မန္တလေးတိုင်း မေမြို့ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ရတနာ ခန်းမ၌ တက္ကသိုလ် ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ် ၁၄ ဖွင့်ပွဲတွင် အတွင်း ရေးမှူး (၁) ကိုယ်စား ၀န်ထမ်း ရွေးချယ် လေ့ကျင့်ရေး ဥက္ကဌ ဦးကျော်သူက ထူးခြားစွာ အမှာစကား ပြောခွင့်ရသည်။
![]() |
အထက်မြန်မာပြည် တက္ကသိုလ် ကောလိပ် အသီးသီးမှ ဆရာ၊ ဆရာမ ၅၃၈ ယောက်တို့ တက်ရောက်သည့် တစ်လ သင်တန်း ဖွင့်ပွဲတွင် ယခုလို ၀န်ထမ်းတွေကို ၀န်ထမ်း ဥက္ကဌက တရားဝင် စကားပြောခွင့် ရခြင်းမှာ နအဖ အစိုးရ လက်ထက် ပထမဆုံး အကြိမ် ဖြစ်သည်။ ယခင် ဆရာ ဆရာမများ၏ သင်တန်း ဖွင့်ပွဲ ပိတ်ပွဲတိုင်း အတွင်းရေးမှုး(၁) ဗိုလ်ချူပ်ကြီးများကသာ ဩ၀ါဒ တိုက်ကြွေးမြဲဖြစ်သည်။
ဦးကျော်သူမှာ ဒေါက်တာ မောင်မောင်၏ သားဖြစ်ပြီး၊ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးအဖြစ်မှ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် မတည့်၍ ၀န်ထမ်း ရွေးချယ်ရေး အဖွဲ့သို့ အရာချ ရွှေ့ပြောင်း ခံရသူ ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အသိုင်း အ၀ိုင်းမှ ပြောကြသည်။
သို့သော် ၀န်ထမ်း ရွေးချယ်ရေး ဥက္ကဌ ရာထူးသည် အရာကျ သွားခြင်း မဟုတ်ဘဲ၊ ၀န်ထမ်းတိုင်းကြိုက်သည့် ရာထူးဖြစ်ကြောင်းလည်း ဆရာ၊ ဆရာမ အချို့က ပြောပြသည်။ ထိုရာထူးသည် ၀န်ကြီး ရာထူးနှင့် လစာတူ အဆင့်တူဖြစ်ကြောင်း၊ ဦးကျော်သူ အရင် နှစ်ပေါင်းများစွာ ဥက္ကဌ လုပ်ခဲ့သူ စီးပွားရေး တက္ကသိုလ် ပါချူပ်ဟောင်း လူပျိုကြီး ဒေါက်တာ သန်းညွန့် ဆိုလျှင် မာစီးဒီး နှစ်စီး အပါအ၀င် ဇိမ်ခံကား ၅စီး ပိုင်ဆိုင် ခဲ့ကြောင်း ပြောပြသည်။ (မှတ်ချက်၊ ထို ဒေါက်တာ သန်းညွန့်မှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သူငယ်စဉ်က ချစ်ကြိုက်ခဲ့ပြီး လွဲခဲ့ရကြောင်း သူနှင့် နီးစပ်သူများကို ယခုထိ ဂုဏ်ယူ ပြောတတ်သည်ဟု တက္ကသိုလ် အသိုင်းအ၀ိုင်းက ဆိုသည်)
ပြန်တမ်းဝင် အရာရှိဖြစ်ဖို့၊ ရာထူးတိုးဖို့ အတွက် လက်ဆောင် ပန်းခြင်း မှအစ ကိုယ်ပိုင်ကား၊ တိုက်ခန်း စသည်များ အထိ ၀န်ထမ်း ရွေးချယ်ရေး ဥက္ကဌကို ဆက်သ ရကြောင်း၊ ဗိုလ်ချုပ်ကြီးများ ဇနီး သားသမီးများကပင် ပြန်လည် ဖားရသည့် လူမသိ သူမသိ ချမ်းသာနေသည့် ရာထူးဖြစ်ကြောင်း တက္ကသိုလ် ဆရာမ တစ်ဦးက မောက္ခ သတင်းဌာနကို ပြောပြသည်။
နိုင်ငံခြားရေး ၀န်ကြီး ဥာဏ်ဝင်းနှင့် မတည့်၍ နိုင်ငံတကာ မျက်နှာစာ မရောက်တော့ သော်လည်း၊ ၀န်ထမ်း ပေါင်းစုံကို ချူပ်ကိုင် အသုံးချခွင့် ရမည့် ဦးကျော်သူသည် ယခု မွမ်းမံ သင်တန်း ဖွင့်ပွဲတွင် အစိုးရ ၀ါဒဖြန့် ပညာရေး မူဝါဒ ၃၆ ချက်၊ နှစ် ၃၀ ပညာရေး စီမံကိန်း တို့ကိုပင် ထပ်ပြော သွားကြောင်း သိရသည်။
သတင်းရင်းမြစ် မောက္ခ ပြည်တွင်း သတင်း


Its one of the best blog/site ever seen my life. You have been shared best knowledge which is really helpful for everyone & I must say about your management of blog/site is fabulous & fantastic. Hats off to webmaster.
လူကြီးတွေရဲ့ လစာကတော့နဲ့တယ်နော်။တစ်သက်တာ လစာဟာ ဒီခေတ် နွားလှည်းတစ်စီးလောက်ပဲဝယ်နိုင်တာပါ
ဒါပေမဲ အစုအဆောင်းကောင်းတော့ သိန်းထောင်ကျော်တန်ကားတွေ သိန်းသောင်းကျော်တန်အိမ်ယာတွေ သားသမီး
မြေးတွေ အထိ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာသင်ပေးနိုင်တယ်။ ကုန်မဏီတွေ သွင်းကုန်ထုတ်ကုန်တွေ အို ချမ်း
သာလိုက်ကြသမ မယုံချင်အောင်ပါနော်။ လဒ်ပေးလဒ်ယူတွေများတော့ ပြည်သူတွေမွဲ လက်တစ်ဆုပ်စာ လူတမ်းစား
တွေသာ ကျိကျိတက်ချမ်းသာနေတယ်လေ။ အင်း တိုင်းပြည်ချစ်လို့မဟုတ်ပါဘူး။ မိသားစုချမ်းသာချင်လို့ စားခွက်
လုနေကြတာပါ။
ဒေါက်တာ သန်းညွန့် ပိုင်တဲ့ မာစီးဒီး ကား မြင်ဖူးပါတယ် ဗျာ။ ဟို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ထုတ်တဲ့ ကား အဟောင်းကြီးပါ။ ကားနံပါတ်က ဇ နံပါတ်ကြီး။ သူ့ရဲ့ အဖေက ကုလသမဂ္ဂမှာ ဦးသန့်လို မျိုး ရာထူးမြင့်မြင့် နဲ့ တာဝန် ထမ်းဆောင်ခဲ့ တုန်းက သွင်းထားတဲ့ ကား အိုကြီးပေါ့။ အခုတော့ သူ့အဖေ ဆုံးပြီး သူအမွေရထားတာပါ။ တကယ် လာဘ်စားလို့ ရတာဆိုရင် နောက်ဆုံးပေါ် ကားမျိုးတွေ စီးမှာပေါ့။ ဘာလုပ်ဖို့ ကားအဟောင်းကြီး စီးမှာလဲ။ သူပိုင်တဲ့ ကားအစုတ်ကြီး ကို ကြည့်ပြီး ဒီ အလုပ်က သိပ်ထော မဲ့ အလုပ် တော့ မဟုတ်ဘူးလို့ တွေး မိပါတယ်။