Updates :05 .25 .2010 လွှတ်တော် အမတ် ဂျင်ဝဘ်သည် သူ ၏ အာရှ ခရီးစဉ် အတွင်းဇွန် လဆန်းဉ် မြန်မာ နိုင်ငံသို့ လာရောက်မည် ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

05.11.2010၂၀၀၉ ခုနှစ် သြဂုတ် လက မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ ဆုံခဲ့သည့် အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ် ဒီမိုကရတ်တစ် အမတ် ဂျင်ဝဘ်သည်လာမည့် ဇွန်လ ထဲ တွင် မြန်မာ နိုင်ငံသို့ ထပ်မံ လာရောက် ဖွယ် ရှိ သည် ဟု ရန်ကုန် သံတမန် အသိုင်းအ၀ိုင်းတွင်သတင်း ဖြစ်ပေါ်နေသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ၏ နေအိမ် သို့ တိတ်တဆိတ် ၀င်ရောက်မှု ကြောင့် ထောင်ဒဏ်ကျခံနေရသည့်အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံ ယက်တော အား ပြီးခဲ့သည့် နှစ် သြဂုတ်လက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ ဆုံကာလာရောက် ကယ်ထုတ်ခဲ့နိုင်သူ ဖြစ် သည်။
တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်သည် မြန်မာ နိင်သို့ ဧပြီလ ၂၂ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ လာရောက်လည်ပတ်မည် ဟု သတင်း ထုတ် ပြန်ပြီးမှ နိုင်ငံတွင် လူအသေ အပျောက် များ သည့် ငလျှင် ကြောင့် ခရီးစဉ် ကို ရွှေ့ ဆိုင်းခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအား နိုင်ငံတကာ မှ ယုံကြည် မှု ရရန် လုပ်ဆောင် ရန် အတွက် စစ်ခေါင်းဆောင်များ အား တိုက်တွန်းမည့် သူ ဟု သံတမန် အသိုင်းအ၀ိုင်း က ယူဆကြသော် လည်း မြန်မာ့ ဒီမိုကရေစီ အင်အားစု များကမူ တရုတ် နိုင်ငံ၏ အကျိုးစီးပွား များ ဖြစ်သည့် ရေနံ ၊သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း နှင့် တရုတ် နိုင်ငံ၏ လုံခြုံရေးကိုပါခြိမ်းခြောက်နေ သည့် နယ်စပ် လက်နက်ကိုင်များ အရေး တို့ အတွက် သာ အဓိက လာရောက် ခြင်း
ဖြစ်သည် ဟု ဝေဖန်ကြသည်။
တရုတ် နိုင်ငံသည် စီးပွားရေး – နိုင်ငံရေး အင်အား ပိုမို တောင့် တင်း လာသော်လည်း မြန်မာ စစ် အစိုးရ အပေါ် သြဇာ
သက်ရောက်မှု ရှိ-မရှိ ဆိုသည် မှာ နယ်စပ် အရေး အခင်းများ တွင် မေးခွန်း ထုတ်လာ စရာ ဖြစ်သည် ဟု ပြည်တွင်း
ဒီမို ကရေစီ အင်အားစု များက သုံးသပ်သည်။
အထက်လွှတ်တော် အမတ် ဂျင်ဝဘ် သည် အ ထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့ အာရှ နှင့် ပစိဖိတ်ရေးရာ
ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ဂျင်ဝဘ် သည် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ၊သဘောထားကို ကွန်ဂရက် လွှတ်တော်က
အလုံးစုံ ပြန်လည် ဆန်းစစ်ရန် ကြိုးပမ်းမှုကို ခေါင်းဆောင်ခဲ့သူလည်း ဖြစ်သည်။
ဂျင်ဝဘ် ၏ မြန်မာ နိုင်ငံ နှင့် ထိတွေ့ ဆက်ဆံရေး မူ မှာ သမ္မတ အိုဘားမား အစိုးရ လက်ထက် တွင် ပြန်လည် ရေပန်းစား
လာခဲ့သည်။ယမန် နေ့ က မြန်မာ နိုင်ငံသို့ နှစ်ရက်ကြာလာရောက် ပတ်ပြီး ပြန်လည် ထွက်ခွာသည့် အမေရိကန် ဒုလက်ထောက်
နိုင်ငံခြားရေး ၀န်ကြီးက မြန်မာ စစ်အစိုးရ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ မှု များသည် စိတ်ပျက်စရာ ကောင်းသည် ဟု ပြောကြား
ခဲ့သည်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး က မြန်မာ စစ်အစိုးရ ဟာ အလွန် စိတ်ပျက် ဖို့ ကောင်းတယ် လို့ ပြောကြားခဲ့ပေမယ့် အမေရိကန်
နိုင်ငံခြားရေး ၀န်ကြီးဌာန ကတော့ “မြန်မာ စစ်အစိုးရ နဲ့  တွေ့ ဆုံ ညှို နှိုင်းမယ့် မူဝါဒ ကို လက်လျှော့ သွား မှာ မဟုတ်ဘူး ၊စစ်အစိုး
ရနဲ့ ထိတွေ့ ဆက်ဆံရေးက မပြီး ဆုံးသေး ဘူး “လို့ ပြောကြားခဲ့သည်။
အမေရိကန် အစိုးရ အဖွဲ့ ကတော့ မြန်မာ စစ်အစိုးရ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သဘောထားပြောင်းလဲလာအောင်
နဲ့  မြန်မာ စစ်ခေါင်းဆောင် တွေ ကိုယ်ထင်ရာစိုင်း မလုပ်ဖို့  ထပ်မံ ဖိအားပေး အုံးမည် ဟု သတင်းထုတ်ပြန်ခဲ့သည်။
၎င်းသည် ၂၀၀၉ ခုနှစ် သြဂုတ်လ က မြန်မာ နိုင်ငံ သို့ လာရောက် ချိန် ဉ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
နှင့် တွေ့ ဆုံခွင့် ရရှိခဲ့သည်။
တရုတ်ဝန်ကြီးချုပ် က မြန်မာ စစ်အစိုးရ အား မကြာခင် ပြုလုပ်မည့် ရွေးကောက်ပွဲ တွင် အတိုက်အခံ များ ပါဝင် နိုင်အောင် နားချနိုင်လိမ့်
မည် ဟု အရှေ့ တောင် အာရှ သံ တမန် တစ်ဦး က Freedom News Group သို့ ပြောသည်။
ကတ်ကမ်းဘဲလ်သည် ယနေ့ တွင် တရုတ်ပြည် ဘီဂျင်းသို့ ဆက်လက် ခရီးထွက် ခွာသည် ဟု သတင်းရရှိသည်။
