ဆန္ဒပြမှု မရပ်သည့် အတွက် နိုင်ဝင်ဘာ လတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည့် ကမ်းလှမ်းမှု အား ပယ်ဖျက်

အဘီဆစ်ဦးဆောင်တဲ့ ညွှန့် ပေါင်းအစိုးရ အဖွဲ့ ကို ဆန့် ကျင် ဆန္ဒပြနေကြတဲ့ အာဏာရှင် ဆန့် ကျင်ရေး
ဒီမိုကရေစီ တပ်ဦး အဖွဲ့ သားတွေ က ၎င်း တို့ ရဲ့ ဆန္ဒပြပွဲတွေ ကို ရပ်တန့် မှု မရှိတာကြောင့် ထိုင်းအစိုးရက
ကတိ ပြုထားတဲ့ နိုဝင်ဘာ ၁၄ ရက်နေ့  ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆို တဲ့ ညှိုနှိုင်းမှု ကိုပယ်ဖျက်လိုက်ပြီ
ဖြစ်ပါတယ်။

ဆန္ဒပြသူတွေ ဘက်ကလည်း ဧပြီလ ၁၀ ရက်နေ့ က ဖြစ်ပွားတဲ့ စစ်တပ်ရဲ့ ဆန္ဒပြသူတွေ ကို ဖြိုခွင်းမှု မှာ
တာဝန်ရှိတဲ့ ထိုင်း ဒု-၀န်ကြီးချုပ် ဆူထေ့ထောင်ဆူဗန် ကို အရေး ယူမှု မစ တင် မချင်း သူတို့ ရဲ့ ဆန္ဒပြမှု တွေ
ကို မရုပ်သိမ်း ဘူးလို့ ကြေညာခဲ့ပါတယ်။

ဧပြီ ၁၀ ရက်က ဆန္ဒပြမှု တွေ ကို ဖြိုခွင်း ဖို့ အဓိက စီစဉ်ခဲ့သူ က တော့ အဘီဆစ် ရဲ့ ညွှန့် ပေါင်း အစိုးရ အဖွဲ့ 
ထဲက ဒုဝန်ကြီးချုပ် ဆူထေ့ ဖြစ်ပါတယ်။ဒီဖြိုခွင်း မှု အတွင်း လူ န၂၅ ဦးခန့် အနည်းဆုံးသေဆုံးခဲ့ပါတယ်။

တကယ်လို့ ဆန္ဒပြပွဲတွေ ရပ်ရင် နိုဝင်ဘာ လ ၁၄ မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ပြီးခဲ့တဲ့ တစ်ပတ်က ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

သူ့ ရဲ့ ဒီအဆိုပြုချက် ကို သက်ဆင် လိုလားတဲ့ အနီဝတ် အများစု က သဘောမတူကြပါဘူး။ နှစ်လ
ကျော်ကြာမြင့်ပြီ ဖြစ်တဲ့ ဆန္ဒပြပွဲတွေ ကြောင့် ထိုင်းနိုင်ငံဟာ တစ်နေ့ ကို အမေရိကန် ဒေါ်လာ နှစ်သန်း
ကျော်ခန့် နစ်နာရတယ်လို့ ဘန်ကောက်ပို့ စ် သတင်းစာမှာ ဖော်ပြထားပါတယ်။