Updates 11:15 PMThai opposition leader dies after being wounded by a sniper’s bullet during protests last week.
(သေနတ် သမား ကို အံတု တဲ့ နေရာမှာ ရရာ လက်နက် တစ်ခုခု သာ ကိုင်ဆွဲ ပါ ..လက်ဗလာ ကြီးတော့ မနေလိုက်နဲ့ ဗျ …နောက်
တစ်ခုခု အကာအကွယ် ယူပါ ..သူတို့ က ခင်ဗျား လက်ထဲမှာ တစ်ခုခု ရှိပြီ ဆိုတာ နဲ့  ခင်ဗျား ဆီ အတင်း မ၀င်ရဲဘူး)
ဗိုလ်ချုပ် ခတ္တိယ မေလ ၁ ရက်နေ့ က UDD အဖွဲ့ ဝင်များ အား ပြောကြားသည့် မိန့် ခွန်း မှ ကောက်နှုတ်ချက်
မေလ ၁၄ ရက်နေ့ က သတင်းထောက်များ နှင့် တွေ့ ဆုံပြောကြားနေစဉ် လက်ဖြောင့် သေနတ် သမားက ချောင်း
မြောင်း ပစ်ခတ် မှု ကြောင့် ဦးခေါင်း တွင် သေနတ် ဒဏ်ရာရရှိခဲ့သည့် အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရတ်တစ်
တပ်ဦးခေါင်းဆောင် နှင့် ဒုဗိုလ်ချုပ် ဟောင်း ဖြစ်သူ ခတ္တိယ ဆ၀ါဒီဖောသည် ယနေ့ မနက် ဆယ်နာရီ ခန့် တွင်
ဘန်ကောက် မြို့ ရှိ ဧရာဝဏ် အရေးပေါ် ဆေးရုံကြီး တွင် ကွယ်လွန် သွားသည် ဟု CNN သတင်းတွင် ဖော်ပြ
ထားသည်။


ဘန်ကောက် တွင် UDD တို့ စခန်းချထားသည့် နေရာ အားဝင်ရောက် စီးနင်းရန် အတွက် စစ်တပ် နှင့် ရဲများ
ကပြင်ဆင်နေစဉ် လုံခြုံရေး အဖွဲ့ များ ၏ လက်နက် နှင့် ဖြိုခွင်းမှု ကြောင့် ယခု သီတင်း ပတ် အတွင်း ဆန္ဒပြသူ
၃၅ ခန့် သေဆုံးခဲ့သည်။
UDD ခေါင်းဆောင် နှင့် ထိုင်း ထိပ်တန်း စစ်ဘက် အရာရှိ တစ်ဦး ဖြစ်သူ ဆာဒင်း ခေါ် ဒု ဗိုလ်ချုပ်ကြီး ခတ္တိယ သေ
ဆုံးမှု ကြောင့် သက်ဆင် လို လားသည့် အနီဝတ် အစိုးရ ဆန့် ကျင် ရေး ဆန္ဒပြသမား များ ပိုမို သွေးဆူလာ နိုင်သည်
ဟု ဘန်ကောက် မြို့ တွင် ရွှေ ဆိုင်ဖွင့် ထားသည့် မြန်မာ လူမျိုး တစ်ဦး က Freedom News Group သို့ ပြောသည်။
အသက် ၅၈ နှစ် အရွယ်ရှိ ဗိုလ်ချုပ် ခတ္တိယ အား သေနတ် ဖြင့် ချောင်းမြောင်း လုပ်ကြံ ခြင်းသည်
ထိုင်း ၀န်ကြီးချုပ် အဘီဆစ် နှင့် ဆူထေ့ တို့ နှစ်ဦး ကြိတ်ကြံစည် ခြင်း ဖြစ်ပြီး စစ်ရေး အမြော်အမြင်
ပြည့်ဝ စွာဖြင့် ဦးဆောင်မှု ပေးနေသည့် ခတ္တိယ အား လုပ်ကြံ နိုင်မှ သာ UDD တို့  စခန်း ချရာ အား
ဖြိုခွဲ နိုင်လိမ့် မည် ဟု UDD တို့ အား မလို လားသည့် ဗိုလ်မှုးကြီး တစ်ဦးက အဘီဆစ် အား အကြံပေးခဲ့သည်
ဟု ဆိုသည်။
ဆာဒန်း ဟု လူသိများသည့် ဗိုလ်ချုပ် ခတ္တိယ သည် လက်ရှိ တပ်မတော် တွင်
တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ယမန် နှစ်က အနီဝတ် များ စတင်
ဆန္ဒပြချိန် မှ စ၍ ထိုဆန္ဒပြမှု များ ကို စိတ်ရော ကိုယ်ပါ အား
ပေးထောက်ခံ သူ တစ်ဦးဖြစ်သောကြောင့် ယခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ တွင်
စစ်ဦးစီးချုပ် အနုပေါင် ပိုချင်ဒါ က သူ့ အား ရာထူးမှ ခေတ္တ ရပ်နားထားသည်။
ဗိုလ်ချုပ် ခတ္တိယ ကို ဆန္ဒပြသူတွေ က Red Shirt Army ရဲ့ 
စစ်ဦးစီးချုပ် လို့ ဂုဏ်ပြုခေါ်ဆိုကြသည်။အခင်းဖြစ်ပွားချိန် မှာ ဗိုလ်ချုပ်
ခတ္တိယ ဟာ နယူးယောက်တိုင်း သတင်းထောက် သောမတ်ဖူလာ နှင့် အခြား သတင်းထောက် များ
ကို အင်တာဗျူးပေးနေချိန် ဖြစ်သည်။
သာကြာနေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ပစ်ခတ်မှု ကြောင့်
ဆွန်လွန်နိုက်ဘဇားညဈေး အတွင်းမှ ကျဉ်ချော်ပြီးထိမှန်ခဲ့သည့်  မြန်မာနိုင်ငံသား ရ၀မ်လူမျိုး
ကို အခင် မှာ ချူလာလောင်ကွန်ဆေးရုံ အရေးပေါ်ဌာနမှာ ကျန်းမာစွာရှိနေ သည် ဟု သူ၏ မိတ်
ဆွေ တစ်ဦးဖြစ်သူ ကိုစံပီး က Freedom News Group သို့ ပြောသည်။
ဖြစ်ပွားပုံမှာ ဘန်ကောက်ဆွန်လွန်ညဈေးအတွင်း အလုပ်လုပ်ကိုင်သော အသက်(၂၂)နှစ် ၊ လ၀မ်လူမျိုး၊ မြန်မာနိုင်ငံသား
ကိုအခင် သည် နေ့ လည်ပိုင်းတွင် ဘုရားရှစ်ခိုးကျောင်းမှ သီချင်းတိုက်ပြီးအပြန်တွင် ညဈေးအ၀င်တံခါးအမှတ်(၅)အနီးတွင် ဘယ်ဘက်လက်ကောက်ဝတ်ကို ထိမှန်ခဲ့ခြင်းဖြစ် သည် ဟု ထိုအချိန် က သူ နှင့် အတူရှိနေသည့် ကိုစံပီး ကပြောသည်။
လုံမဏီ ပန်းခြံ အား ပိတ် ဆို့ ထားမှု ကြောင့် ညဈေး ၀န်းအတွင်းမှ မြန်ာ လူမျိုး များအားလုံးမှာ ပိတ်မိနေပြီး လျှပ်စစ်မီး၊ ရေ၊ စားစရာ များလုံးဝပြတ်တောက်နေကြောင်းကိုလဲ စုံစမ်းသိရှိရသည်။ ထိုအထဲတွင် မြန်မာနိုင်ငံသား (၃၀) ဦးခန့် ရှိနေကြောင်း၊ စားဝတ်နေရေး အထူးခက်ခဲနေကြောင်းကို FNG ၏ ဘန်ကောက် သတင်း ထောက် ကိုဦး က သတင်း ပေးပို့ ထားသည်။
ထိုင်း စစ်တပ် က UDD စခန်း အတွင်း ရှိ လက်နက် မရှိ သူ များ ထွက် ခွာ နိုင်သည် ဟု အသံချဲ့ စက်များ
ဖြင့် ယနေ့ မနက် တွင် စတင် ကြေညာနေသည်။
အခြား နိုင်ငံများက မူ ထိုင်း နိုင်ငံရှိ ၎င်း တို့ ၏ နိုင်ငံသားများ အား သတိပေးထားသော် လည်း မြန်မာ စစ်အစိုးရကမူ
ထိုင်း နိုင်ငံတွင်း ရှိ မြန်မာ နိုင် ငံသား များ အား သတိပေး ထားခြင်း မရှိ ဟု သိရသည်။
