Failure Of Thai Democracy ?
မြို့ ပြပျောက်ကြား စစ်များ ဆက်လက်ဖြစ်ပွား



ထိုင်းစစ်တပ် ရဲ့ တိုက်ခိုက်မှု တွေ ကို ပြန်လည် ခုခံရင်း အနီဝတ် UDD အင်အားစုတွေ မီးရှိုခဲ့တဲ့ ဘန်ကောက်
မြို့ လည် က Central World ရှော့ပင်း ပလာဇာကြီး ရဲ့ အစိတ် အပိုင်း အချို့ ဟာ ည ၁၂ ခန် မှာ ပြိုကျသွားခဲ့ပါတယ် ။နေ့ လည်က UDD အဖွဲ့ ဝင်တွေ ၀င်ရောက်ပြီး မီးရှို့ ခဲ့တဲ့ အတွက် Central World ပလာဇာ ဟာ ခြောက် နာရီ လောက် မီးစွဲ လောင် တာ ခံရပြီး နောက် ပြိုကျ သွားတာဖြစ်ပါတယ်။

အရှေ့ တောင် အာရှမှ ဒုတိယ အကြီး ဆုံးဖြစ်တဲ့ Central World Shopping Mall ဟာ မြန်မာ နိုင်ငံ က
နေ ဘန်ကောက် ကို ဈေးဝယ် ထွက် ကြသူ တွေ အများ ဆုံး သွားကြတဲ့ နေရာ လည်းဖြစ်ပါတယ်။နိုင်ငံခြား သတင်းထောက် တွေ ကို စကားပြန် လုပ်ပေးတဲ့ ဘန်ကောက်နေ ထိုင်း အမျိုး သမီး Nice ကတော့ UDD တွေ ရဲ့  အမာခံ စခန်း လုံမဏီပန်းခြံ ကို ထိုင်း စစ်တပ်က သိမ်းလိုက်ပြီး ခေါင်းဆောင် တွေ အဖမ်းခံရတော့ အားလုံးပြီးသွား မယ် မှတ်တာ အခု မှ ပို ဆိုး လာတယ် လို့  Freedom News Group ကို ပြောပါတယ်။

ဆန္ဒပြသူတွေ ဟာ လုံမဏီ ၀ါးတာ ယာ စခန်း ကို ၎င်း တို့ စွန့် ခွာတော့ ထိုင်း စတော့ အိပ်ချိန်း အပါအ၀င်
ခွန်ထိုင်း ဘဏ် အပါအ၀င် အခြား ဘဏ် လေးခု ၊ရုပ်ရှင်ရုံ နဲ့ လျှပ် စစ် မီးပေးရေး အဖွဲ့ တွေ ကို မီးရှို့ ခဲ့တာ
ဖြစ်ပါတယ်။
မီးစွဲလောင် နေတဲ့ စင်ထရယ် ဝေါ အဆောက် အဦး ကို မီးသတ် ကားတွေ နဲ့ ငြိမ်းသတ် ခဲ့ပေမယ် အဆောက
အဦရဲ့ အစိတ် အပိုင်း တစ်ချို့ ကို သာ ငြိမ်းသတ် နိုင်ခဲ့ပါတယ်။
ယနေ့ ည ဘန်ကောက် မြို့ ဟာ ပစ်ခတ်မှု တွေ ၊လုယက် မှု တွေ အပြည့် ဖြစ်နေပြီး ညမထွက် ရ အမိန့် ကြောင် ဘန်ကောက် မြို့ သားတွေ ဟာ အကြီး အကျယ် ဒုက္ခတွေ့ နေရပါတယ်။ဘန်ကောက် မြို့ ရဲ့ လက်ရှိ အခြေအနေ ဟာ ပြောရမယ် ဆိုရင် ဥပဒေ စိုးမိုး မှု ကင်းမဲ့နေတယ်
လို့ ဆိုရမယ် လို့  ဘန်ကောက် ရှိ့ ဂျပန် သတင်း ထောက် ကိုဇိုရိုအာ က Freedom News Group ကို ပြောပါတယ်။
လုံမဏီ စခန်း ကို ၀င်ဆီးစဉ် ထိုင်း စစ်တပ်ရဲ့ ဖမ်းဆီးမှု ကို ခံရတဲ့ UDD အဖွဲ့ ဝင်တွေ ကို ထိုင်း လုံခြုံရေး အဖွဲ့ ဝင်တွေ က လူမဆန်စွာ စစ်ဆေး
မေးမြန်းမှု တွေ ရှိတယ် လို့ UDD အဖွဲ့ ဝင် တစ်ဦး က ပြောပါတယ်။


ယနေ့ နေ့ လည်းက စပြီး ချင်း မိုင် နဲ့ ထိုင်း နိုင်ငံ မြောက် ပိုင်း မြို့ တွေ မှာ မငြိမ် မသက် မှု တွေ ဆက်လက်
ဖြစ်ပေါ်လျှက်ရှိပါတယ်။



ဒါမျိုးတွေဆိုတာမဖြစ်သင့်ဘူး
အယ်ဒီတာခင်ဗျား —
အနီဝတ်တွေဟာ သက်ဆင် ( လူတဦး၊ တမိသားစု) ကောင်းစားရေးအတွက် အတွေးအခေါ်ခေါင်းပါးစွာ ကိုယ့်တိုင်းပြည်ကို ကိုယ်ဖျက်ဆီးနေတာလို့ မြင်ပါတယ်။ အင်မတန်းရမ်းကားမိုက်မဲပါတယ်။ ဒီမိုကရေစီရေး
တိုက်ပွဲဝင်နေတာမဟုတ်သလို ရှပ်နီတွေဟာ နအဖ ကြံ့ဖွတ်တွေ ဖြစ်ပြီး ထိုင်းတချို့ သက်ဆင်ကို ဒေါ်စု နဲ့
နှိုင်းနေတာလဲ လက်မခံနိုင်ပါ။ ဖရီးဒမ်းနယူးစ် မီဒီယာဂရုပ်အနေနဲ့ http://www.nationmultimedia.com/specials/nationphoto/show.php?pid=9300 က သရုပ်ဖေါ်ကာတွန်းကို သုံးသပ်ကြည့်စေချင်ပါတယ်။
စာဖတ်ပရိတ်သတ်ကို အမြင်အမှားများမပေးစေလိုပါ။ ရှပ်နီတွေ ညီညွတ်ကြတာကို မြန်မာပြည်သူတွေ အတုယူစေချင်သော်လဲ အနေအထား အခင်းအကျင်း မတူပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
သက်ဆင် ၀န်ကြီးချုပ်လက်ထက်က တစ်နေ့တည်းလူအယောက်၁၀၀ ကျော်မိုင်းခွဲသတ်ဖြတ်ခဲ့မှုအတွက် ဒီနေ့ဘန်ကောက် သူပုန်တွေသောင်းကျန်းတာကို စစ်တပ်ကနှိမ်နှင်းတာ နှိုင်းယှသ်ရင် မပြောပလောက်ပါဘူး လက်နဲ့မဲ့တဲ့ပြည်သူတွေကို ဘုရားကျောင်းဝန်းထဲကရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သက်ဆင်က ယနေ့ထိအမှန်တရားပေါ်ထွက်မလာပါဘူး။ သက်ဆင်ဟာ မာဖီးယားပါဘဲ အပီစစ်အစိုးရဟာ ထိုင်းပြည်သူတွေအတွက် ကံအကောင်းဆုံး အစိုးရပါ ကမဘာမှာဘယ်အစိုးဥရကမှမလုပ်ရဲတဲ့အလုပ်ကို ထိုင်းအစိုးရ အပီစစ်က လုပ်ပြနိုင်ခဲ့တယ် တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံအ၀ှန်း တိုက်ရိုက်ထုတ်လွှင့်ရဲခဲ့တယ်။ အဲသလိုမျိုး ဘယ်အစိုးရလုပ်နိုင်လဲပြောကြည့်ပါ။ အမေရိကန်သမမတ ဂျော့်ဘုရ်တောင် သတင်းစာရှင်းလင်းပွဲမှာ ဖိနပ်နဲ့ပေါက်ခံရတာက ကမဘာတစ်ဝန်းအရှက်တကွဲပါ။