နောက် ၂၄ နာရီ အတွင်း အင်အား အသင့်အတင့် ရှိသည့် မုန်တိုင်းငယ် ၀င်ရောက်မည် ၊အပူရှိန် ကြောင့် မန္တလေး တွင် တစ်ရက်တည်း အလောင်း ၂၇၀ ခန့် သဂြိုလ်ရ

ဟိန်းခိုင်ထွန်း

၁၄း၀၀ နာရီ့ Updates  မွန်ပြည်နယ် ၊ကရင်ပြည်နယ် ၊ကော့မှုး နှင့် ဧရာဝတီ တိုင်း ရှိ ဒေသ အချို့ တွင် မိုးစတင်ရွာသွန်း

၀၉း၁၀ နာရီ Updates ဧရာဝတီ တိုင်း ပြင်စလူ ၊ငပုတော နှင့် ဟိုင်းကြီးကျွန်း တွင် လေပြင်းများတိုက်ခတ်

ဘင်္ဂလားပင်လယ်အော် အတွင်းဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် အနောက်မြောက်ဘက် အရပ် သို့ မေလ ၁၆ ရက်နေ့ မနက်က ဦးတည် ရွေ့ လျှားလာစဉ်

ဘင်္ဂလား ပင်လယ်အော်တွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် ယမန်နေ့ က အင်
အားနည်းသည့် မုန်တိုင်းငယ် အဖြစ် အသွင်းပြောင်း လဲပြီးနောက် တဖြည်းဖြည်း အနောက်
မြောက် အရပ် ဆီသို့ ရှေးရှုလာသည်။

ထိုမုန်တိုင်းငယ် ၏ အရှိန်ကြောင့် ဧရာဝတီ တိုင်း ရခိုင်ပြည်နယ် ဒေသအချို့ ၊ပဲခူးတိုင်း ဒေသအချို့ 
နှင့် ရန်ကုန် တိုင်း တို့ တွင် မိုးရွာသွန်း နိုင်သည် ဟု Freedom Weather Forecast မှ သတင်းထုတ်
ပြန်သည်။

ရန်ကုန် မြို့ ၏ ယမန်နေ့ ညနေ က အပူချိန် သည် ၁၁၈ ဒီဂရီ ဖာရင်ဟိုက် ထိရှိခဲ့ပြီး အပူလွန်ကဲ မှု ကြောင်
သေဆုံးသူများ များပြားသောကြောင့် ရန်ကုန် မြို့ ရေဝေးသုဿာန် အ၀င်လမ်းသည် နာရေး ပို့ ဆောင်
သည့် ကားများ ဖြင့် ပြည့်ကျပ်နေသည် ဟု ၄၃ မော်တော် ကား လိုင်းမှာ ယာဉ်မောင်း တစ်ဦးက Freedom
News Group သို့ ပြောသည်။

နိုင်ငံတ၀ှမ်း တွင် အပူဒဏ်ကြောင့် ပင်ပမ်းနွမ်းနယ်မှု နှင့် ရေဓာတ်ခမ်းခြောက်မှု ကြောင့် ရုတ်တရက် သတိ
လစ်ပြီး သေဆုံးသူ ဦးရေမှာ တစ်နေ့  လျှင် ပျမ်းမျှ အယောက် ၁၀၀ ခန့် ထိရှိ နိုင်သည် ဟု မန္တလေး ဆေးရုံ
ကြီး ပြင်ပ လူနာဌာန မှ ဆရာဝန် တစ်ဦး က ပြောသည်။

ဧပြီလ နှောင်း ပိုင်း က သေဆုံးသူများ မှာ လူကြီး နှင့် သက်ကြီးရွယ် အိုများ သာ ဖြစ်သော်လည်း မေလဆန်း
ပိုင်းမှ စကာ လူငယ်များ ပါသေဆုံးကြသည်။

မြန်မာ စစ်အစိုးရ ကမူ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် သာ ထုတ်ပြန်ပြီး အပူဒဏ်ကြောင့် သေဆုံးသူ
ဦးရေကို သတင်း ထုတ်ပြန်ခြင်း မရှိချေ။

မန္တလေး မြို့ တွင် ယမန်နေ့ က သုဿာန် နှစ်ခု တွင် အလောင်း ၂၇၀ ခန့် အား သဂြိုဟ်ခဲ့ရသည် ဟု မန္တလေး
စည်ပင်မှာ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်ပေါ်နေသည့်  မုန်တိုင်းငယ် သည် မြန်မာ့ ကမ်းရိုးတန်း နှင့် မိုင် ၂၅၀ ခန့် 
အကွာမှ တဖြည်းဖြည်း ချင်းဖြတ်ကျော်သွား မည် ဖြစ်သည်။မုန်တိုင်းငယ် ၏ အရှိန် ကြောင့် မြန်မာ ကမ်းရိုးတန်း
ဒေသများ တွင် လေပြင်းများ တိုက်ခတ် နိုင်ပြီး မိုးသည်းထန် စွာရွာသွန်း နိုင်သည်။

ထို မုန်းတိုင်းငယ် သည် မုန်တိုင်း ကြီး အဖြစ်ပြောင်းလဲ နိုင်ခြင်း မရှိပဲ ဘင်္ဂလားဒေရှ့်  နိုင်ငံ ကမ်းခြေ သို့ 
ဝင်ရောက်သည့် အခါ အားပျော့ ပျက်ပြယ်သွားမည် ဖြစ်သည်။

One thought on “နောက် ၂၄ နာရီ အတွင်း အင်အား အသင့်အတင့် ရှိသည့် မုန်တိုင်းငယ် ၀င်ရောက်မည် ၊အပူရှိန် ကြောင့် မန္တလေး တွင် တစ်ရက်တည်း အလောင်း ၂၇၀ ခန့် သဂြိုလ်ရ

  1. ခု ဆူးလေအနီးတစ်ဝိုက်နဲ့ ရန်ကုန်မြို့တွင်း မိုးရွာသွန်းနေပါတယ်။

Comments are closed.