မဟာမိတ်တို့ နာဇီ ကို ချေမှုန်း သလို ထိုင်းစစ်တပ် က ဆန္ဒပြသူများ ကို သံချပ်ကာကားများ၊တင့်ကားများဖြင့် အလုံးအရင်း ပိတ်ဆို့ ချေမှုန်း (၁၈ မိနစ် ဗီဒီယို)

Thai Military Assault Vehicle Invade Red Shirt ‘s Heaven

Is Bangkok Burning ?

ယနေ့  ဘန်ကောက် အခြေအနေ တိုက်ရိုက် သတင်းပေးပို့ ချက်
ထပ်မံတိုးတက် ဖြစ်ထွန်း သမျှ ကို အချိန် နှင့် တပြေးညီ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

၁၂:၀၀ နာရီ အဝေးရောက် သက်ဆင်က ဆန္ဒပြပွဲ များ ကို စစ်တပ် ၏ နှိမ်နှင်း ပုံကြောင့် ပြောက်ကျားစစ်အသွင်ပြောင်းသွားနိုင်ဟု ဆို
၁၀:၁၅ နာရီ ဂက်(စ်) အိုး နှင့်တာ ယာ များ ကို မီးလောင် ဗုံး အဖြစ်တွဲ ချဉ်ထားပြီး ရှပ်နက် များ အသေခံ ဗုံးခွဲမှုကြီး ပြုလုပ်ရန်စီစဉ်(ပသုနမ် ကုန်တိုက်ရှေ့ ) အဲဒီဧရိယာတစ်ဝိုက်ကလူတွေအားလုံးကို ရဲကားများနှင့် ဘေးကင်းရာကို ပို့ပေးနေပါပြီ

Photo : Financial Times


UDD တို့ ၏ ၀ါးတာယာ စခန်းထဲသို့  သံချပ်ကာကား စတင်ဝင်ရောက်စဉ် ဓာတ်ပုံ CNN

၁၁း၀၀နာရီ နာထတ်ဝတ် ဆိုင်ကူး မှ လွဲ၍ အခြား အနီဝတ် ခေါင်းဆောင် များ ဆာလာဒင်း လမ်းဆုံအနီးရှိ လုံမဏီ ပန်းခြံ စခန်း ကို စွန့် ခွာ

၁၀း၃၀ နာရီ နိုင်ငံခြား သတင်း ထောက် သုံးဦး သေနတ် ထိမှန် အရှေ့ အလယ်ပိုင်းသတင်းဌာန တစ်ခု အတွက် လုပ်ကိုင်ပေးတဲ့ အီတလီ  ဂျာနယ် လစ် နှစ်ဦးသေဆုံး ၊ဒတ်ခ်ျဂျာနယ်လစ်ပြင်းထန်စွာ ဒဏ်ရာရ

၁၀း၀၀ နာရီ တန်ပြန်တိုက်ခိုက်မှု ကို လိုလားသည့် အမဲရောင် ၀တ် (Black Shirt) များက ကားတာယာများကို မီးရှို့ ခုခံရာမှ ဘွန်ကိုင်
အနီး ရှိ ကက်ဆီကွန် ဘဏ် မီးလောင်

၉း၃၀ နာရီ သံချပ်ကာ ကား နှစ် စီး လုံမဏီ ပန်းခြံရှိ ၀ါးတာယာ အကာအယံ များ ထိုးဖောက်  ဖြိုဖျက်ပြီး စတင်ဝင်ရောက်

THIS IS A BREAKING NEWS UPDATE. Check back soon for further information. FNG’ s earlier story is below.

၈း၀၀ နာရီ ယနေ့ မနက် လင်း အားကြီး အချိန် လောက်ကစပြီး ထိုင်းစစ်တပ်က သံချပ်ကာ ကားတွေ ၊တင့်ကားတွေ
နဲ့  အာဏာရှင်ဆန့် ကျင့် ရေး ဒီမိုကရေစီ တပ်ဦး စခန်းချရာ ဘန်ကောက် မြို့ လည် က ရာချာပရာဆောင်
တ၀ိုက် မှာ ပိတ် ဆို့ နေရာ ယူထားပါတယ်။နံနက် ၇ နှစ်နာရီ လောက်က စပြီး သက်ဆင် လိုလားတဲ့အနီ
ဝတ် ဆန္ဒပြသူတွေ စခန်းထဲက နေ ထွက်ပေး ဖို့ အမေရိကန် နိုင်ငံ လုပ် ဟမ်းဗွီး စစ်ကား တွေ ပေါ်ကနေ
အသံချဲ့ စက် နဲ့ သတိပေးနေပေမယ့် ၀ါးတာယာ ခံတပ် နောက် က ရှပ်နီ ၀တ် တွေ ကတော့ အဘီဆစ် အစိုး
ရ အလို မရှိ …စစ်သားတွေ ဘားတိုက် ပြန် …ငါ့တို့ သွေး တွေ နဲ့  ထိုင်း နိုင်ငံ ရဲ့ ရာဇ၀င် ကို ရေးမယ် ဆိုတဲ့
အသံ ဟာ ….ပသုဝမ် ဘက်ကနေ အထိ ကြားနေရတယ် လို့  Freedom News Group ရဲ့  ဘန်ကောက် အခြေ
စိုက် သတင်း ထောက် မဇင်မာထွန်း က သတင်းပေးပို့ ထားပါတယ်။

မနေ့ က အနီဝတ် တွေ ရဲ့ ဖမ်းဆီးခြင်း ကို ခံရတဲ့ မြန်မာ သတင်း ဌာန တစ်ခု ဖြစ်တဲ့ ဧရာဝတီ အပါအ၀င် ၀ါရှင်တန်ပို့ စ်၊
France 24 သတင်းဌာန တွေ ကို ဘာသာ ပြန်ဆိုပေးတဲ့  ထိုင်း အမျိုး သမီး Nice ကတော့ ဒီနေ့ သူကို ဘာသာပြန်
ပေး ဖို့ ငှားထားတဲ့ သတင်း ဌာန တွေ ကို အခြေအနေကြည့် ပြီး လုပ်ပေးရမှာ ဖြစ်တယ် လို့ Freedom News Group
ကိုပြောပါတယ်။

လွတ်လပ်ရေး ကျောက်တိုင် နဲ့ Central World တစ်ဝိုက်မှာတော့ သူနာတင်ယာဉ်တွေ ၊မီးသတ်ကား တွေ ၊
အသင့် စောင့် ဆိုင်းနေပါတယ်။ ဒီနေ့ ဘန်ကောက် ကုလ ရုံး အရှေ့ မှာတော့ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ လုပ်မှာ ဖြစ်ပြီး အဲဒီနေ ရာကို တော့ FNG ရဲ့ သတင်းထောက် ကိုဦး ကရောက်ရှိနေပါတယ်။

Thai soldiers aboard an armored personnel carrier take aim at anti-government protestors in Lumpini Park in downtown Bangkok, Thailand, Wednesday, May 19, 2010. (AP Photo/David Longstreath)

ထိုင်းစစ်တပ်က ပိတ်ဆို့ ထားတာကြောင့် ဘွန်ကိုင် နဲ့  ရာမ လေး မှာ ရှိနေ တဲ့ မြန်မာ မိသားစုတွေ ဒုက္ခရောက်
နေကြပါတယ်။ ထိုင်းလူမျိုးတွေ အတွက်က ကယ်ဆယ်ရေးတွေ ရှိပေမယ့် ကျွန်မ တို့ မြန်မာ တွေ အတွက် တော့ မရှိ
ဘူးလို့  ဘန်ကောက် ညဈေး မှာ ဈေးရောင်း တဲ့ မစပယ် ကပြောပါတယ်။

နံနက် အစော ပိုင်းက ထိုင်းစစ်တပ် ရဲ့  မိုးပေါ် ထောင်ပြီး ပစ်လိုက်တဲ့ M16 ကျဉ်ဆန်တစ်တောင့်ဟာ ဆန္ဒပြသူ
မဟုတ်တဲ့ သာမန် အရပ် သား တစ်ဦး ကို ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။သီတင်း တစ်ပတ်ကြာပြီ ဖြစ်တဲ့ ထိုင်းစစ်

တပ် ရဲ့ UDD ၀ါးတာယာ ခံတပ် ထိုးစစ် မှာ ၄၂ ဦး သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရရှိထားပါတယ်။ သေဆုံး
သူတွေ ထဲမှာ ရှပ်နီ တပ်မှုးကြီး ဆာဒင်း လို့ နာမည် ကြီးတဲ့ ထိုင်းစစ်တပ် က အနားပေးခံထားရတဲ့ ဒုတိယ ဗိုလ်
ချုပ်ကြီး ဟောင်း ခတ္တိယ ဆာဝါဒီဖောလည်း ပါဝင်ပါတယ် ။ ဗိုလ်ချုပ်ကြီး ခတ္တိယ ကို လုပ်ကြံသလိုပဲ လက်ဖြောင့် ထိုင်းစစ်တပ် က လက် ဖြောင့် တပ် သားတွေ ဟာ လုံမနီ ပန်းခြံတ၀ိုက် မိုး မျှော် တိုက်ကြီး တွေ မှာ လှို့ ဝှက် စခန်းချနေ တယ်လို့ ဆိုပါတယ်။

ရာမ ၁ နဲ့ ရာမ ၄ လမ်းမှာ ထိုင်း စစ်သားတွေ ဟာ ခွေးတို့ မရ အောင် ကို လမ်း တွေ ကို ပိတ် ဆို့ ထားပါတယ်။

ဆန္ဒပြသူများ စခန်းချထားသောနေရာသည် ထိုင်းပါလီမန် နှင့် အစိုးရ အဖွဲ့ ရုံးစိုက်ရာ အနီးတွင် ဖြစ်သည်။