နိုင်ငံရေး အကျဉ်းသား မိခင် အပူဒဏ်ကြောင့် ထောင်ဝင်စာတွေ့ ပြီးအပြန်သေဆုံး ၊ အင်းစိန်ထောင် တွင်း ရေပြတ်လပ်မှု ဖြစ်ပေါ်

Today Heat index near 117 F

Water ..Water every where but not even a drop a drink !!!!!!!!!!

အင်းစိန်ထောင်တွင်း အပူဒဏ်ကြောင့် အကျဉ်းသား အချို့ သေဆုံး

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်ခဲ့ပြီး တာမွေ တွင် စစ်တပ်မှ ပစ်ခတ်
နှိမ်နှင်းသော သေနတ်ဒဏ်ရာ ရရှိပြီး နောက် ထိုဒဏ်ရာ ဖြင့်ပင် ထောင်ဒဏ်  ၅ နှစ် အပြစ်ပေး
ခံထားရသည့် ကိုမြသန်းထိုက် ၏ မိခင်ဖြစ်သူ မှာ စနေနေ့ က တောင်ငူထောင်တွင် သားဖြစ်သူ
အား ထောင်ဝင်စာတွေ့ ဆုံပြီးနောက် အပြန်တွင် ပရိဒေ၀ သောက အပူ၊ရာသီဥတု အပူ တို့ ကြောင့်
ရထားပေါ်တွင် သေဆုံးသွားသည် ဟု တောင်ငူထောင် မှ နိုင်ငံရေး အကျဉ်းသား တစ်ဦး၏ ဖခင်
ဖြစ်သူက Freedom News Group သို့ ပြောသည်။

ကိုမြသန်းထိုက် ၏ မိသားစုမှာ သားဖြစ်သူ အား ထောင်ဝင်စာ မတွေ့ ဆုံ နိုင်သည်မှာ ယခု နှစ်
ဆန်းကတည်းက ဖြစ်ပြီး ၂၀၁၀ ခုနှစ် အတွင်း မောင်ဖြစ်သူ အား ပထမ ဆုံးအကြိမ် သွားရောက်
တွေ့ ဆုံချိန် တွင် ယခုကဲ့သို့  မိခင် သေဆုံးခြင်း ဖြစ်သူ ဟု အမဖြစ်သူ မ၀ါဝါက ပြောသည်။

မြန်မာ နိုင်ငံ တွင် နိုင်ငံရေး အကျဉ်းသား များ အား ထောင်သွင်း အကျဉ်းချထားသည့် နာမည်
ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင် တွင် ချိုးရေ အပြင် သောက်သုံးရေပါ ပြတ်လပ်
မှု နှင့် ကြုံတွေ့ နေရသည် ဟု အင်းစိန် အကျဉ်းထောင် မှ ယခု သီတင်းပတ် အတွင်း   ပြန်လည် လွတ်
မြောက် လာသူ တစ်ဦး က ပြောသည်။

နိုင်ငံရေး အကျဉ်းသား များ ထားရှိရာ တိုက်ဝင်းထဲ တွင် လည်း ရေပြတ်လပ်မှု များ ဖြစ်ပေါ်နေပြီး
အဆောင် များ တွင် အပူဒဏ်ကြောင့် သတိလစ် မေ့ မြောပြီး သေဆုံးမှု များရှိသည် ဟု သိရသည်။

ကျွန်တော် မလွတ်ခင် ၁ ဆောင် ၊၃ ဆောင် နဲ့ အလုပ်ကြီး မှာ သတိလစ်ပြီး တစ်ခါတည်း အသက်
ပျောက်သွားတာ ရှိတယ်။ အခု အလုပ်ကြီး မှာ အပြင် က ကန်ထရိုက် စနစ် နဲ့  ကော်ဇော် တွေ လက်
ခံထား လို့  နေ့ ၊ ည မနား ဘဲ လုပ်နေရတယ် လို့  ပြန်လည် လွတ်မြောက် လာတဲ့ သူက အင်းစိန်
ထောင်၏ ယခု သီတင်း ပတ် အတွင်း အခြေအနေ ကို ပြောပြသည်။

သူက “အဆောင် တွေ ထဲမှာ ညနေ တစ်ခါပဲ ရေချိုးရတယ် ။လိုင်းသမား တွေ က လွဲ လို့ 
ကျန်တဲ့ သူ အကုန် ဆယ်ခွက် ပဲ အပူဒဏ်က ညကျတော့ ဘယ်လို မှ မခံ နိုင် ဘူး ရေတဘက်
လေး ဆွတ်ပြီး နေရတယ် ဟု ပြောသည်။

မြန်မာ နိုင်ငံတ၀ှမ်း တွင် အပူဒဏ်ကြောင့် သေဆုံးသူ  ဦးရေ မှာ ယခုသီတင်း ပတ် အတွင်းမှာ
ပင် သုံးရာ ကျော်ခန့် ရှိသည်။

ရန်ကုန် မြို့ ရေဝေးသုဿာန် တွင် အလောင်းများ အား မီးသဂြိုလ် သည့် အချိန် အားညနေ ၇
နာရီ ထိ တိုးမြှင့် ထားရှိရသည် ဟု ရန်ကုန် မြို့ တော် စည်ပင်မှ တာဝန် ရှိသူ တစ်ဦး ပြောသည်။