
အောင်ပန် ၊ ၊ တနင်္လာနေ့ ည နေ ငါးနာရီ ခန့် က ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ အင်အား စု များ နှင့် မြန်မာ
ရွှေ့ ပြောင်း လုပ်သား များ အများ ဆုံး နေထိုင်သည့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့ တွင်
မိုးသည်းထန်စွာ ရွာသွန်း ပြီးနောက် လေဆင် နှာမောင်း တိုက်ခတ် မှုကြောင့် လူနေ တိုက်တာ
အဆောက်အဦများ အမိုးများ လန်ထွက်ပြီး မြန်မာရွှေ့ ပြောင်း အလုပ်သမား သုံးဦး သေဆုံး
သွားသည် ဟု သတင်းရရှိသည်။
လေဆင်နှာမောင်း စတင် တိုက်ခတ် ချိန် ညနေ ၅ နာရီ တွင် သစ်ပင်ကြီးများ လဲပြိုမှု ကြောင့်
ဓာတ်တိုင် အချို့ လဲ ပြိုကာ လျှပ် စစ်မီးများ ပြတ်တောက် သွားပြီး အချို့ နေရာ များတွင် ယနေ့ 
မနက် မှ ပြန်လာသည် ။ မဲဆောက် မြို့ ရှိ မြန်မာလူမျိုး များ ဖြင့် စည် ကား သည့် ဈေးကြီး တွင်
မူ လျှပ်စစ် ဓာတ်ကြိုးပြတ်ကျမှု ကြောင့် ထိုင်း လူမျိုး တစ်ဦး မှာ ဓာတ်လိုက် ကာနေရာတွင်
ပင် သေဆုံးခဲ့သည်။
သေဆုံးသူ ၏ ဇနီးမှာ မူ ဆေးရုံတွင် တက်ရောက် ကုသခံနေရသည်။

မြန်မာ ရွှေ့ ပြောင်း အလုပ်သမား တစ်ဦး မှာ မူ လေထဲတွင် လွင့် လာသည့် အိမ်ခေါင်းသွပ်
မိုးကြောင့် လက်မောင်း တွင် ၈ ချက် ချုပ် ရသည်။
လေဆင်နှာမောင်း ဒဏ်ကြောင့် ထိုင်းလူမျိုးများ လဲ သေဆုံးပြီး မဲဆောက် မှ တခ် မြို့ သို့ 
အသွား အဝေးပြေး လမ်းမကြီး တွင် မူ ဆိုင်း ဘုတ် ပြိုကျသဖြင့် ဆိုင်ကယ် စီးလာသည်
ထိုင်း လူမျိုး ကြင်စဦး ဇနီး မောင် နှံ နှစ် ဦးမှာ နေရာ တွင် ပင် ဆိုင်ကယ် မှောက် ၍ သေ
ဆုံးသွားသည်။
ယမန်နေ့ ညက လေဆင် နှာမောင်းကြောင့် မြန်မာ ရွှေ့ ပြောင်း အလုပ်သမား သုံးဦး သေဆုံး
သွားသည် ဟု မဲဆောက် ဈေးကြီး ထဲ ရှိ အထည် ဆိုင်မှ ဒေါ်သီတာဝင်း ကပြောသည်။

ဒေါ်သီတာ ၀င်းက “ရန်ကုန်မှာ မိုးရွာတယ် ဆိုလို့ ပျော် လို့ မှ မဆုံးခင် လေဆင်နှားမောင်း
ဝင်တာပဲ …လေတွေ တ၀ူးဝူး နဲ့  ကမ္ဘာ ပျက်မတတ် ပဲ ဈေးထဲ မှာ ဓာတ်ကြိုးတွေ က အကုန်
ပြတ်ကျတာ… သွပ်မိုး တွေ က လွင့် တစ်နာ ရီလောက်ကြတယ် ဟု သူက လေဆင်နှာမောင်း
တိုက် ခတ် ပုံ ကို ပြောပြသည်။
လေဆင် နှာမောင်း ကြောင့် မြန်မာ ရွှေ့ ပြောင်း အလုပ်သမား များ၏ သားသမီး များအတွက်
ပညာသင်ပေးနေသည့် ကျောင်း များတွင် ပျက်စီး ဆုံးရှုံး ပြိုကျမှု များ ဖြစ်ပေါ်ခဲ့သည်။
မဲဆောက် မြို့ ရှိ ရွှေ့ ပြောင်း အလုပ်သမား ပညာရေး အတွက် အားထားရ ကျောင်း တစ်ခု
ဖြစ်သည့် SAW ကျောင်း သည် လည်း လေဆင်နှာ မောင်းဒဏ် ကြောင့် ပျက်စီး ခဲ့ရသည်။
မဲဆောက် ရှိ မြန်မာ ရွှေ့ ပြောင်းပညာရေး ကျောင်း ဆရာတစ်ဦး ဖြစ်သူ ကိုမြင့်ဦး က
ကျောင်း တွေ တော်တော်များများ ထိခိုက် ပျက်စီးတယ်။ နောက် မြန်မာ တွေ အနေ များ
တဲ့ ထုံထောင်း နဲ့  မယ်ပ ဘက်မှာ လည်း အိမ်ခေါင်း မိုးသွပ် တွေ က ဓာတ်တိုင် တွေ မှာ
တောင် လေနဲ့ တက်ချိတ် နေတယ် ဟု Freedom News Group သို့ ပြောသည်။

မဲဆောက် မြို့ တွင် မေလ ၁၆ ရက်နေ့ ညနေကတည်း က မိုးစတင် ရွာသွန်းခဲ့သည်။
မဲဆောက် မြို့  ပန်းခြံတွင် မြန်မာ ကလေး ငယ်တစ်ဦးမှာ လက်ကျိုးသွားပြီး ဆော့ ကစား
နေသည့် ထိုင်းကလေး ငယ် မှာ မူ အုန်း သီး ကြွေကျမှု ကြောင့် ဦးခေါင်း တွင် ဒဏ်ရာရှိ
ကာ မဲဆောက် ညမြို့ ဖဝေါ ဆေး ရုံကြီး တွင် တက်ရောက် ကုသခံနေရသည်။
ဒဏ်ရာရရှိသော မဲဆောက် ရှိ မြန်မာ ရွှေ့ ပြောင်း အလုပ်သမား များမှာမူ မဲဆောက် ဆေး
ရုံကြီး တွင် တက်ရောက် ကုသခံနေရသည်။
ထိုင်း-မြန်မာ နယ်စပ် မြို့ တစ်မြို့ ဖြစ် သည် တခ်ခရိုင် အတွင်းမှ မဲဆောက် တွင် မြန်မာ
ရွှေ့ ပြောင်း အလုပ်သမား ဦးရေ တစ်သန်း ခန့်  ရှိသည်။

လေဆင်နှာမောင်း ဒဏ် ကြောင့် မဲဆောက် မြို့ ရှိ နာမည် ကျော် ဟိုတယ် တစ်ခု ဖြစ်
သည့် ဆင်တာရာ မဲဆောက် ဟေး ဟိုတယ်တွင် တည်း ခိုနေသည့် ဂျာမဏီ နိုင်ငံ
သား တစ်ဦးမှာ သွပ်ပြား လွင့်စင် မှု ကို ကာရင်း လက်ချောင်းများ ပြတ်တောက်သွား
သည် ။
မဲဆောက် လေဆင်နှာ မောင်း ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသည့် အိမ်များအား
မဲဆောက် အာဏာပိုင်များ မှ လိုက်လံ အကူအညီ ပေးပြီး တခ် ခရိုင် နှင့် ထိုင်း
နိုင်ငံတွင်း ရှိ စေတနာ့ ၀န်ထမ်း အဖွဲ့ များ ကလည်း ယနေ့ လာရောက် ၍ ကူညီ
ကယ်ဆယ် မှု များ ပြုလုပ်ကြသည်။

