ယနေ့ ထိုင်းစစ်တပ် ၏ ပစ်ခတ်မှု ကြောင့် ဆန္ဒပြသူ ၁၆ဦးသေဆုံး ၁၆၀ ကျော် ဒဏ်ရာရ၍ မြန်မာနိုင်ငံသား တစ်ဦး ဒဏ်ရာရရှိ

သောကြာနေ့ က ပစ်ခတ်မှု အတွင်း သတင်းမှတ်တမ်းရယူနေသူများ (AP Photo/David Longstreath)
ဘန်ကောက်စစ်မြေပြင်(AP Photo/Wong Maye-E)

ယနေ့ ရာမ ၄ လမ်းမပေါ် နှင့် လုံမဏီ ပန်းခြံတစ်ဝိုက် ပစ်ခတ်မှုများ အား ကြည့်ရှုနေကြသည့် ဘန်ကောက် ဒေသခံများ

ယနေ့ ညနေ လုံမဏီ ပန်းခြံတ၀ိုက် နှင့် ရာမ ၄ လမ်းမပေါ်တွင် ထိုင်းစစ်တပ် နှင့် UDD ဆန္ဒပြ
အဖွဲ့ ဝင်တို့ ကြား အပြန်အလှန်ပစ်ခတ် မှု တွင် လုံမဏီ ဈေးအတွင်း ဈေးရောင်း နေသည့် ရ၀မ်
လူမျိုး အခင် ဆိုသူသည် ထိုင်း စစ်တပ်မှ ပစ်ခတ်လိုက်သည့် သေနတ် ကျဉ်ချော်ပြီး ၀င်ရောက်
လာမှု ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည် ဟု သတင်းရရှိသည်။

ထိုပစ်ခတ် မှု ဖြစ်စဉ် အတွင်း ငါးဦးသေဆုံးကာ ၄၆ ဦးပြင်းထန်စွာ ဒဏ်ရာရရှိသည် ဟု ဘန်
ကောက် အခြစိုက် Freedom News Group သတင်း ထောက် ကိုဦး က သတင်းပို့ ထားသည်။

ထပ်မံရရှိသည့် သတင်းများအရ ၁၆ ဦးသေဆုံးကာ ၁၅၇ ဦးဒဏ်ရာရရှိသည် ဟု သတင်းရရှိသည်။

ထိုင်းစစ်တပ်ကို ပြန်လည်ခုခံနေသည့် ဒီမို့ကရေစီ လိုလားသူ တစ်ဦး AP Photo/Wally Santana)