Blaze of Glory and But Not Unbowed in Thailand
Is this Mini – Civil War ?
Presented by Visual Journalism of Freedom News Group Updated and Commented

သင်တို့ ၏အတွေးအမြင် များ ကို freedomnewsgroup@gmail.com သို့ ပို့ ပေးပါ။
ဘလူး ရဲ့  အတွေးအမြင်ဖြစ်ပါတယ်
အောင်ဆန်းစုကြည်နဲ့ သက်ဆင်၊ အက်ဘီဆစ်နဲ့ သန်းရွှေ တစ်ကယ်ဆိုပြောင်းပြန်ကြီးပါဗျာ… ဆန္ဒပြသူချင်းမို့ ရှပ်နီနဲ့ ရွှေဝါရောင် တူတယ်လို့ အပေါ်ယံတွေးကြတာ တွေ့လို့ပါ။ ရှပ်နီတွေက ဒီမိုကရေစီကျကျ ဆန္ဒပြတာမှန်ပေမယ့် နောက်ပိုင်းမှာ လမ်းလွဲပြီး အကြမ်းဖက်ခဲ့ကြတယ်လေ။ သေနပ်နဲ့ပြန်ပစ်ရုံ မကဘူး၊ အဆောက်ဦးပေါင်း ၄၀ လောက်မီးရှို့ခဲ့ပါတယ်။ သူတို့ဆန္ဒပြတာကလည်း အဘီဆစ် ပြုတ်ရေးသာမက သက်ဆင် ဝန်ကြီးချုပ်ပြန်ဖြစ်ရေးတွေ ပါလာလို့ အများစုက သက်ဆင့်စနစ်ဖြစ်တယ်လို့ အခိုင်အမာ ပြောကြတာဖြစ်ပါတယ်။
ရွှေဝါရောင်ကတော့ လုံးဝ ငြိမ်းချမ်းရေးပါ။ ခဲပေါက်တယ်ဆိုတာကလည်း ကြံ့ဖွံ့က အုတ်ကားသွန်ချပေးတယ်။ ကိုဆန်းသစ်တို့လို အရပ်ဝတ် စစ်သားတွေနဲ့၊ စွမ်းအားရှင်တွေက ခဲနဲ့ပေါက်ပြတယ်။ မသိနားမလည်ရှာတဲ့ လူငယ်တချို့ကလည်း လိုက်ပေါက်ကြတယ်။ ဒါဟာ ဆန္ဒပြသူတွေ အကြမ်းဖက်လို့ စစ်တပ်က ပစ်တယ်ဆိုတဲ့အကွက်ဝင်အောင် စစ်အစိုးရကလုပ်ခဲ့တာ လူတိုင်းသိပါတယ်။ ကျနော်တို့ သေနပ်နဲ့ပစ်ခံရတော့ အနီးက လှေကားထဲဝင်ပြေတာ ပြည်သူတွေကိုလိုက်ပစ်၊ လိုက်ဖမ်းတာတွေကို မြင်နေရတယ်။ စောစောက ကျနော့ရှေ့က ခဲနဲ့ပေါက်နေတဲ့ ရှပ်အဖြူဝတ်ထားတဲ့သူက ခုကျတော့ တုတ်တစ်ချောင်းနဲ့ သံဃာတွေကို လိုက်ဖမ်းနေတဲ့ စွမ်းအားရှင်ဖြစ်နေတာ အံ့သြခံပြင်းစွာ တွေ့ခဲ့ရပါတယ်။ ဘာပဲပြောပြောဗျာ… စစ်ပထွေးတွေနဲ့ စစ်ခွေးတွေ ဘယ်လောက်မျက်စိမှိတ်ပြီး အော်အော်။ ပြည်သူတွေက အသိဥာဏ်ရှိတယ်၊ အကောင်းအဆိုး သိပါတယ်။ ဘယ်မှိုင်းမှ မိလို့မဟုတ်ပါဘူး ကိုယ်တွေ့ကို သိကြတာပါ။
သက်ဆင်က အစိုးရက စခန်းဝင်စီးရင် ပြန်လည်ပစ်ဖို့၊ ခုခံကြဖို့ အနီးရှိ ကုန်တိုက်များကို ဝင်စီးဖို့ မိန့်ခွန်းတွေပြောခဲ့၊ ခိုင်းခဲ့တာတွေ ထိုင်းတီဗီတွေကနေ ပြန်လည်လွင့်ပြနေတုန်းပါ။ ပြီးသက်ဆင်က နိုင်ငံရေးအကြောင်း သိပ်မတွက်တတ်ပါဘူး။ စီးပွားရေးသမားပါ။ ဇင်းမယ်မြို့သား သာမန်ရဲတစ်ယောက် ဘဝကနေ ကမ္ဘာကျော်ဘောလုံးကလပ်တစ်ခုကိုတောင် ဒူဘိုင်းစော်ဘွားတွေနဲ့ အပြိုင်ဝယ်နိုင်တဲ့ အထိ ချမ်းသာလာတာလေ။ ပြည်သူတွေကိုလည်း စီးပွားတွက်တွက်ပြီး မဲဆွယ်ခဲ့တာပါ။ ဒါကြောင့် နယ်ကသာမန်ပြည်သူတွေက အများဆုံးထောက်ခံခဲ့ကြတာ။ သူမပြုတ်ခင်တည်းက သူတိုက်ခဲ့တဲ့ အဓိက ပစ်မှတ်က ထိုင်းဘုရင်ကိုဖြစ်ပါတယ်။ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ရတာ အဲဒါလည်း တစ်ကြောင်းဖြစ်ပါတယ်။ ပြီးတော့ သူက ထိုင်းလူမျိုးမဟုတ်ပါဘူး။ ထိုင်းမှာမွေးတဲ့တရုတ်ပါ။ သူပြုတ်ခဲ့ပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံကို ဘယ်လောက်ချစ်ပါတယ် ပြောပြော ထိုင်းနိုင်ငံရဲ့ စစ်ရေး လျှိ့ဝှက်ချက်တွေ၊ အားနဲချက်တွေကို အပြင်ကနေ ဖွင့်ချခဲ့သူဖြစ်ပါတယ်။ ဒီတစ်ချက်နဲ့တင် ထိုင်းတစ်နိုင်ငံလုံးရဲ့ လက်မခံသင့်တဲ့ ရန်သူအစစ်တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။
ဒါကြောင့် ယခုထိစစ်သံဆူးကြိုးတွေထဲမှာ နှစ် ၂၀ကျော် သည်းခံခဲ့တဲ့ ကမ္ဘာငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝကို မနှိုးယှဉ်အပ်တဲ့ နံ့သာဆီနဲ့ ဟိုဒင်းဖြစ်ပါတယ်။ ဆယ့်နှစ်ခြားစီမို့ မနှိုင်းကြပါနဲ့။
ကိုစောနောင် ရဲ့  အတွေးအမြင်ဖြစ်ပါတယ်
ထိုင်း အနီတော်လှန်ရေးကျဆုံးသွားတာ အကြောင်း (၃) ချက်တွေ့ပါတယ်။
(၁) negotiation ကို အသုံးမချနိုင်ခဲ့ခြင်း။ အနီ တို့အနေနဲ့ silent majority နဲ့ ထိုင်း ဘုရင်ကြီးအပေါ် လုံးဝကြည်ညိုသူ ထိုင်းပြည်သူ များစွာရှိတာကို မေ့လျော့ကာ မိမိအင်အားကြီးမားမှုကို မာန်တင်းခဲ့၍ ၀န်ကြီးချူပ်၏ ညှိနှိုင်းမှုပေါ်တွင် အလျှော့အတင်း မလုပ်နိုင်ခဲ့ခြင်း။ (သူတို့ဖက်က အနိမ့်ဆုံး လွှတ်တော်ဖျက်သိမ်းရေးနဲ့ ၀န်ကြီးချုပ်နှုတ်ထွက်ရေးကိုသာ တွင်တွင် တောင်းခဲ့ပါတယ်။ ဒါဟာ စနစ်တစ်ခုပြောင်းဖို့။ ဒီမိုကရေစီကျဖို့ လိုလားတဲ့ တောင်းဆိုချက်မဖြစ်လာလို့ ခုန ၂ ချက်ရရင် သက်ဆင်က ဘာပေးမယ်ဆိုတဲ့ မက်လုံးရှိတယ်လို့တောင် အများက ယုံကြည်လာကြပါတယ်)
(၂) အကြမ်းဖက်ခြင်း။ မြန်မာပြည်ရွှေဝါရောင်လို လုံးဝ non-violent မဖြစ်ခဲ့ပါဘူး။ အကြမ်းဖက်သူ ဘယ်သူဘယ်ဝါဖြစ်တယ်လို့ စာနယ်ဇင်းတွေက မသိချင်ယောင်ဆောင်ရေးပေမယ့် အနီထဲက သေနတ်ကျည်ဆံတွေထွက်လာတာကို မငြင်းနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံကြီး ငယ် အားလုံးလိုလိုက နှုတ်ပိတ်ထားခဲ့ပါတယ်။ အဆောက်အဦကြီးတွေဖျက်ဆီးသူဟာ ဘယ်သူလို့ သတင်းသမားတွေက တိုက်ရိုက်မပြောပေမယ့် သိသာထင်ရှားသွားခဲ့ပါတယ်။ အသတ်ခံရတဲ့ ဗိုလ်ချုပ်ရဲ့ လက်နက်ကိုင်ရေးလမ်းစဉ်ဟာ လည်း ထင်ရှားသွားခဲ့လို့ သူဟာ သူရဲကောင်းဖြစ်မလာခဲ့ပါဘူး။ ဘယ်လိုအမိန့်ပဲရရ ပြည်သူချင်း မပစ်ချင်တဲ့ ထိုင်းစစ်တပ်ကို ပါ ထိခိုက်အောင်ဆွခဲ့ပါတယ်။ အဆိုးဆုံးက သတင်းဌာနတွေကို အကြမ်းဖက်မှုပဲဖြစ်ပါတယ် (ပါလီမန်ခေတ် မြန်မာပြည်မှာ အဖွဲ့တစ်ချို့ လုပ်ခဲ့၊ မှားခဲ့ သလိုပါပဲ)။
(၃) အစိုးရရဲ့ အကိုင်အတွယ်ကောင်းမွန်ခြင်း။ ကြမ်းတမ်းစွာကိုင်တွယ်နေပုံတွေကို သတင်းတွေမှာမြင်ရတယ်လို့ ဆိုနိုင်ပေမယ့် အထိအခိုက်အသေအပျောက် အလွန်နည်းတာ၊ ထိခိုက်ခံရသူကို ဘယ်ဖက်ကပဲဖြစ်နေနေ အထူးကုသပေးစေတာ တွေဟာ သတင်းရဲ့ မျက်စေ့အောက်မှာ ပေါ်လွင်လှပါတယ်။ မေတ္တာပို့လမ်းလျှောက်တဲ့သံဃာတွေ၊ ကျောင်းသားတွေကို မြန်မာ စစ်တပ် ကိုင်တွယ် တာနဲ့ ဆီနဲ့ရေလိုကွာပါတယ်။ သေသူစာရင်းကိုပဲယှဉ်ကြည့်နိုင်ပါတယ်။ မြန်မာပြည်မှာ ၂ ရက်အတွင်း အသတ်ခံရသူဦးရေဟာ ထိုင်း တစ်လ ကျော်ကြာထက် များပါတယ်။ တမီလ်ကျားကိစ္စမှာ စနှိမ်နင်းစဉ် အကြမ်းဖက်အဖွဲ့မို့ နိုင်ငံတကာက ၀င်မစွက်ပေမယ့် သီရိလကာင်္အစိုးရ အကိုင်အတွယ်ကြမ်းလို့ နိုင်ငံတကာက ၀င်အော်ခဲ့ရပါတယ်။
အနာဂတ်ထိုင်းနိုင်ငံရေးဘယ်လိုဖြစ်မယ်မသိနိုင်သေးဘူး။ အနီဖက်ကထောက်ခံသူတွေလည်း အများကြီးရှိပါသေးတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေပေါ်လွင်သွားတဲ့အတွက် လွန်ခဲ့တဲ့ တစ်နှစ်အတွင်းလို ခဏခဏ လူစုဆန္ဒပြနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးသွားတာသေချာပါတယ်။ ဒီမိုကရေစီနဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးကို ကောင်းစွာ အသုံးမပြုခဲ့တဲ့အတွက် ဒီအခွင့်အရေးမျိုး နောက်တစ်ကြိမ်ရဖို့ခက်ခဲသွားပါပြီ။

အောင်ဆန်းစုကြည်နဲ့ သက်ဆင်၊ အက်ဘီဆစ်နဲ့ သန်းရွှေ တစ်ကယ်ဆိုပြောင်းပြန်ကြီးပါဗျာ… ဆန္ဒပြသူချင်းမို့ ရှပ်နီနဲ့ ရွှေဝါရောင် တူတယ်လို့ အပေါ်ယံတွေးကြတာ တွေ့လို့ပါ။ ရှပ်နီတွေက ဒီမိုကရေစီကျကျ ဆန္ဒပြတာမှန်ပေမယ့် နောက်ပိုင်းမှာ လမ်းလွဲပြီး အကြမ်းဖက်ခဲ့ကြတယ်လေ။ သေနပ်နဲ့ပြန်ပစ်ရုံ မကဘူး၊ အဆောက်ဦးပေါင်း ၄၀ လောက်မီးရှို့ခဲ့ပါတယ်။ သူတို့ဆန္ဒပြတာကလည်း အဘီဆစ် ပြုတ်ရေးသာမက သက်ဆင် ဝန်ကြီးချုပ်ပြန်ဖြစ်ရေးတွေ ပါလာလို့ အများစုက သက်ဆင့်စနစ်ဖြစ်တယ်လို့ အခိုင်အမာ ပြောကြတာဖြစ်ပါတယ်။
ရွှေဝါရောင်ကတော့ လုံးဝ ငြိမ်းချမ်းရေးပါ။ ခဲပေါက်တယ်ဆိုတာကလည်း ကြံ့ဖွံ့က အုတ်ကားသွန်ချပေးတယ်။ ကိုဆန်းသစ်တို့လို အရပ်ဝတ် စစ်သားတွေနဲ့၊ စွမ်းအားရှင်တွေက ခဲနဲ့ပေါက်ပြတယ်။ မသိနားမလည်ရှာတဲ့ လူငယ်တချို့ကလည်း လိုက်ပေါက်ကြတယ်။ ဒါဟာ ဆန္ဒပြသူတွေ အကြမ်းဖက်လို့ စစ်တပ်က ပစ်တယ်ဆိုတဲ့အကွက်ဝင်အောင် စစ်အစိုးရကလုပ်ခဲ့တာ လူတိုင်းသိပါတယ်။ ကျနော်တို့ သေနပ်နဲ့ပစ်ခံရတော့ အနီးက လှေကားထဲဝင်ပြေတာ ပြည်သူတွေကိုလိုက်ပစ်၊ လိုက်ဖမ်းတာတွေကို မြင်နေရတယ်။ စောစောက ကျနော့ရှေ့က ခဲနဲ့ပေါက်နေတဲ့ ရှပ်အဖြူဝတ်ထားတဲ့သူက ခုကျတော့ တုတ်တစ်ချောင်းနဲ့ သံဃာတွေကို လိုက်ဖမ်းနေတဲ့ စွမ်းအားရှင်ဖြစ်နေတာ အံ့သြခံပြင်းစွာ တွေ့ခဲ့ရပါတယ်။ ဘာပဲပြောပြောဗျာ… စစ်ပထွေးတွေနဲ့ စစ်ခွေးတွေ ဘယ်လောက်မျက်စိမှိတ်ပြီး အော်အော်။ ပြည်သူတွေက အသိဥာဏ်ရှိတယ်၊ အကောင်းအဆိုး သိပါတယ်။ ဘယ်မှိုင်းမှ မိလို့မဟုတ်ပါဘူး ကိုယ်တွေ့ကို သိကြတာပါ။
သက်ဆင်က အစိုးရက စခန်းဝင်စီးရင် ပြန်လည်ပစ်ဖို့၊ ခုခံကြဖို့ အနီးရှိ ကုန်တိုက်များကို ဝင်စီးဖို့ မိန့်ခွန်းတွေပြောခဲ့၊ ခိုင်းခဲ့တာတွေ ထိုင်းတီဗီတွေကနေ ပြန်လည်လွင့်ပြနေတုန်းပါ။ ပြီးသက်ဆင်က နိုင်ငံရေးအကြောင်း သိပ်မတွက်တတ်ပါဘူး။ စီးပွားရေးသမားပါ။ ဇင်းမယ်မြို့သား သာမန်ရဲတစ်ယောက် ဘဝကနေ ကမ္ဘာကျော်ဘောလုံးကလပ်တစ်ခုကိုတောင် ဒူဘိုင်းစော်ဘွားတွေနဲ့ အပြိုင်ဝယ်နိုင်တဲ့ အထိ ချမ်းသာလာတာလေ။ ပြည်သူတွေကိုလည်း စီးပွားတွက်တွက်ပြီး မဲဆွယ်ခဲ့တာပါ။ ဒါကြောင့် နယ်ကသာမန်ပြည်သူတွေက အများဆုံးထောက်ခံခဲ့ကြတာ။ သူမပြုတ်ခင်တည်းက သူတိုက်ခဲ့တဲ့ အဓိက ပစ်မှတ်က ထိုင်းဘုရင်ကိုဖြစ်ပါတယ်။ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ရတာ အဲဒါလည်း တစ်ကြောင်းဖြစ်ပါတယ်။ ပြီးတော့ သူက ထိုင်းလူမျိုးမဟုတ်ပါဘူး။ ထိုင်းမှာမွေးတဲ့တရုတ်ပါ။ သူပြုတ်ခဲ့ပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံကို ဘယ်လောက်ချစ်ပါတယ် ပြောပြော ထိုင်းနိုင်ငံရဲ့ စစ်ရေး လျှိ့ဝှက်ချက်တွေ၊ အားနဲချက်တွေကို အပြင်ကနေ ဖွင့်ချခဲ့သူဖြစ်ပါတယ်။ ဒီတစ်ချက်နဲ့တင် ထိုင်းတစ်နိုင်ငံလုံးရဲ့ လက်မခံသင့်တဲ့ ရန်သူအစစ်တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။
ဒါကြောင့် ယခုထိစစ်သံဆူးကြိုးတွေထဲမှာ နှစ် ၂၀ကျော် သည်းခံခဲ့တဲ့ ကမ္ဘာငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝကို မနှိုးယှဉ်အပ်တဲ့ နံ့သာဆီနဲ့ ဟိုဒင်းဖြစ်ပါတယ်။ ဆယ့်နှစ်ခြားစီမို့ မနှိုင်းကြပါနဲ့။
ကိုစောနောင်က တော်တော်လေးကိုလေ့လာထားပုံရတယ်နော်..တောင်ကြီးသားကြီးက ဘာတွေနားလည်လို့ ဟုတ်နေတာလဲ….ကိုစောနောင်လဲ အရက်ဝိုင်းရောက်လာပုံထောက်တော့.. အဖေ့ဆီက ဒေါ်လာတွေ မ၇တော့ဘူးနဲ့တူပါ့.. ကျွတ်ကျွတ်…
ကိုစောနောင်ပြောတာတွေ ဟုတ်လိုက်တာဗျာ
သူ့ခမျာ တကယ် နားမလည်တာနဲ့ ကိုယ်ရပ်တည်ရာ အမြဲမှန် သူများအမြဲမှား ထင်တဲ့စိတ်၊ တောက်လျှောက် ဦးဏှောက်ဆေးထားတာတွေကြောင့် ပြောတာပါဗျာ။ သေချာရှင်းပြကြပါ။ ကြံ့ဖွတ် က အုတ်ခဲကြိုးပဲဖြစ်ဖြစ် ခဲနဲ့ပေါက် တာ တင်မကဘူး သူပုန်ထတာ၊ စစ်မြေပြင်မှာ လက်နက်ကိုင်ချင်း ဖြစ်ကြတာ အထိ terrorism နဲ့မဆိုင်ဘူး။ လက်နဲ့မဲ့ ပြည်သူတွေကို အစုလိုက်အပြုံလိုက်ထိခိုက်အောင် လက်နက်ကိုင်အကြမ်းဖက်တာ ကို ဒီနေ့ကမ္ဘာ့ရန်သူ အကြမ်းဖက်မှုလို့ခေါ်တာ ဆိုတာ။ (စစ်တပ်က ဆိုရင်တော့ ဂျီနီဗာကွန်ဗန်းရှင်းသိလားလို့မေးပါရစေ)။ ကျွန်တော်တို့ဖက်ကိုပဲကြည့်ပါ။ ထိုင်းက မြန်မာသံရုံးကို ၀င်သိမ်းတော့ ထိုင်းဒီမိုကရေစီအစိုးရက ဘာမှလုပ်မရဘူး။ ထိုင်းနယ်စပ်က ဆေးရုံကို ၀င်သိမ်းတော့ ချေမှုန်းတာခံလိုက်ရ ပါတယ်။ ဒီလို သဘောတွေကို သူတို့နားမလည်ကြရှာဘူး။ နိုင်ငံရေး၊ ဒီမိုကရေစီအရေး ကို သူတို့ နားလည်ဖို့ ဟာ စိတ်ရှင်းရှင်းနဲ့မြင်အောင်ကြည့်မှ သိနိုင်မှာပါ။ အမေရိကန် မပြောလို့ မြန်မာအစိုးရမပြောလို့ မင်းတို့ပြောတယ်တို့၊ ဒါမျိုးစကားတွေဟာ အရက်ဝိုင်းမှာ စကားနိုင်လုတဲ့စကားတွေ ပဲ။ အဲတော့ ကျွန်တော်ကတော့ ကို ဆန်းသစ်အဖွဲ့ကို အကြံပေးချင်တာ စိတ်ရှင်းရှင်းထားပါ။ သေသေချာချာကြည့်ပါ။ သတင်းအားလုံးကိုနားထောင်ပါ။ စာဖတ်ပါ။ အထူးသဖြင့် စစ်သားမှန်ရင် ပထမကမ္ဘာစစ်ကစပြီး စစ်သမိုင်းတွေကိုဖတ်ပါ။ ဟိုတုန်းက ကကကျင့်က ချာချီရဲ့ ပထမကမ္ဘာစစ်တို့ လိုစာအုပ်မျိုးတွေကို ထုတ်ဘူးပါတယ်။ တပ်တွင်းစာကြည့်တိုက်မှာ ရှာဖတ်ပါ။ စစ်ပညာဂျာနယ် အဟောင်းတွေလည်း ဖတ်ပါ။ စဉ်းစားပါ။ ဘာသာကြီး ၄ မျိုးရဲ့တရားတွေကို နာယူပါ။
ငါလိုး မသား ဆန်းသစ် ဘာတွေ ရှောက်ရေး နေတာ လဲ ဆောက် မြင် ကတ်လာ ပြီ ။FNG ရေ ရိုင်းသွားရင် ခွင့် လွှတ် ကျုပ်က တိုတိုပဲ ပြောတတ်တယ်
နိုင်ငံရေးကိုစိတ်မ၀င်စာရဘူလို့မပြောဘူးသူများနိုင်ငံရေးကိုစိတ်မ၀င်စားရဘူးလဲမဟုတ်ပါဘူးဒါပေမယ့်ခင်ဗျားတို့ကစိတ်ဝင်စားတာ
ထက်လွန်ပြီးဆရာပါသွားလုပ်ချင်နေကြတယ်အစတုန်းကတော့အနီဝတ်တွေဖက်ကပဲခင်ဗျားတို့ပြောဆိုထောက်ခံနေကြတယ်
ဘာတဲ့ဘန်ကောက်မြို့တော်ပေါ်ကဒီမိုကရေစီရေးတောင်းဆိုမှု့တွေဆိုပဲရောရောင်ပြီးindiaမှာတောင်သံရုံးကိုခင်ဗျားတို့အနီဝတ်
တွေကိုအားကျပြီးမြန်မာသံရုံးကို(သွေးမဟုတ်)ဆေးနီတွေနဲ့ဖြန်းလိုက်သေးမဟုတ်လား။ခုပစ်ခတ်ပြီးဆော်ပလိုက်တော့ခင်ဗျားတို့
ဘိုးအေအမေရီကန်ကတောင်ဘာသံမှမထွက်ပဲခင်ဗျားတို့လဲအသံထွက်လို့မရတော့ဘူလေဒီတော့အဘီဆစ်မှန်တယ်ဖြစ်ပြန်ရော
ကဲခင်ဗျားတို့ဘာလဲဆိုတာကိုယ့်ဘ၀ကိုယ်နားလည်သင့်တယ်အမေရီကန်ကသာအဘီဆစ်ကိုနဲနဲပြောကြည့်ခင်ဗျားတို့အဘီဆစ်
ကစစ်အစိုးရနဲ့တိုင်ပင်ပြီးအကြမ်းဖက်ပါတယ်တောင်လုပ်အုံးမယ်ခုတော့အမေရီကန်ကလဲအဘီဆစ်ကသက်ဆင်ထက်အကျိုးပို
ရှိတော့ဘာသံမှထွက်မလာဘူးခင်ဗျားတို့လဲနုတ်ဆိတ်လို့ပေါ့ဟုတ်တယ်မလား။ခုနေသာအစိုးရကထိုင်းကိုထိုင်းမှာဒီလိုတွေဖြစ်နေ
တာတွေဟာဒေသတွင်းလုံခြုံရေးကိုထိခိုက်တယ်မြန်မာ့စီးပွားရေးကိုထိခိုက်တယ်ထလုပ်ကြည့်ခင်ဗျားတို့ဘာပြောမလဲမဆိုင်တာ
ကိုစစ်အစိုးရကထအော်တယ်လို့ပြောမယ်ဒါပေမယ့်ခင်ဗျားတို့အဘီဆစ်အစိုးရကမြန်မာပြည်တုန်းကတော့ဘာမဆိုင်ညာမဆိုင်
ထအော်ခဲ့တယ်ခင်ဗျားတို့ပါရောပျော်ခဲ့တယ်ဟုတ်လားမဟုတ်ဘူးလားသေခြာစဉ်းစားကြခင်ဗျားတို့ချည်းပဲမှန်နေလားဆိုတာ။
ခင်ဗျားတို့စိတ်ထဲအကြမ်းဖက်စိတ်ရှိမရှိကိုရေးတဲ့စာတွေပြောတဲ့စကားတွေထဲကသိပါတယ်။အစိုးရကြီးကောင်းနေပါတယ်မပြောပါ
ဘူးအစိုးရကြောင့်လူထုတွေနစ်နာတာကိုလဲဝန်ခံရဲပါတယ်ခင်ဗျားတို့ရောဒေါ်စုကြည်နဲ့NLDပါတီကိုအစိုးရရဲ့အဖိနှိပ်ခံနေရတဲ့လူထုကို
ဝန်းရံကြပါလို့မပြောခဲ့ဘူးလို့ငြင်းမလား?ဒေါ်စုကြည်နဲ့NLDပါတီကိုအစိုးရဖြစ်ဖို့လူထုတွေကိုချမနင်းခဲ့ဘူးလို့လိပ်ပြာသန့်သန့်ငြင်းရဲ
လား၉၀ပြည်လွန်တွေကနေ၂၀၀၇စက်တင်ဘာခု၂၀၁၀ထိခင်ဗျားတို့ရဲ့ငါသာလျှင်အမှန်တရားဆိုတဲ့တစောက်ကန်းအယူအဆ
တွေကိုလူထုတွေကယုံစားပြီးအားကိုးနေလိုက်ကြတာအဲ့ဒိလူတွေဘယ်လောက်ထောင်ကျဘ၀ပျက်ခဲ့ရပြီလဲခင်ဗျားတို့ထောက်
ခံမြောက်ပင့်လို့စီပွားရေးပိတ်လိုက်လို့စက်ရုံတွေပိတ်သွားပြီးအလုပ်ပြုတ်ကုန်တဲ့အလုပ်သမလေးတွေဘ၀ပျက်သွားရှာပေမယ့်
ခင်ဗျားတို့ကြောင့်ပါလို့သူတို့မှာလက်ညိုးထိုးခဲ့လို့လားမထိုးအောင်လဲခင်ဗျားတို့ကအစိုးရနဲ့လူထုကိုရန်တိုက်ပြီးကိုယ်လွတ်ရုန်း
သွားနိုင်ခဲ့တာပဲသေခြာစဉ်းစားအမှန်တရားဆိုတာသူ့ဖက်ကိုယ့်ဖက်မျှအောင်ကြည့်အစိုးရကောင်းပါတယ်မပြောဘူးခင်ဗျားတို့
ဘယ်လောက်ကောင်းနေလို့လဲကိုအရင်ကြည့်လူထုအတွက်လူထုအတွက်ဆိုပြီးလူထုကိုလဲရာသူခိုးထောင်းတော့မလုပ်သင့်ဘူး
မီဒီယာကိုမီဒီယာနဲ့တိုက်တာမဟုတ်ဘူးခင်ဗျားတို့ရဲ့မှိုင်းမမိတာဒါကြောင့်ကျန်တဲ့မှိုင်းမိနေတဲ့လူတွေကိုလဲပြောပြပေးနေတာ။
စက်တင်ဘာတုန်းကကျုပ်သူငယ်ချင်းနဲ့နှစ်ယောက်အရပ်ဝတ်နဲ့ပဲဆန္ဒပြတာလိုက်ကြည့်ခဲ့တယ်။ဘာတွေကြံစည်လဲဘာတွေဖြစ်
နေကြလဲဘယ်သူတွေဘယ်လိုအကွက်ဆင်ခဲ့တယ်ကအစသိတယ်။တာဝန်အရလိုက်ကြည့်တာမဟုတ်ဘူးနော်သံဃာတွေဖက်
ကမှန်တယ်ဆိုကူညီမလို့စိတ်မကောင်းစွာပဲသံဃာကသံဃာအလုပ်မဟုတ်တာတွေတောင်းဆိုကြွေးကြော်လာတော့လဲသက်ပြင်း
ချပြီးပြန်ခဲ့တယ်အဲ့ဒိတည်းကမှတ်ချက်ချခဲ့ပြီးသားဒီလူတွေသံဃာတွေပါချနင်းပြန်ပြီလို့ရှင်းလား
နေပါအုံး..ကိုဆန်းသစ်ရဲ့ ခင်ဗျားက ပြည်သူတွေကိုကောင်းအောင်အပြောင်းအလဲလုပ်နိုင်မယ်လို့ ခင်ဗျားရဲ့ ပထွေး သန်းရွှေကပြောတာလား။ ခင်ဗျားပဲစဉ်းစားကြည့် ဒေါ်စုက ထောင်ထဲနေလိုက်အချုပ်ထဲနေလိုက် နေနေရလို့ တိုင်းပြည်ကိုကောင်းကောင်း အလုပ်ကြွေးမပြုနိုင်တာ ခင်ဗျားရဲ့ ပထွေး အာဏာရှူးကြီးမှုးကြီးသန်းရွှေ ကတိုင်းပြည် ဘန်နာတွေ အကုန်ရထားပြီး ဘာမှမလုပ်ပေးနိုင်တာ အခု အနှစ် နှစ်ဆယ်ရှိပြီ ဘယ်နေရာတိုင်း ပြည်တိုးတက်တာလဲ ဘက်စကားပဲတိုးတက်စရာရှိတယ်။ သူများနိုင်ငံတွေနဲ့ရှင်ကြည့်အုံး ဆန်ရှင်လုပ်ခံရတာချင်းအတူတူ မြောင်ကိုရီးယားလိုတောင်
နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာဝင်ဆံ့လား ခင်ဗျားတို့ ဂျာမနီသွားပြီးဘာသင်လာလဲ လက်နက်လုပ်ဖို့ပဲမဟုတ်လား မိုက်ရဲရင်
မြောက်ကိုးရီးယားတို့ အီရန်တို့လိုမိုက် ကြီးကြီးကျယ်ကျယ်တွေလျှောက်မပြောနဲ့ တစ်ခုတော့ပြောလိုက်မယ် ခင်ဗျားတို့ ရတဲ့လခနဲ့ ပညာသင်ဆု အတွက် ပိုက်ဆံတွေဟာ ကျတော့တို့ ဆန်ကွဲစားပြီး လုပ်ပေးထားရတယ်ဆိုတာမမေ့နဲ့ဗျာ..
သက်ဆင်က ဗမာပြည်က စစ်အုပ်စုနဲ့ အလွမ်းသင့်နေတဲ့သူလေ..ရှပ်နီတွေကို ကြိုးကိုင်စီစဉ်နေတဲ့ နောက်ကွယ်ကနေပိုက်ဆံပေးခိုင်းစေ အာဏာရဘို့အတွက် ငွေနဲ့စည်းရုံးထားတဲ့ အာဏာရှင် တယောက်ဘဲဟာ..သန်းရွှေတို့လိုပေါ့..ရှပ်နီတွေက ဗမာပြည်က ကြံဖွတ်တွေနဲ့တောင်တူသေး..ထိုင်းပြည်တွင်းရေး မငြိမ်သက်အောင် တိုင်းပြည်ပျက်ဆီးအောင် သူတို့လုပ်နေတာ..အဘီဆစ် အဲဒီလို မနှိမ်နှင်းလို့မှ မရတာ..သန်းရွှေတို့ ပြည်သူတွေကို နှိမ်နှင်းနေတာနဲ့ သွားနှီုင်းယှဉ်လို့ မရဘူးလေ..အခြေအနေချင်းက တူမှ မတူတာ..
ရွှေဝါရောင်တော်လှန်ရေးဖြစ်တုန်းက ကိုဆန်းသစ်တို့မြန်မာပြည်မှာ မရှိဘူးနဲ့တူတယ် မမြင်လိုက်တာတွေလဲရှိမှာပေါ့နော် ဆူးလေမီးပွိုင့်ထိပ်မှာ
ဘုန်းကြီးတွေမေတ္တာသုတ်ရွတ်နေတုန်း စစ်တပ်က သေနတ်နဲ့ချိန်ထားတာကို
မျက်မြင်ကိုယ်တွေ့ မဟုတ်လို့ပါ အဲဒီအချိန်အဲဒီအနားမှာရှိတဲ့ ဗုဒ္ဓဘာသာတင်မဟုတ်ဘူး အခြားဘာသာတွေကတောင် ရင်ထဲမှာ အတိုင်းမသိတယ့်ခံစားမှုမျိုးတွေရှိတယ်
မောင်သစ်ဆန်းရေ – အုပ်ခဲကျိုးကားက မောင်ရင့်ပထွေး ကြံ့ဖွတ်ကား ဆိုတာရောသိရဲ့လား၊ သူများတိုင်းပြည်အရေးကို ဘယ်သူမှ စိတ်မဝင်စားရဘူးလို့ မောင်ရင့် မိထွေး မကြိုင်ကသင်ထားသလား၊ မောင်ရင်တို့လို နအဖ ဘောဆွဲတွေ ဝင်ဝင်နှောက်နေတာ မီဒီယာကို မီဒီယာနဲ့ တိုက်နေတာလား၊ ဟား ဟား ရီချင်လိုက်ထာ။
ထိုင်းအကြောင်းဆွေးနွေးနေကြရာကနေ ဘယ်ရောက်သွားကြပါလိမ့်..
ကျနော်ကတော့ အဘီစစ်ကိုသဘောကျတယ်..သူ့နေရာမှာကိုယ်သာဆိုရင် ဘယ်လိုဖြေရှင်းမလဲ..
ka lar ko maung thu taung sar kaung a may, a ma, ma chan tet kaung.
ကိုဆန်းသစ်ပြောတာမှန်ပါတယ်..ရွှေဝါရောင်အစတုန်းကလုံးဝအကြမ်းမဖက်ခဲ့ပါဘူးဒါပေမယ့်ထုံးစံအတိုင်းနောက်ပိုင်းမှာတော့
ပုစိန်ရိုးများရဲ့သွေးထိုးမှုကြောင့်ဒီမိုလုပ်စားတွေဂတုံးယောင်ဆောင်ပြီးအလံထောင်အကြမ်းဖက်တွေလုပ်လာပါတယ်ဒါကိုဘယ်သူမှငြင်း
မရပါဘူး..ငြိမ်းချမ်းစွာဆန္ဒပြပါတယ်ဆိုတာသိသိကြီးနဲ့မျက်လုံးမှိတ်အော်နေတာပါဂတုံးအတုတွေမျက်နှာဖုံးစွပ်တုတ်ကိုင်ပြီး
အကြမ်းဖက်နေတာတွေအင်တာနက်စာမျက်နှာတွေပေါ်မှာမမြင်ချင်မှအဆုံးပါ…ဒါကိုဆောင်းပါးရှင်ကငြိမ်းချမ်းစွာဆန္ဒပြပါတယ်
ပြောနေတာအဲဒီတုံးကဆောင်းပါးရှင်တီဗွီ၊ကွန်ပြူတာမရှိသေးလို့မမြင်တာဖြစ်မှာပါ။
မှန်တယ် ကိုဆန်းသစ်ရေ..သူတို့ က သူတို့ မှန်တာမှ အဟုတ်ထင်နေကျတာ..သူတို့ နဲ့ ဖတ်ပြောမနေနဲ့ 
ဆောင်းပါးရှင်ရဲနံပါတ်(၁)အချက်ကဒေါ်စုမိမိကိုယ်ကိုအထင်ကြီးနေပုံမျိုးနဲ့တူနေတာရောထည့်မရေးဘူးလား(လုပ်ခွင့်တွေလုပ်လို့ရ
တာတွေနှစ်၂၀လုံးကိုကန့်လန့်တိုက်သူ့စိတ်ကြိုက်မဟုတ်ရင်အကုန်ကန့်ကွက်ခဲ့တဲ့ဒေါ်စုလုပ်ရပ်တွေနဲ့မတူဘူးလား)
ဆောင်းပါးရှင်နံပါတ်(၂)အချက်ကရွှေဝါရောင်တုန်းကလုံးဝအကြမ်းမဖက်ခဲ့ဘူးသာပြောတယ်ပြည်ပDVBထင်ပါတယ်ထုတ်လွင့်မှု့
တစ်ခုမှာအုတ်ခဲကားကြီးကအုတ်ခဲတွေကိုချပေးနေတယ်လူတွေကလာကောက်နေတယ်အဲ့ဒိအုတ်ခဲ့တွေနဲ့လုံခြုံရေးအဖွဲ့တွေကိုမပစ်
ခဲ့ဘူးလို့ဆောင်းပါးရှင်အာမခံရဲလားနောက်တစ်ခုကမော်တော်ပီကယ်ရုံလေးတစ်ခုကိုပြေးကန်တဲ့ကောင်နဲ့ခဲနဲ့ထုတဲ့ကောင်နဲ့အဲ့ဒိရုံ
လေးပြိုနေတဲ့ပုံလေးကိုပဲDVBကပဲထင်ပါတယ်လွင့်သွားတယ်။(၃)အချက်ကတော့ထိုင်းဆန္ဒပြပွဲတွေမှာသေဆုံးထိခိုက်တာတွေက
၃၅ယောက်ကျော်ပါတယ်ထိခိုက်တာကရာကျော်ပါတယ်။မြန်မာမှာဖြစ်တုန်းကသေတဲ့လူတွေDVB BBCတို့အပြောမဟုတ်ပဲလက်
တွေ့မှာတော့အဲ့လောက်မသေပါဘူးထိခိုက်တာလဲထိုင်းလောက်မများခဲ့ပါဘူး။စစ်အာဏာရှင်စနစ်ကောင်းတယ်လို့မဆိုလိုပါဘူး
ဒါပေမယ့်ခင်ဗျားတို့အတိုက်အခံကရောဘယလောက်မှားလူထုအပေါ်ကောင်းခဲ့လို့လဲစစ်အစိုးရပြုတ်ကျရေးဆိုလူထုကိုအမြဲ
ချနင်းခဲ့တာပဲမလားလူထုကပေးဆပ်ရသလောက်ရောအကျိုးဖြစ်ထွန်းအောင်လုပ်နိုင်စွမ်းရှိခဲ့လို့လားရထားတဲ့ဘွဲတွေဆုတွေမှ
အားမနာကြံလိုက်ရင်တလွဲမာနတက်ပြီးအစွန်းရောက်ဖို့ပဲတတ်တဲ့ခေါင်းဆောင်တွေနဲ့ဖွဲ့ထားတဲ့ခင်ဗျားတို့တော်လှန်ရေးတစ်သက်
မအောင်မြင်ဘူး။ကျုပ်တို့တပ်မတော်ကလူထုအတွက်ဒီစနစ်ကိုပြောင်းခွင့်ရလို့အခွင့်သာလို့ပြောင်းနိုင်ရင်တောင်ခင်ဗျားတို့နဲ့ပူး
ပေါင်းလုပ်လိမ့်မယ်မထင်နဲ့။အားအားယားယားကိုယ့်ထမင်းကိုယ်စားပြီးသူများနိုင်ငံကိစ္စဆရာဝင်လုပ်နေတယ်ကိုယ်နိုင်ငံပါရောပြီး
နှိမ်လိုက်သေးတယ်ခွေးလောက်မှသစ္စာတရားကိုနားမလည်တဲ့ကောင်တွေ
အင်း ဖတ်ရတာ မောတယ်ဗျာ။ စာမဖတ်၊ သတင်းဆိုလည်း DVB BBC နဲ့ မြန်မာ့အသံလောက်ပဲနားထောင်တဲ့ ကိုဆန်းသစ်ရေ။ ကမ္ဘာ့နိုင်ငံရေးဆွေးနွေးနေတဲ့လူတွေကြာမှာ ဘာတွေလာပြောနေတာလဲဗျာ။ အုတ်ခဲကြိုးချပေးတာမြင်တာကိုလည်း အကြမ်းဖက်တယ်တဲ့။ မော်တော်ပီကယ်ရုံကိုပြေးကန်တာ အကြမ်းဖက်တာတဲ့။ terrorism ဆိုတာ ကမ္ဘာမှာ လွန်ခဲ့တဲ့ နှစ်တွေထဲ အပြောခံလာရတာ ဘာလုပ်ခဲ့တာတွေကိုပြောကြတာလဲ ပြန်ဖတ်ကြည့်ပါအုံး။ မြန်မာမှာ အဲလောက်မသေပါဘူးလို့လည်းပြောသေးတယ်။ အဲဒီတုံးက တပ်ထဲမှာ ခင်ဗျားပါပုံမရဘူး။ မေးကြည့်ပါအုံး အချင်းချင်းလည်း။ လူထုက ပေးဆပ်ရသလောက်အကျိုးဖြစ်ထွန်းသလားဆိုတာ ဒီနေ့မီးအမှောင်ထဲက အခွန်ထမ်းပြည်သူတွေ ကပြောရမှာပါဗျာ။ ကိုယ့်ထမင်းကိုယ်စားပြီး သူများနိုင်ငံဝေဖန်တာ သတင်းသမားနဲ့ လူသားအားလုံးရဲ့အခွင့်အရေးပါ။ ပြည်သူကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူကို နှိပ်စက်တာကမှ ခွေးလောက်မှ သစ္စာတရားကိုနားမလည်တာပါ။ ခင်ဗျားဘယ်သူ့ထမင်းစားနေတာလဲဟင်။ အားနာနာနဲ့ မေးပါရစေ။ ပိုက်ဆံဟာ ၀ါဇီက ထွက်တာမဟုတ်သလို သေနတ်ပြောင်းဝကထွက်တာမဟုတ်ဘူး။ နိုင်ငံသားအားလုံးရဲ့ချွေးနည်းစာ၊ ဘိုးဘွားပိုင် အမိနိုင်ငံရဲ့သယံဇာတရင်းမြစ်ကရတာပါ။ သမိုင်းမှာ ဘယ်သူဘာဖြစ်မလဲ စောင့်ကြည့်ကြပါဦးစို့။
Freedom News Group ဟာ UDD အပေါ်မှာ အတော်လေး အလေးသားနေပုံရပါတယ်။ မီဒီယာရဲ့ ဘက်မလိုက်မူကိုလေးစားသင့်ပါတယ်၊ ကျနော်နားမလည်တာက Freedom News Group အနေနဲ့ မြန်မာပြည်သူတွေကို
အားကျစေချင်နေတာလား၊ UDD မူကိုပဲ လေးစားနေတာလား၊ ကျနော် မနေ့က ထိုင်းနိုင်ငံသားတယောက်နဲ့ အတော်လေး အခြေအတင်ဖြစ်ပါတယ်၊ သူက ရှပ်နီသမားပါ၊ ထပ်ဆင်နဲ့ ဒေါ်စု အတူတူပဲ လာပြောလို့ ကျနော် ရှင်းပြလိုက်ပါတယ်၊ ဒေါ်စု က ငြိမ်းချမ်းရေးမူသမားပါလို့၊ ရှပ်နီလို အကြမ်းဖက်ဝါဒီ ထပ်ဆင်လို ပြည်ဖျက်ကောင်မဟုတ်ပါဘူးလို့၊ Freedom News Group အနေနဲ့လဲ မြန်မာပြည်သူတွေ အယူမတိမ်းအောင် သတိထား ဆင်ခြင်ရေးစေလိုပါတယ်၊ မီဒီယာသမားကျင့်ဝတ်ကို လေးစားပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျနော် Freedom News Group ရဲ့ နေ့စဉ်ပရိတ်သတ်တဦးပါ။
မတ်လ ကနေ မေလ အထိ ဆန္ဒပြသွားတဲ့ UDD တွေထဲမှာ သက်ဆင် ထောက်ပံ့မှု တစ်ချို့ ရကောင်းရမယ် ..ဒါပေမယ့် သက်ဆင်
ထောက်ပံ့ငွေ နေ့ တွက် ယူပြီး ဆန္ဒပြသူတွေ မရှိပါဘူး ဆန္ဒပြသူ တွေ ကို ကြည့်ရင်း သိသာပါတယ်။ကျွန်တော် တို့ က UDD ခေါင်းဆောင် တွေ နဲ့ ရင်းနှီးပါတယ်။ ဘယ်မြန်မာ မှ လည်း (မြန်မာပြည်မှာ မွေးသူ) ဆန္ဒမပြပါဘူး ..ထိုင်းမှာမွေး တဲ့ ထိုင်းနိုင်ငံသား
မြန်မာ လူမျိုး ကို ခင် တစ်ယောက် တည်း ဆန္ဒပြပါတယ်။ Freedom News Group မှာComment ရေးမယ် ဆိုရင် သိထားတာ သေချာ မှ ရေး စေချင်ပါတယ် ။
ဘာဘဲဖြစ်ဖြစ်အဘီစစ်လုပ်တာကိုတော့သဘောကျပါတယ်။ ပညာရှင်ပီသပါတယ်။ သွေးအေးအေးနဲ့ကိုင်တွယ်နိုင်တယ်။ အနီဝတ်တွေက အကြမ်းဖက်ပီး အစိုးရကိုမထိဘဲ လမ်းပေါ်မှာမီးရှို့၊ ကုန်တိုက်တွေမီးရှို့ တာဟာ ဒီမိုကရေစီနည်းလမ်းမဟုတ်ပါဘူး။ တဘက်ကရှော့ပေးနေတဲ့အချိန်မှာအသုံးမချနိုင်တာဟာ သူတို့အမှားပါ။ သက်ဆင်ရဲ့ပံ့ပိုးမှုကလဲမနည်းပါဘူး။ သက်ဆင်ကမှလူသတ်ကောင်အစစ်ပါ သူကနောက်ကနေငွေကြေး၊လက်နက်ပံ့ပိုးပေးနေသူစစ်စစ်ဖြစ်ပါတယ်။ဘာလို့ဒီလိုပြောရလဲဆိုရင်ကျွန်တော်မိတ်ဆွေမြန်မာနိုင်ငံသား စကားပြန်ဟာ စကားပြန်အလုပ်မလုပ်တော့ဘဲရှပ်နီထဲဝင်ပီးဆန္ဒပြရာမှာပါဝင်ခဲ့လို့ပါ သူဟာတနေ့ကို စရိတ်ငြိမ်း(3000)ဘတ်ရပါတယ်။မြန်မာနိုင်ငံသားလိုလူမျိုးပါမယ်ဆိုရင် သူနိုင်ငံသားဆိုရင်ပြောစရာမရှိပါဘူး 2လကြာဆန္ဒပြဖို့ငွေတွေကို သက်ဆင်ကထောက်ပံ့ပေးနေတာပါ။ ရှပ်နီတွေကိုကျဆုံးတာနဲတောင်နဲပါသေးတယ်။ ဒီထက်မကပိုပီး ပြစ်ဒဏ်ခံသင့်ပါတယ်။ဘန်ကောက်မြို့ရဲ့ပျက်စီးအထီးကျန်မှုရဲ့တရားခံဟာ ရှပ်နီတွေသာဖြစ်ပါတယ်။ ရှပ်နီတွေသာလက်နက်မကိုင်ခဲ့ဘူးဆိုရင် အဘီစစ်အစိုးရပြုတ်ကျသွားမှာသေချာပါတယ်။
အခုကျတော့ လဲ ထိုင်းမှာ ဘိဇနက် တွေ ရှိနေ လို့  အမေရိကန် က မအော်တော့ ပါလား၊
အောက်စဖုတ် ထွက်လဲ အာဏာ နဲ့  ပတ်သက် ရင်း လူသတ်တာပဲ
sex toy တွေက လှည်းတန်းမှာ တင်ရောင်းတာ မဟုတ်ဘူး ဒဂုံ စင်တာ တို့ ၊ရန်ကင်း စင်တာ တို့ မှာ လည်း ဒိုရှိင် ရောင်းတယ်
ဆိုက်စုံရှိ တယ် …မယုံမေးကြည့် ဂဋုန် ဂွေးစိ ဆိုက် တောင် ရှိ တယ်
အဲဒါ ဖြိုးမင်းသိမ်း အမတ် ဖြစ်မှ လွှတ်တော်ထဲက နေ ဖြေရှင်း မယ်တဲ့
လှည်းတန်း မှာ မိန်းကလေးတွေ သုံးတဲ့ Sex Toy တွေ ပေါ်တင်ရောင်းနေတာ နဲနဲ အကျဉ်းတန်တယ်..
အဘီဆစ် အစိုးရ က ရှပ်နီတွေ ကိုနှိမ်နှင်း ဘို့  ကျောထောက်နောက် ခံ ကောင်းကောင်း ရလိုက်ပါတယ်။ အဲဒါ ဘုရင် မကြီး သီရိခောတ် ရဲ့  ဘတ်သန်း ၁၅၀ စွန့် ကြဲပေး သနားမှုပါပဲ… သက်ဆင် ကို ခဏမေ့ ထားပြီး ပြောရမယ် ဆိုရင် ဒေသတွင်း နိုင်ငံက ပြည် သူတွေ ဟာ ရေမရောတဲ့ အာဏာရှင် စစ်စစ်ကြီးကြီး တွေ ရေနဲနဲ ရော တဲ့ အာဏာရှင် စစ်စစ်ကြီး တွေ ရဲ့ ဒဏ် ကို ကျောကော့ အောင်ခံနေကြရဆဲ့ပါ ..အာဏာကို ထိပါလာရင် ..ဘုန်းကြီး လည်း လက်ပြန် ကြိုးတုပ်မှာ ပဲ ..မြန်မာပြည်မှာ ရွှေဝါရောင် ဖြစ်တုန်းက ထိုင်း ဘုရင် က မြန်မာပြည်သူတွေ ရဲ့  ဒုက္ခ ကို စာနာပါတယ် ဆိုပြီး ချယ်နယ် ၃ ကနေ ပြောခဲ့တယ်..အခု သူ့ အာဏာ ကို ထိပါးလာတဲ့ အခါကျတော့ အတိတ်မေ့ သလို ရွှေ ထုပ် ကောက် ရသလို မျိုး ဖြစ်နေတာ ကို တွေ့ ရမှာ ပါ ..
အာဏာ ထိရင် သေနတ်ကိုကြည့်ထား ဆို တဲ့ အရှေ့ တောင် အာရှ ရဲ့ သူမသာ ကိုယ် အသုဘ နိုင်ငံရေး စနစ်ပါ။………ပုံပြင်လေးကတော့ ဒါပါပဲ
အီး ဂယက် ဆိုတာ အီးပါပြီး ချီးကုန်း တာ ကို ခေါ်တာလား …Visual Journalism ဆိုတာ စာရေးရတာ ပျင်းတာ တို့  မျက်မှန် တပ်ပြီး စာရေးတာ တို့  ကိုခေါ်တာနေမှာ ပေါ့
ဦးပု…ခင်ဗျား ဘာသူ လမ်း ၃၀ မှာ လက်ဖက်ရည် ရောင်းဗျာ…ဒေါက်တာလွဏ်းဆွေ စီဘောက် ပိတ် လို့  ဒီဘက် ကူးလာမယ်မကြံနဲ့ 
သိချင် ၀ယ်ဖတ် တစ်ကျပ်
Rise of Visual Journalism is equivalent to breaking news ? let me know .
မြန်မာ ပြည်မှာ ဗိုလ်ချုပ် တင်ဦး တို့  ဗိုလ်မှုးသော်က တို့ လို မျိုးပေါ့  ပြည်သူ တွေ ဘက်က ရပ်တည် တဲ့ ဗိုလ်ချုပ် တွေ ကို ပြည်သူတွေ ဘက်က မရပ် တည် တဲ့ ဗိုလ်ချုပ် တွေ က အပြတ်ရှင်းတာ အရှေ့ တောင် အာရှ ရဲ့ အစဉ်အလာပါ ..ခတ်ထိယ ကို အနုပေါင်က အဘီဆစ် ဆီက ဘတ်ငါးသန်း ယူပြီးရှင်း လိုက်တာပါ
အင်း ခက်တော့ခက်တယ် ။ ဝန်ကြီးချုပ်တယောတ်ကို လူတစုက မကြိုက်တိုင်းသာ မြို့လယ်ခေါင် တက်လာပြီး ပိတ်ဆို့ ဆန္ဒတက်ပြ နေကြရင် တိုင်းပြည် ထိခိုက်လာ မှာပဲ။ ဆန္ဒပြတိုင်း ဝန်ကြီးချုပ်လုပ်နေတဲ့ လူက ဆင်းပေးနေရရင်လဲ ပြီးမှာကို မဟုတ်တော့ဘူး။ တချိန်ထဲမှာပဲ အင်အားသုံး ဖြေရှင်းတာ မှန်လားဆိုတော့ လူသေတာတွေ ထိခိုက် ဒဏ်ရာ ရတာတွေက ဘယ်ကောင်းမလဲ။ ခက်တာက အတိုက် အခံတွေဘက်မှာလဲ တချို့ကလက်နက်တွေနဲ့လို့ကြားတယ်။ ဟိုတုန်းက တောက်ရှောက် ဟုတ်မလိုလို ဖြစ်လာတဲ့ ထိုင်းနိုင်ငံရေးက သက်စင်ကို စစ်တပ် အာဏာသိမ်းပြီးကတဲက ပျက်ပြီးသွားပြီနဲ့ တူတာပါပဲ။