မြန်မာနိုင်ငံ၏ သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံနှင့် မြန်မာလွတ်လပ်ရေး တိုက်ပွဲတွင် ဗမာ့ကာကွယ်ရေးတပ်
မတော် တို့ က အသုံးပြုခဲ့သည့် သမိုင်းဝင် ဒေါင်း အလံတို့ကို ထပ်တူနီးပါး ကူးယူသုံစွဲထားသည့် ပြည်ထောင်စု
မြန်မာ နိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ ချုပ် နှင့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာ နိုင်
ငံ) တို့ အား ပါတီ ၏ အလံ နှင့် တံဆိပ် အမှတ် အသား တို့ ကို လက်ရှိ အသုံးပြုရန် ရည်ရွယ်ထားသည့် တံဆိပ်
အမှတ် အသား တို့ မှ ပြောင်းလဲပစ်ရန် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် မှ ညွှန်ကြားစာ ထုတ်ပြန်လိုက်
သည် ဟု သတင်းရရှိသည်။
ရွေးကောက်ပွဲ ၀င်မည့် ထို အဖွဲ့ နှစ် ဖွဲ့ က ၎င်း တို့ ၏ အလံများ ကို သမိုင်း ၀င် အလံ များ နှင့် ဆင်တူယိုးမှား တုပ
ခြင်း နှင့် ပတ်သက်၍ နာမည်ကျော် အနုပညာရှင် များ ၊ စာရေးဆရာများ နှင့် ကျောင်းသား ပြည်သူများက ကန့် 
ကွက်လက်မှတ် ရေးထိုးခဲ့ကြသည်။
နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် သို့ တင်သည့် စာတွင် သခင်သိန်းမောင် ၊ ဒဂုန်တာရာ ၊ လူထုစိန်ဝင်း ၊
စသည့် စာပေ နှင့် နိုင်ငံရေး နယ်ပယ်မှ ထင်ရှား သူများ အပြင် အနုပညာ နယ်ပယ်မှ သရုပ်ဆောင် ကျော်သူ နှင့်
ဟစ်ဟောပ် အဆိုတော် ရန်ရန်ချမ်း ၊ကိုရဲလွင် နှင့် မင်းထင်ကိုကိုကြီး တို့ လည်း ပါဝင် လက်မှတ်ရေး ထိုးခဲ့ကြသည်။
လက်မှတ် ရေးထိုးသည့် လှုပ်ရှားမှု တွင် ပါဝင်ခဲ့သည့် စာရေး ဆရာ တစ်ဦးက “နေပြည်တော် (ရွေးကောက်ပွဲ ကော်
မရှင်) ကတော့ သူတို့ ဆီရောက်ပြီး ချက်ခြင်းပဲ အေးလွင် တို့ ကို သူတို့ ရဲ့ အလံ နဲ့ တံဆိပ်တွေ ပြောင်းဖို့  တရားဝင်
ဖက်(စ)ပို့ တယ် အေးလွင် တို့ ဆီမှ ဖက်(စ) မရှိတော့ ဖုန်း နဲ့ ပဲ တရားဝင် ပြောပြီး ပြောင်း ခိုင်းလိုက်တယ် လို့ 
ပြောတယ်။ နအဖ ဘက်ကလည်း ဘာဖြစ် လို့ ဒီလိုပြောင်း ခိုင်းလိုက်တာလဲ ဆိုရင် သူတို့  ဒီအလံ နဲ့ ပတ်သက်ပြီး
ပြည်သူက ဒီလို လုပ်တာ မကြိုက်ဘူး ဆိုတာ သိတယ်။ လူထု အုံကြွမှု တွေ ဖြစ်လာမှာ လဲ ကြောက်တယ် ထင်တယ်
ဒါကြောင့် သူ တို့ ခုလို မြန်မြန် ဆုံး ဖြတ်တာ ဟု Freedom News Group သို့ ပြောသည်။
အေးလွင် နှင့် ရဲထွန်း တို့ အဖွဲ့ ၏ သမိုင်းဝင် အလံများ ဆင်တူယိုးမှား လုပ်ကာ မှတ် ပုံတင်ခြင်း နှင့် ပတ်သက်၍
မေလ ၁ ရက်နေ့ ထုတ် စစ်အစိုးရ အာဘော် သတင်းစာများ တွင် ကန့် ကွက် နိုင်ကြောင်း ကြော်ငြာထည့် သွင်း
ဖော်ပြချိန်မှ စပြီး Freedom News Group တွင် သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင် သို့ ပေးပို့ သည့် ကန့် ကွက်သူများ လက်မှတ်ထိုးပေး ပို့ ထားသည့် စာရင်း
