရောက်ရော စခန်းမှုးက တိုက်ပုံမ၀တ်တဲ့အမှုကို ဘယ်လိုအရေးယူရမှန်းမသိတဲ့ အတွက် ပြန်လွတ်ပေးခဲ့ပေမယ့် နိုင်ငံခြားဧည့်သည်တွေရှေ့မှာတော့  တော်တော်ကို အကျည်းတန်တဲ့ဖြစ်ရပ် တခုပါ။
ဗိုလ်မှုးဖေသန်းလေးဟာ ရွှေတိဂုံပေါ်မှာ ဧည့်လမ်းညွှန်တွေတိုက်ပုံမ၀တ်လို့ပြသနာရှာတယ်။ တိုက်ပုံဝတ်ထား
ပြန်ရင်လည်းဧည့်သည်တွေရင်ဘတ်မှာဝင်ခွင့်ဆောင်ပြီးကြောင်းစတစ်ကာကပ်ထားမထားဧည့်သည် တယောက်ခြင်း ရဲ့ရင်ဘတ်ကို လိုက်ကြည့်ပါတယ်။ မြန်မာနိုင်ငံရဲ့အပူချိန်ကြောင့် ဧည့်သည်တွေဟာ
ချွေးထွက်ပြီးတချို့ဧည့်သည်ရဲ့ စတစ်ကာတံဆိပ်ဟာ ဘယ်နေရာမှာကျကျန်ခဲ့မှန်းမသိကြပါဘူး။ သူစစ်ဆေးတဲ့ အချိန်မှာစတစ်ကာတံဆိပ်ကွာကျတဲ့ ဧည့်သည်တွေ့ရင်..ဧည့်လမ်းညွှန်ဟာဝင်ကြေးမပေးဘဲနဲ့ ဧည့်သည်ကို ခိုးတက်တယ် ဆိုပြီးပြသနာရှာပါတော့တယ်။ ဧည့်လမ်းညွှန်တွေမှာ ဧည့်ဝင်ကြေးပေးပြီးကြောင်း စတစ်ကာနဲ့အတူကောင်တာကနေပေးလိုက်တဲ့ ဖြတ်ပိုင်းတွေပြပြီးရှင်းရပါတယ်။ ဧည့်လမ်းညွှန်တွေဟာ ရွှေတိဂုံ၊ပုဂံ၊အင်းလေးအစရှိတဲ့ဒေသတွေမှာဘုရားဝင်ကြေး၊မြို့ဝင်ကြေးဖြတ်တ်ပိုင်းတွေ…စားသောက်ဆိုင်
ဘောင်ချာတွေကိုအိတ်တွေထဲအသေအချာသိမ်းကြပါတယ်။မိမိတို့ခရီးစဉ်ပြီးရင်သက်ဆိုင်ရာ ခရီးသွားကုမ္မဏီတွေမှာပြန်တင်ပြရလို့ပါ။သူရဲ့နောက်ယှက်မှုကြောင့်ကျောပိုးအိတ်ထဲကဘောင်ချာတွေထည့်ဖို့ထားအိတ်အသေးထဲကပြန်ထုတ်ပြရနဲ့ အတော်ကိုအနှောင့်အယှက်ဖြစ်ကြရပါတယ်။
တရက်မှာ စာရေးသူဟာ နိုင်ငံခြားဧည့်သည်တဖွဲ့နဲ့ ရွှေတိဂုံ တောင်ဘက်မုဒ်ဓါတ်လှေကားးကနေ တက်ခဲ့ပြီး ဗုဒ္ဒဂါယာက ပင့်ဆောင်လာတဲ့ ဗောဓိပင်အကြောင်းရှင်းပြနေစဉ်မှာ ဗိုလ်မှုးဖေသန်းလေးနဲ့ ဘုရားလုံခြုံရေးအဖွဲ့
ဝင်တွေရောင်လာပြီး စာရေးသူရဲ့ဧည့်သည်တွေ မှာစတစ်ကာကပ်ထားမထားတယောက်ခြင်းကိုလိုက်ကြည့်ပါ
တယ်။ စာရေးသူရဲ့ ဧည့်သည်တွေရဲ့ မျက်နှာမှာ အလိုမကျမှုတွေ့လိုက်ရတော့…စာရေးသူက သူဟာဒီဘုရား
အမြင့်ဆုံးအဏာပိုင်အမြင့်ဆုံးဂေါပက၀င် ဗိုလ်မှုးဖေသန်းလေး ဖြစ်ကြောင်းပြောပြလိုက်တယ်။
ဆက်လက်ပြီး ဧည့်သည်တွေကို…
မင်းတို့အားလုံးကိုဘုရားဂေါပကတွေနဲ့ပါတ်သက်တဲ့ပုံပြင်လေးတပုဒ်ပြောပြချင်တယ်။နားထောင်မလား မေးလိုက်တော့ ဧည့်သည်အားလုံးကနားထောင်မယ်ပြောကြလို့ .
.ဂေါပက ဗိုလ်မှုးဖေသန်းလေးနဲ့ လုံခြုံရေးတွေရှေ့မှာဘဲ..
ငါတို့ဗုဒ္ဒဘာသာမှာ”ကောင်းတာလုပ်တဲ့သူနတ်ပြည်ရောက်တယ်။မကောင်းတာလုပ်တဲ့သူငရဲပြည်ရောက်တယ်။”ငရဲပြည်ဟာ ၈ ထပ်ရှိတယ်။ အောက်ဆုံးထပ် ကတော့ အဆိုးဆုံးသူတွေရောက်တယ်။
ဟိုတုန်းက ရွာတရွာမှာ ဘုန်ကြီး၊ ဆရာ၊ မိဘဘယ်လိုမှ သွင်သင်ဆုံးမလို့မရသူတယောက်ရှိတယ်။ သူကိုဆုံးမတဲ့သူတွေကို သူဟာ ငရဲပြည်အောက်ဆုံး ၈ထပ်ကို သွားမှာ…ဆိုပြီး လူဘ၀မှာနေစဉ်အတွင်း အရက်သောက်၊ ဒမြတိုက်၊ လုယက်၊ မုဒိန်းကျင့် စတဲ့ မကောင်းတာတွေအစုံလုပ်ပြီး သူသေတော့ ငရဲပြည် ၇ထပ်ကိုရောက်သွားခဲ့တယ်။
ဒါကို သူကမကျေနပ် ငရဲပြည်က ငရဲမင်းဆီအယူခံဝင်တယ်။ “ ငါကိုဘာလို့ (၈)ထပ်ကိုမပို့ဘဲ၊ (၇)ထပ် ကိုပို့ရ သလည်း” (၈)ထပ်မှာ သူထက်ဆိုးတဲ့သူမရှိနိုင်ဘူး ဆိုပြီးအယူခံဝင်တော့………..အဲဒီသူကို င၇ဲမင်းက မင်းထက်ဆိုးတဲ့သူတွေ ပြဖို့ (၈)ထပ်ကိုခဏ သွားကြည့်ပါဆိုပြီ့း်ခွင့်ပေးလိုက်တယ်။ ရောက်လည်းရောက် ရော သူရပ်ရွာကဘုရားဂေါပကတွေ့လိုက်ရတော့..သူကလိုက်ပို့ပေးတဲ့ငရဲသားကို ကျန်သူတွေကဘယ်သူတွေလည်း မေးတဲ့အခါ..ငရဲသားက ကျန်တဲ့သူတွေလည်းဂေါပကလူကြီးတွေကြီးဖြစ်တယ်ဆိုတာသိလိုက်ရမှ သူရဲ့ အယူခံလွှာကိုပြန်ရုတ်သိမ်းပြီး (၇)ထပ်ကို ပြန်ခဲ့တယ်။
အဲဒီပုံပြင်လေးလည်းပြီးရော ဧည့်သည်အားလုံးရဲ့မျက်နှာဟာ ပြုံးနေကြပြီး…..
ဂေါပကဗိုလ်မှုးဖေသန်းလေးက စာရေးသူပုခုံးကို လာပုတ်ပြီး “ သား အင်္ဂံလိပ်လိုရှင်းပြတာအရမ်းတော်တာဘဲ “ လို့ပြောပြီးစာရေးသူတို့အဖွဲ့နားကနေထွက်သွားပါတော့တယ်။
သူထွက်သွားပြီး ခပ်လှမ်းလှမ်းအရောက်မှာ ဧည်သည့်တယောက်က သူမင်းကိုဘာပြောသွားတာလည်း မေးလာလို့…..
သူက စာရေးသူကို ချီးမွမ်းတဲ့အကြောင်းလေးကိုပြောပြလိုက်ပါတယ်။ ။

ဘာများလဲလို့ ကြီးကြီးကျယ်ကျယ်ဗျာ.. ဧည့်လမ်းညွန်များနဲ့ စစ်အာဏာရှင်ဆိုတော့ လန့်သွားတာပဲဗျာ။ ရွှေတိဂုံမှာ တိုင်ပုံလေးဝတ်ရတာ မ၀တ်ချင်ဘူးဆိုလည်း စိတ်ဆင်းရဲခံပေါ့ဗျာ။ ဘယ်နိုင်ငံမှာမဆို ဘယ်ဒေသမှာမဆို စည်းမျဉ်းစည်းကမ်းစနစ်ဆိုတာတော့ ရှိရမယ်ဗျ။ ဒီမိုကရေစီရပြီးသွားခဲ့ရင်တောင်မှ ခင်ဗျားတို့ကို တိုက်ပုံဝတ်ပြီး ရွှေတိဂုံပေါ်တက်ခိုင်းမှာပဲ။ အဆင်ပြေအောင် တိုက်ပုံကိုသေချာ ပိတ်သား အဆင်ပြေပြေ နဲ့ချုပ်ဝတ်မယ်။ အတွင်းက ရှပ်အကျီကို ဘယ်လိုပုံစံနဲ့ဝတ်မယ် ဆိုတာလေး စိတ်ထဲ ထည့်ထားလိုက်ပါဗျာ။ အကျင့်ပျက်လာဘ်စားမတရားယူတာ မြန်မာပြည်မှမဟုတ်ဘူး မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တိုင်းမှာရှိတယ်။ entrance fee ၀င်ကြေးဆောင်ပြီးသား စတေကာ တွေကပ်ရတယ်ဆိုတာလည်း အမှန်တကယ်တမ်းဆိုရင် ဒါစည်းကမ်းပဲ။ မကပ်ချင်ဘူး။ လွှင့်ပစ်ချင်တယ်ဆိုရင် အစောကြီးကတည်းက ဒီနိုင်ငံကိုလာလည်စရာမလိုဘူး။ ရွှေတိဂုံသည် ခရီးသွားဧည့်သည်များတယ်။ ပြီးတော့ မြန်မာပြည်ဆိုတဲ့တိုင်းပြည်သည် အစစအရာရာ စနစ်ကျမှုဆိုတာမရှိဘူး။ သည်းခံကိုယ့်လူ……..။
ဧည့်လမ်းညွန်အလုပ်ဆိုတာ ၀န်ဆောင်မှုပေးတဲ့လုပ်ငန်းပဲ။ ဘာမှမဟုတ်ဘူး။ ခင်ဗျားတို့ ဂိုဒ်တွေကို သံတမန်တွေ ၊ သရုပ်ဆောင်တွေ ဘာကောင်တွေ ညာကောင်တွေ ဆိုပြီး စိတ်ဓါတ်ရေးရာ အဆင်ပြေအောင် သင်တန်းမှာသင်ကြားထားပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားတို့ဧ။် အလုပ်အကိုင်သည် အစေခံသာသာပါပဲ။ ဒေါ်လာရေစီးကြောင်းစီးဆင်းလာတဲ့အခါ စွတ်ပြီးတိုးဝင်ချင်သူတွေနဲ့ အကျင့်ပျက်နိုင်ခြေအများဆုံး လုပ်ငန်းပါ။
ဘုရားဂေါပက အကျင့်ပျက်တာပျက်ပါစေ။ ဘာမှမလုပ်နိုင်သရွေ့ထိုင်ကြည့်နေရမှာပဲ..။
ဘယ်နယ်ပယ်မှာမဆို များများသိလေလေ သူများကိုရှင်းပြဖို့ခက်လေလေပဲ..။ ခင်ဗျားရှင်းပြတဲ့ ငါတို့ဗုဒ္ဒဘာသာမှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာတွေ တကယ့်ဘာသာရေး sense ရှင်းပြမှုထက်။ ဘုရားဂေါပက ကိုပြောချင်တာပိုများပါလိမ့်မယ်။ အကျင့်ပျက်တဲ့ ဂေါပက တွေရဲ့ လုပ်ကိုင်တဲ့အကွက်တွေ စိတ်ကူးစိတ်သန်းတွေက ခင်ဗျားကိုအကျင့်ပျက်တဲ့ဘက်ကိုပိုပြီးဆွဲခေါ်သွားလိမ့်မယ်။ စိတ်ထဲဖယ်ထားလိုက်ပြီး ခင်ဗျားအလုပ်ခင်ဗျား တာဝန်ကျေအောင်လုပ်တာကောင်းမှာပါ။
ကိုကိုကြီး
rising.force32@gmail.com
It was really good and most of us need to know what going on in ShweDagon Pagoda. i really like it and pls let us know more about your experience about those arrogant stupid bustard.
Nice to read ur post.Take care yourself.
Dear beloved ko ko gyi
I am very proud of you. When I read it that you wrote, I like it so much.
Congratulation
Nyi Ma Lay
ွှThks for ur post.