ဘန်ကောက်တွင် လမ်းများပိတ်ဆို့ ထားပြီး၊တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထား
ထိုင်း အစိုးရ အဖွဲ့ မှ ထိုင်းလူမျိုး မဟုတ်သည့် အိမ်နီးချင်း နိုင်ငံမှ လက်ဖြောင့် တပ်သား တစ်ဦးကို ငှားရမ်း အသုံးပြု
သည် ဆိုသည့် ကောလဟာလ များပေါ်ထွက်
ရွေးကောက်ပွဲ အားလက်ခံပြီး ဆန္ဒပြပွဲ များ အားရပ်တန့် လိုသည့် မူဆစ် ကဖောင်း UDD ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်


ထိုင်းအစိုးရ အားဆန့် ကျင်သည့် UDD အနီဝတ် အုပ်စု၏ စေတနာ့ ၀န်ထမ်း စစ်ဘက်ဆိုင်ရာ
အကြံပေး တစ်ဦးဖြစ်သူ အငြိမ်းစား ဒုဗိုလ်ချုပ် ခတ္တိယ ဆ၀ါဒီဖောသည် ယနေ့ ည ၇း၃၀ အချိန်
က ဆလာဒင် လမ်းဆုံ ပစ်ခတ်မှု များ အတွင်းအပြင်း အထန် ဒဏ်ရာရရှိသွားပြီး နရဲသွန် အရေး
ပေါ် ဆေးရုံ တွင် တက်ရောက် ကုသခံနေရသည် ဟု သတင်းရရှိသည်။

စနိုက်ပါ ဖြင့်ချောင်းမြောင်း ပစ်ခတ်မှု ဖြစ်စဉ် အတွင်း ကလေးငယ်များ
နှင့် အမျိုးသမီး များအပါအ၀င်အယောက် ၂၀ ခန့် ပြင်းထန်စွာ ထိခိုက်
ဒဏ်ရာရရှိသွားသည် ဟု သတင်းရရှိသည်။
ခတ္တိယ သေနတ် ဖြစ်အပြစ်ခံရပြီးနောက် ည ၁၁ နာရီခန့် တွင်
ထိုင်းစစ်တပ် က အနီဝတ် များအားရာဘာ ကျဉ်ဆန်ဖြင့် ပစ်ခတ်မှုကြောင့်
ဆန္ဒပြသူ အနည်းဆုံး နှစ်ဆယ်ခန့် ဒဏ်ရာရရှိသွားသည် ဟုဘန်ကောက်
အခြေစိုက် Freedom News Group သတင်းထောက် ကိုဦးက သတင်းပို့ သည်။
ဆာဒန်း ဟု လူသိများသည့် ဗိုလ်ချုပ် ခတ္တိယ သည် လက်ရှိ တပ်မတော် တွင်
တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ယမန် နှစ်က အနီဝတ် များ စတင်
ဆန္ဒပြချိန် မှ စ၍ ထိုဆန္ဒပြမှု များ ကို စိတ်ရော ကိုယ်ပါ အား
ပေးထောက်ခံ သူ တစ်ဦးဖြစ်သောကြောင့် ယခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ တွင်
စစ်ဦးစီးချုပ် အနုပေါင် ပိုချင်ဒါ က သူ့ အား ရာထူးမှ ခေတ္တ ရပ်နားထားသည်။
ဗိုလ်ချုပ် ခတ္တိယ ကို ဆန္ဒပြသူတွေ က Red Shirt Army ရဲ့ 
စစ်ဦးစီးချုပ် လို့ ဂုဏ်ပြုခေါ်ဆိုကြသည်။အခင်းဖြစ်ပွားချိန် မှာ ဗိုလ်ချုပ်
ခတ္တိယ ဟာ နယူးယောက်တိုင်း သတင်းထောက် သောမတ်ဖူလာ နှင့် အခြား သတင်းထောက် များ
ကို အင်တာဗျူးပေးနေချိန် ဖြစ်သည်။
ဗိုလ်ချုပ် ခတ္တိယ သေနတ် မှန် သွားသည် ကို မျက်မြင်တွေ့ ရှိလိုက်သည့်
သောမတ် ဖူလာ က “ကျွန့် တော့် ခေါင်းသေနတ် မှန် သွား သလိုပဲ ဟု ပြောသည်။
အသက် ၅၈ နှစ် အရွယ်ရှိ ဗိုလ်ချုပ် ခတ္တိယ သေနတ် ဒဏ်ရာ
ရရှိသွားခြင်းသည် DSI တွင် စစ်ဆေးခံနေရသည့်
ထိုင်း ဒုဝန်ကြီးချုပ် ဆူထေ့ ထောင်ဆူဗန် မှ အိမ်နီးချင်း နိုင်ငံမှ
လက်ဖြောင့် တပ်သား တစ်ဦး ကို ငှားရမ်း
အသုံးပြုခဲ့ခြင်း ဖြစ်သည် ဟု လည်း ကောလဟာလများ ပေါ်ထွက်နေ သည်။
သူသေနတ် နဲ့ ချောင်းမြောင်းအပစ်ခံရစဉ် မှာ နယူးယောက်တိုင်း သတင်းထောက် က သူနဲ့ နှစ်ပေအကွာမှာ ရှိနေစဉ်ဖြစ်သည်။
သေနတ်မှန် သွားတဲ့ ခတ္တိယ ရဲ့ သမီး ဖြစ်သူကို ထိုင်း ၀န်ကြီးချုပ် ဟောင်း သက်ဆင် က အားပေးစကားပြောကြားခဲ့သည်။

ဗိုလ်ချုပ် ခတ္တိယ ဟာ ၁၉၇၀ ပြည့်လွန် နှစ်တွေ က ထိုင်း လက်နက်ကိုင် ကွန်မြူနစ် တွေ ကို ချေမှုန်းတဲ့ စစ်ပွဲ တွေ မှာ
ထူးချွန်ခဲ့တာ ကြောင့် စစ်ဘက်ဆိုင်ရာ ဘွဲ့ ထူး ဂုဏ်ထူးတွေ ရရှိထားသူ ဖြစ်သည်။
ခတ္တိယ သေနတ် ဒဏ်ရာ ရရှိခဲ့ကြောင့် အနီဝတ် များ အစိုးရဆန့် ကျင်ရေး လှုပ်ရှားမှု များ ပိုမို အားကောင်းလာမည်
ဟု ဘန်ကောက်နေ လူထု က ယူဆကြသည်။
ယနေ့ သောကြာနေ့ မနက်မှာ ခတ္တိယ ခေါင်းတွင် ၀င်နေသည့် လက်ဖြောင့် တပ်သားရဲ့ ကျဉ်ဆန် ကို ဖယ်ထုတ်လိုက်
ပြီ ဖြစ်သော်လည်း အခြေအနေမှာ စိုးရိမ်ရဆဲ ဖြစ်ကြောင်း ၀ါဇီရ ဆေးရုံ မှ ဆရာဝန် တစ်ဦးက ပြောသည်။
ဧပြီလ ၁၀ ရက်နေ့ ပစ်ခတ်မှု နောက်ပိုင်း တွင် ယနေ့ ည ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံး
ဖြစ်သည်။
ခတ္တိယ အားသေနတ်ဖြင့် ချောင်းမြောင်းလုပ်ကြံပြီး နောက် ဦးခေါင်းတွင် ဒဏ်ရာရှိစဉ် (ဗီဒီယို)
