ဟိန်းခိုင်ထွန်း

မြန်မာ နိုင်ငံ တွင် သစ်တော များပြုန်းတီး ပြီး သဘာဝ တရား ၏ ဖောက်ပြန်မှု များကြောင့် ဧပြီလ ၁၈
ရက်နေ့ နောက် ပိုင်းမှာ စ၍ အပူချိန် လွန်ကဲလာရာ နိုင်ငံတ၀ှမ်း လုံး တွင် နေ့ စဉ် သေဆုံးသူ များ
တစ်ရက် လျှင် ခြောက် ဆယ် ထက်မနည်း ရှိသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
ယနေ့ နေ့ လည် ၁၂ နာရီ ရွှေပြည်သာ တွင် တိုင်းထွာချက် အရ ရန်ကုန် မြို့ ၏ အပူချိန်မှာ ၁၂၀ ဒီဂရီ
ဖာရင် ဟိုက် ထိရောက်ရှိသွားပြီ ဖြစ်သည်။
တွံ့ တေး ပြည် သူ့ ဆေးရုံကြီး နှင့် ဒလ ဆေးရုံ နှင့် ဆိပ်ကြီး ခနောင် တို ဆေးရုံတို့ တွင် ယခု သီတင်းတစ်
ပတ် အတွင်း Heat Stroke ဖြစ်ရာမှ အရေး ပေါ် ဆေးရုံတင်ရသည့် လူနာ များ အနက် ရှစ်ဦး အသက်ဆုံး
ရှုံးခဲ့သည် ။
ယမန်နေ့ ည က ကျောင်းမြောင်း သြဘာလမ်း ရှိ လက်ဖက်ရည်ဆိုင် တွင် လက်ဖက်ရည်သောက် နေသူ
တစ်ဦး မှာ ရုတ်တစ်ရက် သေဆုံးခဲ့သည် ။
မန္တလေး ဆေးရုံကြီး တွင် တစ်ပတ် အတွင်း သေဆုံးသူ ဦးရေ မှာ နှစ်ရာကျော်ခန့် ရှိသည် ။
ဧပြီလ ၂၀ ရက်နေ့ မှ မေလ ၁၀ ရက်နေ့ အထိ တစ်လ အတွင် သေဆုံးသူ ဦးရေ သည် ၄၀၀ ကျော်ရှိ
သွားပြီ ဖြစ်သည်။
အပူချိန် လွန်ကဲ မှု ကြောင့် ဒလ နှင့် ဆိပ်ကြီး၊ခနောင်တို နှင့် တွံတေး မြို့ များ တွင် ဆိုးဆိုးရွားရွား သောက်
သုံးရေ ပြတ်လပ် မှု များ ကြုံနေရသည်။
ယမန်နေ့ ညနေ က ကျောက်ဆည် မြို့ တွင် လေဆင်နှာမောင်း တိုက်ခတ် မှု ကြောင့် အိမ်ခြေ တစ်ရာ ကျော်
ခန့် ပျက်စီးသွားပြီး ၂၈ ဦးခန့် ထိခိုက် ဒဏ်ရာရသည် ဟု ကျောက်ဆည် မြို့ မှ ကျန်းမာရေး ၀န်ထမ်း တစ် ဦးကပြော
သည်။
လေဆင်နှာမောင်းကြောင့် ကျောက်ဆည် မြို့ မဈေးနှင့် အေးမြကြည်လင် ဈေး နှင့် မြို့ တော်ခန်းမအနီးရှိ
လူနေအိမ်ခြေ တစ်ချို့ ထိခိုက်ပျက်စီးသွား သည်။
မေလ ၁၄ ရက်နေ့ ညက ကူမဲ တွင် လည်း လေဆင်နှာမောင်း တိုက်ခတ်သွားပြီး အပျက် အစီး သတင်း ကို မူ
ထပ်မံ စုံစမ်းနေဆဲ့ ဖြစ်သည်။
အပူချိန် မြင့်တက်မှု ကြောင့် အသက် ၁၀၂ နှစ် အရွယ်ရှိ အဘွား အို တစ်ဦး ၊၀ါရင့် ဆရာဝန်ကြီး တစ်ဦး ၊
သံအမတ် ဟောင်း တစ်ဦး နှင့် စစ်တပ် မှ ပင်စင် ယူထားသည့် အရာ ရှိ ဟောင်းများ လည်း ကွယ်လွန်ကြ
သည်။
ယနေ့ ထုတ် ကြေးမုံ သတင်းစာတွင် နာရေး သတင်းအား နှစ်မျက် နှာ အပါအ၀င် တစ်ကော်လံ ထပ်ဆောင်း
ကြော်ငြာထားသည် ကို တွေ့ ရသည်။
ရန်ကုန် မြို့ ၏ ယနေ့ အပူချိန် မှာ ၁၉၉၈ ခုနှစ်က အပူချိန် စံချိန် ဖြစ်သည့် ၁၁၅ ဒီဂရီ ဖာရင် ဟိုက် ကို ကျော်
လွန် ရောက်ရှိသွား ပြီ ဖြစ်သည်။

ပူတယ်လေ ဆယ်နွေကဲ ပေါ့