Burmese Human Rights Activist Dies in Jail
မြင်းခြံထောင် မှာ အကျဉ်းချထားခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကို ကျော်စိုးဟာ ဒီနေ့ မနက်က ဇနီးဖြစ်
သူ ကို ထောင်ဝင်စာ တွေ့ နေ ချိန် မှာ ပဲ ထောင်တွင်း ကျမ္မာရေး အခြေအနေ ဆိုးရွား နေမှု ကို ဆေးကု
ထောင်အာဏာပိုင်များ က လစ်လျှူ ရှုထားတဲ့ ဒဏ် ၊ပူပြင်း လွန်းတဲ့ ရာသီ ဥတု ဒဏ်တို့ ကြောင့် သေဆုံးခဲ့
တယ် လို့ သတင်းရရှိပါတယ်။
ကိုကျော်စိုး ဟာ HRDP လို့ ခေါ်တဲ့ ဦးအေးမြင့် ရဲ့ လူ့ အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများ အဖွဲ့ က
အဖွဲ့ ဝင် တစ်ဦးဖြစ်ပြီး သူ့ ကို ၂၀၀၇ စက်တင်ဘာ မှာ စစ်အစိုးရ က ဖမ်းဆီးပြီးနောက် ထောက်ဒဏ် ၁၀ နှစ်
ချမှတ် ခံထားရတယ်။
လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက နာမကျန်း ဖြစ်နေတဲ့ ကို ကျော်စိုးကို ဆေးကုသခွင့် ပေးဖို့ ထောင် အာ
ဏာပိုင် တွေ ကို ခွင့်တောင်း ခဲ့ပေမယ့် ထောင် အာဏာပိုင် တွေ က လစ်လျှု ရှု ခဲ့တာ ဖြစ်ပါတယ်။
ကွယ်လွန် ချိန် တွင် ကိုကျော်စိုး ဟာ အသက် ၃၉ နှစ် အရွယ် ရှိနေပြီး ဇနီးဖြစ်သူ နဲ့  ခုနှစ် အရွယ်သမီး တစ်
ဦး ကျန်ရှိခဲ့တယ် လို့  နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်တဲ့ ကို ချစ်မင်းလေး ရဲ့  ဦးလေး ဖြစ်သူက Freedom
News Group ကို ပြောပါတယ်။

ကျွန်တော် ငိုမိတယ်ဗျာ……..ရင်ထဲ မှာ နစ်ကနဲ ဘဲ………..
ကျော်ကျော်စိုး(ခ)အပါလေး ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းလိုက်ပါတယ်။
ကျွန်တော်တော့ စိတ်မထိခိုက်မိဘူး ချိုသင်းရေ။ ကိုကျော်စိုးဟာသူ့သမိုင်းကိုသူရေးသွားတာပါ။ လူဆိုတာသေမျိုးပဲမို့ သူ အေးအေးချမ်းချမ်း အသက်မဆုံးရတာ စိတ်မကောင်းပေမယ့် တိုက်ဆိုင်လာတိုင်း သူဟာ သူရဲကောင်းအဖြစ် အများက အမှတ်ရနေကြမှာပါ။ စစ်အခန်းအနားနဲ့သဂြိုလ်ခြင်းခံရတဲ့ ဗမာဝန်ကြီးချုပ်ဟောင်းထက် သူ့ရဲ့သေခြင်းက မြတ်သလို လူမသိ သူမသိလည်း မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့စိတ်ထိခိုက်ရမှာက သူလို သားကောင်းမျိုးတွေ အနာဂတ်မှာ အားကိုးနိုင်ဖို့ အခွင့်အရေးလျော့ပါးသွား ရတဲ့ တိုင်းပြည်အတွက်ပါ။
တရားမျှတမှုအတွက် လူမသိ သူမသိ စတေးနေကြတဲ့ သူရဲကောင်းတွေအတွက် စိတ်ထိခိုက်လိုက်ရတာ..