အဆိုတော်၊စာရေးဆရာ နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် ကွယ်လွန်

Burmese  Actor  Thu Mg Demise

အသက် ၆၂ နှစ် အရွယ်ရှိ အဆိုတော်  နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် သည် ယနေ့ ည ၉ နာရီ အချိန်
ခန့် က ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်း တွင် ကွယ်လွန် သွားသည် ဟု နာမည် ကျော် ဒါရိုက်တာ တစ်
ဦးက Freedom News Group သို့ အတည်ပြုပြောကြားသည်။

အဆိုတော် သုမောင် အား ၁၉၅၁ မတ်လ ၁၃ ရက်နေ့ တွင် မောင်ဗလ အမည်ဖြင့် အဘ ဦးသာဓု စာရေး
ဆရာ ဒါရိုက်တာ နှင့် အမိ ဒေါ်ခင်ညို တို့ မှ မွေးဖွားခဲ့သည်။

သုမောင်သည် ရုပ်ရှင် ကားကြီး ပေါင်း လေးဆယ် ကျော်တွင် သရုပ်ဆောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင်
သုမောင်သည် ၁၉၉ဝ ပြည့်နှစ် အတွက် အကောင်းဆုံး အဓိက အမျိုးသား သရုပ်ဆောင် အကယ်ဒမီ
ဆုကို `ခုနှစ်စဉ်အလွမ်း´ဇာတ်ကားတွင် ရရှိခဲ့သည်။

စွယ်စုံ ရ အနုပညာရှင် သုမောင် နှင့် ပတ်သက်ပြီး လန်ဒန် မြို့ တွင် နေထိုင်သည့် ပန်းချီဆရာ နှင့် စာရေးဆရာ
ထိန်လင်း က  “စွယ်စုံရ အနုပညာရှင် တစ်ယောက်ပဲ ၊နယ်ပယ် သုံးရပ် လုံး မှာ ထူးချွန် အောင် မြင်တယ် ။
ဒီလူ လူ မျိုး ရုပ်ရှင် နယ် သမိုင်းမှာတော့ သူ့  အပြင်  နောက် တယောက် ဆိုလို့ သူ့ ရှေ့ က သွားခဲ့ တဲ့
ကောလိပ် ဂျင်နေ၀င်းပဲ ရှိခဲ့ ဘူးတယ်။အောင်မြင်တယ်။အောင်မြင် ပေမဲ့ဘ၀င်မမြင့်ဘူးတသီးတသန့်မနေ ဘူး
လူထုနဲ့တသားထဲနေတယ်။ မိတ် ဆွေ စာပေ အနုပညာ ရှင် တွေ အပေါ် မှာ လည်း စေတနာ ထားတယ်။

နောက်တခု က အစိုးရ နဲ့ မပလူးပဲ အနေမှန်မှန်  နဲ့ ကိုယ့် အနုပညာ ကိုပဲ စိုက်လိုက် မတ်တတ် လုပ်ရင်း ကွယ်လွန်ချိန်ထိ ပြည်သူကို
အကျိုးပြုသွားတယ် ဟု သုမောင် ၏ ရိုးရှင်း ၍ အနုပညာသမား ဆန်သော ဘ၀ ကို ပန်းချီဆရာ ထိန်လင်း က ဂုဏ်ပြု
ပြောကြားသည်။

ညီဖြစ်သူ မင်းလူ မှာ လည်း နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ယောက် ဖြစ်ပြီး
ထင်ရှားသော စာရေးဆရာ နှင့် ဇတ်ညွှန်းရေး ဆရာ တစ်ယောက်ဖြစ်သည်။

ထင်ရှားသော ဒါရိုက်တာ မောင် ၀ဏ မှာ သူ့ မောင် ၏ အကိုဖြစ်သည်။

သုမောင်သည် စာအုပ်ပေါင်း ၃၀ ကျော်ကို ပြုစုခဲ့ပြီး ထင်ရှားသည့် စာအုပ်များမှာ အရက်သမား အမှား
တစ်ရာ၊ကွမ်းစကား၊အချစ်လား သူဖျားနေတယ် ၊အချစ် နှင့် သူ၏ ကိုကို ၊အချစ်သစ်ပင်  နှင့် မျိုးရိုးထဲမှာ ဆိုးပေကြီးများ
မှာ ထင်ရှားသည့် စာအုပ်များ ဖြစ်သည်။

သူ၏ စာအုပ်အချို့ အား ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူးရာ တွင် အချစ် နှင့် သူ ၏ ကိုကို မှာ လူကြိုက်
များသည်။ ထိုစာအုပ် အား ဒါရိုက်တာ ဦးကြီးမြင့် က ရုပ်ရှင် အဖြစ် အသက် သွင်း ခြင်းဖြစ်သည်။

၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလထုတ် ရှုမ၀ မဂဇင်း တွင် `ငယ်အိပ်မက်´ ဝတ္ထုကို `သုမောင်´ အမည်ခံ၍ ရေးသား
ဖော်ပြခဲ့ရာမှ ယနေ့တိုင် `သုမောင်´ အမည် ထင်ရှားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် `အချစ်´ အမည်ရှိ
လုံးချင်း ဝတ္ထုကို စတင် ရေးသားရာမှ လုံးချင်း ဝတ္ထု အများဆုံး ရေးသားသူ ဖြစ်လာသည်။

ကွယ်လွန်ချိန် တွင် ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)၊ သားသမီးများ ဖြစ်သော စိုးအိမ်သူ၊ ရုပ်ရှင် သရုပ်ဆောင်
နှင့် အဆိုတော် ဖိုးသောကြာ ထိန်ထိန်သာ၊ ထိပ်သား ဟူသော သားသမီး လေးယောက်ကျန်ရှိသည် ။

သုမောင် သည် ရန်ကုန် မြို့ ၏ ပြင်းထန် လွန်းသည့် အပူဒဏ်ကြောင့် လွန်ခဲ့သီတင်းပတ် က စပြီး ခန္တာကိုယ်
တွင်းရေဓာတ် ခမ်းခြောက် မှု ဖြစ်ရာမှ ယမန် နေ့ ညနေ က စပြီး အမောဖောက် ကာ သတိလစ်လာသည်
ဟု သိရသည်။

၂၀၀၉ ခုနှစ် မေလ ထုတ် ရွေအမြူတေ မဂဇင်းမှ သုမောင် ၏ ဆွေရယ် မျိုးရယ် ချစ်ကြိုး သွယ်သွယ် နှောင်ဖွဲ့ချီတယ် ၀တ္ထုတို ဖတ်ချင်ပါက ဤနေရာတွင် ကလစ်နှိပ်ပါ

သုမောင် သီဆိုခဲ့သည့် နဂါးနီ သီချင်း

သုမောင် ၏ လူချွန် လူကောင်း

2 thoughts on “အဆိုတော်၊စာရေးဆရာ နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် ကွယ်လွန်

  1. ဧယာဉ်တောင် ကျူးပေးလိုက်သေးတယ်ပေါ့

Comments are closed.