ရန်ကုန် အခေါက် ရွှေ ဈေးနှုန်း တစ်ကျပ်သား မှာ ယနေ့ နံနက် ရွှေ ဈေးကွက် ဖွင့်ချိန် တွင် တစ်
ကျပ်သား လျှင် ၆၃၀ , ၀၀၀ ကျပ်ထိ ဈေးပေါက်သည် ဟု သိရှိရသည်။ ရွှေဈေးမှာ ထပ်မံမြင့်တက်
ဖွယ်ရှိပြီး ယခု ဈေးနှုန်း မှာ တစ်ပတ် အတွင်း သုံးသောင်း ကျော် အထိ သိသိသာသာ မြင့်တက်
သွားခြင်း ဖြစ်သည်။
မြန်မာ့ အခေါက် ရွှေဈေးမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက စံချိန် တင် မြင့်ခဲ့ရာ တွင် ခြောက်သိန်း
ငါးထောင် ကျပ် သာရှိသည်။သင်္ကြန်ကာလ ပြီးနောက် မီးလင်းရွှေဈေးမှာ ငါးသိန်း ကိုးသောင်း
ကျပ် ၀န်းကျင်သာရှိခဲ့ရာ မှ ယခု ကဲ့သို့ ထိုးတက် သွားခြင်းဖြစ်သည်။
ရန်ကုန် ရွှေဈေးကွက် အတွင်းရှိ ရွှေကုန်သည် တစ်ဦးက ထိုကဲ့သို့ ပြည်တွင်း ရွှေဈေးနှုန်း သိသာ
စွာ ပြောင်းလဲသွားရခြင်းမှာ အရပ်ဝတ် လဲသည့် စစ်ဗိုလ်ချုပ်များ နှင့် စစ်တပ် အရာရှိ များ အခေါက်
ရွှေ ချောင်း များ ပိုမို ၀ယ်ယူလာခြင်းကြောင့် ဖြစ်သည် ဟု ဆိုသည်။
တိုင်းရင်းသား လက်နက် ကိုင်ပြဿနာ များကြောင့် တရုတ်-မြန်မာ နယ်စပ် တွင် လုံခြုံရေး များတင်း
ကျပ်ထား၍ တရုတ် ဘက်မှာ မြန်မာ ပြည် သို့ ရွှေတင်ပို့ သည့် အုပ်စုများ တင်သွင်းမှု ရပ်နား ထားခြင်း
ကြောင့် လည်း ရွှေ အ၀င် နဲပါး သွားခြင်းကြောင့် ရွှေ ဈေးတက်ရိပ် ပြ သွားခြင်း ဖြစ်သည် ဟု ပြောသည်။
အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ လည်း အနည်းငယ် မြင့် တက်ပြီး ယခင် သီတင်း ပတ် က တစ်ဒေါ်လာ
ပေါက်ဈေး ၉၈၀ သာရှိခဲ့ရာ မှ ယနေ့  ဈေးကွက် ဖွင့် ချိန် တွင် ၁၀၀၅ ကျပ် ထိ ဈေးပေါက်သည် ဟု သတင်း
ရရှိသည်။
