အိန္ဒိယ နိုင်ငံ အန်ဒရာပရာဒေရှ် ပြည်နယ်၏ အရှေ့ တောင်ဘက်၊ တမီလ်နာဒူလ် ပြည်နယ် ၏ ချင်းနိုင် မြို့ ၏ အရှေ့ တောင်ဘက်
ဘင်္ဂလား ပင် လယ် အတွင်း ရှိ လိုင်လာ အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့ (ဗုဒ္ဒဟူး နေ့ )မနက် တွင် ပိုမို
အားကောင်း လာသည် ဟု Freedom Weather Forecast မှ သတင်းထုတ်ပြန်သည်။
လိုင်လာ မုန်တိုင်းသည် မြန်မာ နိုင်ငံ ပုသိမ် မြို့ နှင့် မိုင် ၆၅၀ ခန့် အကွာ ကို ဗဟို ပြုနေသော် လည်း မုန်တိုင်း
သည် မြောက် အရပ် တည်တည့် သို့ ဦးတည် ပြီး ပိုမို အားကောင်း လာမည် ဆိုပါက ပင်လယ်ပြင် ရှိ မြန်မာ့
ရေလုပ်သားများ၊ ပုသိမ် နှင့် ဧရာဝတီ တိုင်း တို့ တွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ အထိရှိမည် ဖြစ်သည်။
လိုင်လာ မုန်တိုင်း ၏ အရှိန်ကြောင့် အင်္ဂါနေ့ ညက ချင်းနိုင် နှင့် အန်ဒရာပရာ ဒေရှ် ပြည်နယ်တွင် လေတိုက်နှုန်း
တစ်နာ ရီ မိုင် ၆၀ အထိ ရှိခဲ့ပြီး ပျက်စီး မှု များရှိခဲ့သည်။
လိုင်လာ သည် မြန်မာ နိုင်ငံသို့ ဦးတည် ရှေးရှုခြင်း မရှိဟု သိရသည်။ဆိုင်ကလုန်း လိုင်လာ ၏ အရှိန်ကြောင့်
အောက်မြန်မာ နိုင်ငံ နေရာအချို့ တွင် မိုးသည်းထန် စွာ ရွာသွန်း နိုင်သည်။
