U.S. Envoy Meets Burmese Democracy Icon

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှ နှင့် ပိစိဖိတ်
ရေးရာဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် သည် မြန်မာ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ယနေ့ နေ့ လည် တစ်နာရီ တွင် ရန်ကုန်
မြို့ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာဉ် တွေ့ ဆုံခဲ့ ဟု သတင်းရရှိသည်။

နေအိမ်တွင် အကျယ်ချုပ် ချထားသည့်  ဒေါ်အောင်ဆန်းစုကြည် အား ယနေ့  နေ့ လည်
၁၂ နာရီခွဲခန့် တွင် နေအိမ်သို့ မော်တော်ကား ဖြင့်လာကြို၍ စိမ်းလဲ့ကန် သာ ဧည့်ဂေဟာ
သို့ ပို့ ဆောင်ခဲ့ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် ကတ်ကမ်းဘဲလ် တို့ နှစ်ဦးသည် တစ်နာရီ ခန့် တွေ့ ဆုံဆွေးနွေး
ခဲ့သည် ဟု သတင်းရရှိသည်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသည် ယမန်နေ့ က နေပြည်တော် သို့ ရောက်ရှိစဉ်
စစ်အစိုးရအဖွဲ့ မှ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်း နှင့် သာ တွေ့ ဆုံခွင့်ရခဲ့သည်။
ယနေ့ ညနေ ခြောက်နာရီ တွင် ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးတွင် သတင်းထောက်များနှင့်
တွေ့ ဆုံမှု ပြုမည် ဖြစ်သည်။
