Source : Weekly 11 Journal
ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သတင်းထောက်တစ်ဦးအား အင်တာဗျူးမေးမြန်းမှုအပေါ် မကျေနပ်မှုနှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်သောကြောင့် နစ်နာသူက တရားရုံးသို့ ဦးတိုက်လျှောက် ထားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
7 Days News ဂျာနယ်၏ သတင်းထောက် မအေးသူစံသည် Entertainment စာမျက်နှာ အင်တာဗျူးကဏ္ဍအတွက် သရုပ်ဆောင်ထက်ထက်မိုးဦးအား ချိန်းဆိုရာ ဆီဒိုးနားတွင် ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်၍ ထိုအခမ်းအနားသို့ လာရောက်နိုင်ကြောင်း ပြန်လည် ချိန်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းနောက်မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်းအရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Days News သတင်းဂျာနယ်မှ သတင်းထောက်မအေးသူစံအား ကိုယ်ထိလက်ရောက်မှု ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
အင်တာဗျူးပြုလုပ်ချိန်တွင် မေးခွန်းခုနစ်ခုခန့်မေးပြီးနောက် အဆိုပါသတင်းထောက်က”ပရိသတ်တွေကပြောကြတယ်၊ ထက်ထက်မိုးဦး ဘ၀ကိုခဏခဏ ပြန်စနေရ တယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံစားရလဲ”ဟု မေးမြန်းချက် အပေါ်ထက်ထက်မိုးဦးက ”သွားလိုက်တော့၊ နင်သွားလိုက်တော့ဟု ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။
ထို့ကြောင့် သတင်းထောက် မအေးသူစံကသရုပ်ဆောင် ထက်ထက်မိုးဦးအား တောင်းပန်၍ပြန်ထွက်လာခဲ့ရာ ထက်ထက်မိုးဦးမှာ အပြင်သို့အရင်ရောက်ရှိနေပြီး သတင်းထောက်မအေးသူစံအား ဤသို့မေးသည်မှာ သူ့အားစော်ကားခြင်းဖြစ်ကြောင်း မည်သူမေးခိုင်းသလဲ၊ စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေ ခြင်းဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီး သတင်းထောက်အားဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း သိရှိရပါသည်။
”ကျွန်တော်မြင်လိုက်ရပါတယ်။ အဲဒီသတင်းထောက်ကိုပါးရိုက်ပြီး အခမ်းအနားကျင်းပရာ ခန်းမထဲကိုပြန်ဝင်သွားတာပါ”ဟု အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင် ဆီဒိုးနား ဟိုတယ်တွင် ရောက်ရှိမြင်တွေ့ခဲ့သူတစ်ဦးက ပြောပါသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့စခန် သို့ ညတွင်းချင်းတိုင်ကြားခဲ့ရာတွင် ဖြစ်စဉ်အရ ရဲရေးမပိုင်သောအမှုဖြစ်ကြောင်း၊ သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် ရရှိသောဒဏ်ရာများနှင့် ပတ်သက်၍ ဆေးစစ်မှုမှတ်တမ်းရယူခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ရန်ကင်းမြို့နယ်တရားရုံးသို့ ဦးတိုက် လျောက်ထားခဲ့ ကြောင်း သိရှိရပါသည်။ ရန်ကင်းတရားရုံးသို့ ၂၀၁၀ ခုနှစ်ပြစ်မှုကြီးအမှတ် ၁၈၂/၁၀ ဖြင့် ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်ကြောင်း တရားရုံး ချုပ်ရှေ့နေ ဦးသန်းထွန်း အောင်က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
”ဒီလိုတရားရင်ဆိုင်ဖို့ စီစဉ်ခဲ့ရတာကတော့ စာနယ်ဇင်းသမားတွေရဲ့ဂုဏ်သိက္ခာနဲ့ စာနယ်ဇင်းရဲ့ဂုဏ်သိက္ခာအတွက်သာ ဆောင်ရွက်ရတာပါ။ သတင်းထောက်တစ် ယောက် အနေနဲ့ကတော့ စာဖတ် ပရိသတ်တွေရဲ့ကိုယ်စားဘယ်မေးခွန်းမဆိုမေးခွင့် ရှိပါတယ်။ ဖြေတဲ့သူကလည်း မဖြေချင်ရင် ငြင်းခွင့်ရှိပါ တယ်။ ငြင်းတာကို လက်ခံ ပါတယ်။ သတင်းစာပညာမှာတော့ Stupid Question ဆိုတာမရှိပါဘူး။ လူမှုရေးကျင့်ဝတ်အရ စောင့်ထိန်းထားရတာပဲ ရှိပါတယ်။ဒါပေမယ့် စာနယ်ဇင်းသမား တစ် ယောက်ကို ဒီလိုကိုယ်ထိလက်ရောက်ပြုမူတာမို့ ကျွန်တော်တို့ကလည်း ဒီလိုတရားရင်ဆိုင် ဖို့စီစဉ်ရတာပါ။
အခုဟာက အေးသူစံတစ်ယောက်အနေနဲ့သာ တရားရင်ဆိုင်တာဖြစ်ပြီး ကျွန်တော်တို့တိုက်အနေနဲ့လည်း ဆက်လက်ပြီးတရားရင်ဆိုင်သွားဖို့ရှိပါတယ်”ဟု 7 Days News ဂျာနယ်မှ တာဝန်ရှိသူအယ်ဒီတာတစ်ဦးက ပြောပါသည်။
ယခုကဲ့သို့ အနုပညာရှင် Celebrity တစ်ယောက်က မီဒီယာသမားတစ်ယောက်ကို ကိုယ်ထိလက် ရောက်ကျူးလွန်ခြင်းမျိုး မြန်မာမီဒီယာလောကတွင် ယခင်က ဖြစ်ပွား ခဲ့သည်ဟု မကြားမိကြောင်း ယခုကဲ့သို့ဖြစ်ပွားသည်မှာ မသင့်လျော်ပါကြောင်း ယခုဖြစ်စဉ်ကို ရှုတ်ချပါကြောင်း ၀ါရင့်မီဒီယာသမားတစ်ဦးက ပြောကြားခဲ့ ပါသည်။
နာကျင်စေမှုနှင့်ပတ်သက်၍ ငွေဒဏ်ဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေးအရေးယူနိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂၃အရသတ်မှတ်ထားကြောင်း၊ အပြင်းအထန်နာကျင်စေမှုများနှင့် ပတ်သက်၍လည်း ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂၅အရ ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်ဟု ဥပ ဒေပညာရှင်တစ်ဦးက ပြောပါသည်။
ှSource : Weekly 11 Journal

hello
မြန်မာ ယဉ်ကျေးမှုစံထက်ထက်မိုးဦး
အမျိုးသမီးချင်း ဖြစ်တဲ့ကိစ္စအတွက် ထင်မြင်ချက်တောင်းခံရာမှာ အမျိုးသမီး သတင်းသမားတွေဆီက မတောင်းတာကလဲ အင်မတိအင်မတန်မှ အသိဥာဏ်ခေါင်းပါး ခေတ်နောက်ကျလှတယ်,
ယောက်ျားကြီ်းထောင်နေသလားမှတ်ရတယ်။ ထက်ထက်မိုးဦး belo lar ya mer lel?
hello
ဘာပဲပြောပြော….ထက်ထက်မိုးဦးက အိတ်ခ်ျအိုင်ဗီနဲ့ လွန်ပါတယ်။မင်းသမီးတစ်ယောက်အနေနဲ့တောင် မဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ကို မလုပ်သင့်တာ လုပ်လိုက်တာပါ။ထက်ထက်မို အရူးတွေပါလား.
သတင်းထောက်ဆိုမှာတော့ မေးခွန်းမမေးဘဲ ပြန်ရဦးမလား။ မဖြေချင်တာကို မဖြေဘဲ နှင်လွှတ်လို့ တောင်းပန်ပြီး ပြန်ထွက်သွားတဲ့နောက်တော့ အဲဒီသတင်းထောက်မှာ ဘာအမှားမှ မရှိပါဘူး။မြန်မာလူမျိုးဖြစ်ပြီး မိန်းကလေး ဒီလိုအရှက်ရမယ့်အပြုအမူမျိုးကို မလုပ်သင့်တာပါ။
dr.KKY
အရူးတွေပါလားဟာ ……….. သူဟာသူနိုင်လို့ ယူတာပဲဟာ သူများကိုပြောစရာတော့မလိုပါဘူး ဒါကတော့.. မေးတဲ့မေးခွန်းကိုက ပါးရိုက်အောင်လုပ်တဲ့အထိဆိုမှတော့ ဘယ်လိုမေးခွန်းမေးတာလဲ စဉ်းစားသာကြည့်လေ ဘယ်သူမှားလဲ အဖြေကရှင်းနေပြီ………
သတင်းထောက်ကို မောင်းထုတ်ပြီးခါမှ အပြင်မှစောင့်ပြီး ပါးရိုက်တာပါ။ အဲဒါကိုက မင်းသမီးတစ်ယောက်အနေနဲ့တောင် မဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ကို မလုပ်သင့်တာ လုပ်လိုက်တာပါ။ သတင်းထောက်ဆိုမှာတော့ မေးခွန်းမမေးဘဲ ပြန်ရဦးမလား။ မဖြေချင်တာကို မဖြေဘဲ နှင်လွှတ်လို့ တောင်းပန်ပြီး ပြန်ထွက်သွားတဲ့နောက်တော့ အဲဒီသတင်းထောက်မှာ ဘာအမှားမှ မရှိပါဘူး
တခြားအနုပညာရှင် ဟုတ်လား ဘာအနုပညာလဲ ဒါစော်ကားတာတော့မဟုတ်ဘူး ဘယ်သူမှားလဲကိုယ့် ကိုပြန်စဉ်းစားကြည့်ကြ သူများမကြုက်တဲ့ မေးခွန်းသွားမမေးနဲ့ ဒါကိုတခြားအနုပညာရှင်က ထက်ထက်မိုးဦးကို အပြစ်တင်တဲ့ သွားသေလိုက်ကြ……..အဲဒီအနုပညာရှင်တွေအကုန်သေလိုက်ကြ ငါတောင် ဟွန်းဒင်းတို့ကို ပါးချချင်လာပြီ ဘယ်သူမှားလဲမစဉ်းစားတတ်ကြဘူးလား ငတုံးတွေရဲ့ …..ရူးလိုက်ကြာတာ ဟွန်း ခံကြ …ပါးရိုက်ရုံတင်တဲ့ နည်းတယ် .. စဉ်းစားမှမစဉ်းစားတာ သေသေ……. ခံပေါ့ ပါးရိုက်လည်း……….
Very good slap.That is not nesscery question.pesornal problem not journalist peroblem.Slap againt that that.
nal taung nal thay tal ……….. khan lite pop…par yite tar
မင်းသမီးပါးရိုက်တာကတော့မကောင်းပါဘူးတော်တော်လွန်တာပေါ့တရားစွဲတာကောင်းပါတယ်၊
သတင်းထောက်ကို မောင်းထုတ်ပြီးခါမှ အပြင်မှစောင့်ပြီး ပါးရိုက်တာပါ။ အဲဒါကိုက မင်းသမီးတစ်ယောက်အနေနဲ့တောင် မဟုတ်ဘဲ လူတစ်ယောက်အနေနဲ့ကို မလုပ်သင့်တာ လုပ်လိုက်တာပါ။ သတင်းထောက်ဆိုမှာတော့ မေးခွန်းမမေးဘဲ ပြန်ရဦးမလား။ မဖြေချင်တာကို မဖြေဘဲ နှင်လွှတ်လို့ တောင်းပန်ပြီး ပြန်ထွက်သွားတဲ့နောက်တော့ အဲဒီသတင်းထောက်မှာ ဘာအမှားမှ မရှိပါဘူး။ စံပြအနေနဲ့ ရှိရမယ့်မင်းသမီးကသာ ဒီလိုအရှက်ရမယ့်အပြုအမူမျိုးကို မလုပ်သင့်တာပါ။ ပွဲမှာ အင်တာဗျူးဖို့ ချိန်းတာကလည်း သတင်းထောက်မဟုတ်ပါဘူး။ မင်းသမီးက စချိန်းတာပါ။ အဖြစ်မှန်ကို သေချာမသိဘဲ ရမ်းသမ်းပြီး ဘက်လိုက်ပြောဆိုတာကတော့ လွန်ပါတယ်။
လူချင်းအတူတူကိုအရပ်ထဲမှာတောင်ပါးရိုက်လို့မရဘူးတရားစွဲတာကောင်းတယ်မှတ်လောက်အောင်သူ့အကြောင်းလဲဘယ်တော့မှမထည့်ပေးနဲ့တော့စာနယ်ဇင်းသမားတွေညီညွတ်ဖို့လိုတယ်မေးတဲ့မေးခွန်းကိုမဖြေချင်ရင်မဖြေနဲ့ပေါ့။
မှားတာတော့နှစ်ဖက်စလုံးမှားတာဘဲ
ဒါပေမယ့် ကိုယ်ထိလက်ရောက်ကျူးလွန်သူကပိုမှားတာပေါ့
မင်းသမီးတွေကလည်း အင်တာဗျူး လက်မခံ ခင်က အင်တာဗျူးမဲ့ လူ၊ အင်တာဗျူးမဲ့ အယ်ဒီတာ တာဝန်ခံကို ကြိုသိထားသင့်တယ်၊ နိုင်ငံ ခြားမှာ တော့ ဂုဏ်သိက္ခာ ရှိတဲ့၊ ယုံကြည်စိတ်ချ ရတဲ့လူတွေကိုဘဲ အင်တာဗျူးခွင့်ပေး လေ့ရှိတယ်။ နောက်တစ်ခုက အင်တာဗျူးမဲ့ နေရာလည်းသတ်သတ်မတ်မတ်ရှိသင့်တယ်။ သတင်းထောက်တွေလွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့် အလုပ်လုပ်နေတဲ့နေရာမှာတော့ အင်တာဗျူး တာ ခွင့်မပြုသင့်ဘူး။ ဥပမာ နိုင်ငံတကာ အကယ်ဒမီပေးပွဲဆိုရင် အပေါက်ဝ မှာဘဲ စာနယ်ဇင်းတွေ ကို အင်တာဗျူးခွင့်ပေးထားတယ်။ မဖြေချင်ရင် ခန်းမထဲဝင်သွားလိုက်ရုံဘဲ။ခန်းမထဲတော့လိုက်ဗျူးခွင့်မပေးဘူး။ ဒီမှာတော့ နေရာတကာဗျူးခွင့်ရနေသလိုဘဲ၊
အောင်မာ သူကများပြောရတယ်ရှိသေး သူမို့လို့ သာပေါ့ ငါဆိုရင်လေ နင်စောင့်ခွက်ကို ငါ့ဖိနပ်ချွတ်ပြီးရိုက်မှာဟဲ့ စောင့်ရူးရဲ့  သိရဲ့ လား သူများအားနည်းချက်ကိုလည်းပြောသေး ပါးရိုက်ခံရတာ နည်းသေးတယ် ငါသာဆို ဟွန်း ဖြောင်းဒိုင်းနဲ့ ဘယ်ပြန်ညာပြန်ချပစ်မှာ သိလားစောင့်ရူးရဲ့  နည်းတောင်နည်းသေး သေလိုက်ပေါ့ ……….. ခံလိုက်ပေါ့
မထက်မို့လို့ပေါ့ ငါသာဆိုလေ လက်သည်းနဲ့ ဆွဲကုတ်ပစ်မှာ ဆံပင်လည်းဆွဲ ပါးလည်းချ ဟွန်း သူများအားနည်းတဲ့ အချက်ကို နည်းတောင်နည်းသေး ခံလိုက်ပေါ့ … သေလိုက်ပေါ့….. အရူးရဲ့ 
fuck you . That stupid slut actress deserve to die . slut htet htet moe oo .let bufflo fuck her >>>
သူကများတရားစွဲရတယ် ရှိသေး ဟွန်း စောင့်ရူး တော်တော်လေးကိုရူးနေတာပဲ ဘယ်သူနိုင်မလဲဆိုတာ ကြည့်လိုက်လေ သူများတဘက်သားကိုအဲလိုပြောမှု အသရေ ဖျက်မှု နဲ့နင်ကိုပြန်ပြီးတရားစွဲလို့ရတယ် ဟဲ့ သိရဲ့လား ရူးမနေစမ်းပါနဲ့ စောင့်ရူးရယ် ငါဒါပဲပြောချင်တယ် နင်ကိုလေ ငါတော်တော်ပါးရိုက်ချင်တယ် သိလား ………..ဟွန်း စိတ်ရှိလက်ရှိသာ ပါးချလိုက်လို့ကတော့ သတင်းလိုက်မမေးနိုင်ပဲ ဖြစ်သွားမယ် စောင့်ရူးရဲ့………
အောင်မာ နင်ကများ သူများအားနည်းချက်ကိုမေးသေးတယ် ပါးရိုက်တာ ခံပေါ့  စောင့်ရူးရဲ့ သူမို့လို့ ပေါ့  ငါသာဆိုလေ နင်ကို အောက်က ဖိနပ်ချွတ်ပြီး နင်စောင့်ခွက်ကို ရိုက်ပစ်မှာ ဟဲ့ သိရဲ့ လားစောင့်ရူးရဲ့  ခံရတာ နည်းတောင်နည်းသေး ဟွန်း…………သေပေါ့
All young Journallists must have to take as an example. Must learn do’s and don’ts Should not ask such kind of question, it is her private affairs.
ပါးရိုက်ခံရတာတောင်နည်းသေးတယ်လို့ထင်ပါတယ်
hello
ဘာပဲပြောပြော….ထက်ထက်ကိုတော့ထောက်ခံတယ်……။
ဘာပဲဖြစ်ဖြစ်…….သူများရဲ့အားနည်းချက်ကိုမေးတယ်…….။
ဘယ်သူပဲမကောင်းကောင်း…..ကိုယ်ကောင်းဖို့ လိုတယ်…..။
ကိုယ်မကောင်းတော့အရိုက်ခံရတာပေါ့….ဟုတ်တယ်ဟုတ်….။
ထက်ထက်ရေ…….ချစ်တယ်နော်…….။
အမှန်တော့ဘယ်သူမှအမှားနဲ့မကင်းကြပါဘူးလေ…..လူတွေကသိတဲ့အတိုင်းပဲမကောင်းတာဆိုပိုပြောချင်ကြတယ်လေ…
ဘယ်သူမမှု…မိမိမှုပဲလေ…..အမှန်တော့ဒီကိစ္စက….စဉ်းစားကြည့်လေ….ဘယ်လိုပဲဖြစ်ဖြစ်….
မှန်ပေမယ့်သူတစ်ပါးအကျိုးမရှိတဲ့စကားကိုမပြောသင့်တာအကောင်းဆုံးပါပဲ…
ဘယ်သူမှန်တယ်လို့ တော့မဝေဖန်ချင်ဘူးလေ…..လက်ခုပ်ဆိုတာနှစ်ဖတ်တီးမှာမြည်တာ……
ကောင်းလိုက်တဲ့ရိုက်ချက်လေး..ကျနော်သာသူ့ဘေးမှာဆိုရင် မထက်ရေ ခင်ဗျားမရိုက်နဲ့ ကျနော်ဆွဲထိုးလိုက်မယ်လို့ပြောလိုက်မဗျ..ဘယ့်နှယ် မြန်မာလူမျိုးဖြစ်ပြီး မိန်းကလေးချင်းကိုယ်ချင်းမစာဒီလိုမေးခွန်းမျိုးမေးရတယ်လို့(ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါဦး)..ဒီလိုစာမတတ် လူမှု့ရေးနားမလည်တဲ့ သူမျိုးကိုမှ သတင်းထောက်ရာထူုးပေးတဲ့ 7 days ဂျာနယ်တော့ဒီဘ၀နောက်များတော့ဝယ်ဖို့မစဉ်းစားတော့ဘူးဗျိုးး
She had been asked same question in the past for many times and answers have been published in journals. I believe all of you have accepted that question at that time. At that time, nobody viewed that is an offense to interviewee. Now completely different. :) salute to you, fickle minded people. Looks like, many people love and support the fight. Will you all do the same of such a stupid manner as an ideal person to the environment? Who gives her the right to assault on others? Can’t she think and handle the interviews well? and who did those setbacks? (you may claim that no one doesn’t have the right to question on one’s setback, right. If so, she should refuse to the question.) If she doesn’t want to answer, she has the right to refuse to give the answer but she chose to go the hard way. She might be pissed off with something else at that time. Anyway, she should have refused to be interviewed when she is not feeling well.
I am sorry, I didn’t mean to reply to your quote. I replied to the post.
နိုင်ငံခြားက အင်တာဗျူးနဲ့များ ယှဉ်ပြောချင်သေးတယ်။ သူများနိုင်ငံမှာ မင်းသား မင်းသမီးတစ်ယောက်ယောက်နဲ့ အင်တာဗျူးချင်ရင် နင့်နေအောင်ပေးရတ။ အလကားလည်းဖြေပေးရသေး။ စော်ကားလည်းခံရသေး။
ကိုယ်ထိလက်ရောက်စော်ကားတယ်ဆိုတာ ကိုယ်ထိလက်ရောက် ဖြစ်ရလောက်တဲ့အထိ ဒေါသကိုလာဆွပေးလို့ပေါ့။ မိန်းကလေးချင်းလည်း ကိုယ်ချင်းမစာ။ တကယ့်စာနယ်ဇင်းသမားအစစ်ဆို ဒီအဖြေလိုချင်ရင်တောင် ဒီအဖြေရအောင် မေးခွန်းမှန်မှန်နဲ့ လှည့်မေးတတ်တယ်။
ပါးပဲရိုက်ခံရတာ ကံတောင်းတယ်အောက်မေ့။ ဘယ်နိုင်ငံကျော်က လူရှေ့သူရှေ့ ဘီလူဆိုင်းတီးပြချင်မလဲ။ အဲလိုဖြစ်ရအောင်လာလုပ်လို့ အဲလိုဖြစ်တာပေါ့။ အသုံးမှမကျတာ။ ခံပေါ့။
ိမမေးခင်ကတည်းက..ငါဘာတွေမေးရင်ကောင်းမလဲ…ငါမေးလိုက်တဲ့မေးခွန်းကဖြေမယ့်သူအတွက်ထိခိုက်နစ်နာနိုင်တာရှိလား..အရင်စဉ်းစားသင့်တယ်ထင်တယ်..ငါသာသူ့ နေရာမှာဆိုရင်ဘယ်လိုဖြေမလဲ..သူ့ စည်းကိုယ့်စည်းလေးတော့ထားသင့်တယ်ထင်တယ်….ဒီတော့…ပါးရိုက်ခံရအောင်မေးတဲ့သူက..ညံ့လို့ ရိုက်ခံရတာ..သတင်းသမားစစ်စစ်မပီသသေးဘူးထင်တယ်..သူသာလိမ်မာပါးနပ်အောင်မေးမယ်ဆိုရင်..မဖြေစရာဘာအကြောင်းမှမရှိဘူး…ပါးရိုက်လိုက်တဲ့မင်းသမီးကလဲ..ဒေါသကိုမထိန်းနိုင်တဲ့အတွက်မိုက်မဲတဲ့အလုပ်ကိုလုပ်လိုက်တာပဲ..သူလဲမှားတယ်…ပါးမရိုက်ပဲစကားလုံးလှလှလေးနဲ့ ပြန်ပြောရမှာ..ဒီတော့၂ယောက်စလုံးမှားတယ်…ကျနုပ်လဲကိုယ့်အလုပ်ကိုကိုယ်မလုပ်ပဲသူများအကြောင်းလျောက်ပြောတဲ့အတွက်မိုက်မဲသူပါပဲ..ဒီတော့အားလုံးမှားတယ်…:D
မမေးသင်.ဘူးလို.ထင်ပါတရ်။ဘာဖြစ်လို.လဲဆိုတော.အဲဒါသူရဲ.private life ပါ။သူ.ဘက်ကနေလဲနေရာဝင်ကြည်.ပေးအုံးလေ။သူလည်းပုထုဇဉ်လူသားပဲဒေါသရှိတာပေါ.။
media ဘက်ကကြည်.မရ်ဆိုလည်းမှန်ပါတရ်။သူတို.ကလူတွေရဲ. interest ကိုဖော်ပြရတာပါ။
မေးသင်တဲ့ မေးခွန်းမမေးတဲ့ သူ…ပါးရိုက်ခံရတာတောင်နဲသေးတယ်…သတင်းထောက်များ…သတိသာထားနေကြတော့…မထက်မို့လို့ ပါးရိုက်တာ ကျွန်မ သာဆိုရင်တော့……
သူများအားနည်းချက်ကို နင်းဖို့ကြိုးစားလို့ ခံရတာပဲဟာ….
မသနားပါဘူးးးး
hi…celeb, u dont really have to show the level of yor standard. Behave yorself.
ခင်ဗျားတို့လည်းခက်တယ်…မာနသရဖူဆောင်းတဲ့ ယောကျာင်္းမ၀တဲ့ မိန်းမကို သူနဲ့တန်တဲ့မေးခွန်းမေးတာပဲ
ကောင်းတာတွေချည်းလုပ်နေရင်လည်း ဘယ်မေးပါ့မလဲ..အရွယ်သာကြီးပြီး ကိုယ်ကျင့်တရားကို တန်ဖိုးမထား
ယောကျာင်္းနုတွေကို မှ လင်လုပ်ချင်တဲ့ လင်တရုး သေပါစေဗျာ…….
nae taung nae tay tal
ိပါး၇ိုက်တာတော. ၇ိုင်းလွန်းပါတယ်။ တ၇ားစွဲသင်. တယ်
ဘယ်လိုဘဲဖြစ်ဖြစ် မထက်ကို အမြဲ အားပေးနေမယ်။။။။။။။။။။
အေးမိစံကလည်းနော် …….. တော်တော် ပိန်းတာဘဲ
ဟုတ်သားဘဲ ………. သူများအားနည်းချက်ကို ဘာလို့ မေးတာလဲ
ကိုယ်ချင်းမစာမနာ
ပါးရိုက်ခံရတာ နည်းတောင် နည်းသေးတယ်
သတိ… သင့်အား သင့်အထက်အယ်ဒီတာ ၊ လုပ်ဖော်ကိုင်ဖက်သတင်းထောက်များမှ ဘေးမသီရန်မခ ပါးရိုက်မခံရ၊ ဆံပင်ဆွဲ လည်ပင်းညှစ်မခံရဘဲ ရုံးသို့ပြန်လာရန် စောင့်မျှော်နေကြသည်ကို သတိပြုပါ… :P
စာနယ်ဇင်း သမားတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေဆိုတာရှိမှာပါ..ငါ ဂျာနယ်လစ်ဘဲ မေးချင်ရာ မေးမယ်ဆိုရင်..မလိုလားအပ်တဲ့ပြသနာတွေ များလာတာပေါ့..မင်းသမီးလည်းလူဘဲလေ..ဘောင်ကျော်ရင်တော့ အမြဲသည်းခံနိုင်မှာ မဟုတ်ဘူး ဆော်မှာဘဲ..မေးခွန်းဆိုတာ ပညာသားပါပါနဲ့ မေးတတ်ရင် ဖြစ်ပါတယ်..အိမ်ထောင်ရေး ကိစ္စတည်မြဲသွားပြီလားလို့ မေးတယ်ဆိုတော့ ..တဖတ်သားကို သိက္ခာချသလို ဖြစ်နေတယ်..သူများကို မမေးခင် ကိုယ့်ကိုယ်ကို အရင် ပြန်မေးသင့်တယ်..ငါ့ကိုအဲလိုမေးရင် ငါသည်းခံနိုင်မလားဆိုတာ..ရွှေမင်းသမီးမှ ပိုက်ဆံရှိအသိုင်းအ၀ိုင်းမှ မဟုတ်ပါဘူး..လူအားလုံး ကိုယ်ချင်းစာတရားလေးနဲ့ သူ့ဂုဏ်ကိုယ့်ဂုဏ် မထိခိုက်ရင် အကောင်းဆုံးပေါ့..
ကိုယ်ထိလက်ရောက် စော်ကားတာ ကောင်းတာ မဟုတ်ဘူး ။ ကိုယ်ထိလက်ရောက် စော်ကား တာကို မှားတာပဲ ဖြစ်ဖြစ် မှန်တာ ပဲ ဖြစ်ဖြစ် အား မပေးသင့် ဘူး
မြန်မာမှာ ပထမဆုံးစာနယ်ဇင်းလူသတ်မှုက မြန်မာ့အလင်းဆရာသင်ဓားထိုးခံရတာ (၁၉၁၉လောက်က) လယ်တီပဏ္ဍိတမိန်းမယူတာကိုစောင်းပီး ဝတ္ထုရေးလို့ ပညာအလင်းဦးတင်ကသတ်ခိုင်းတာ။ ၁၉၅၂လောက်က ဗိုလ်ချုပ်နေဝင်းနောက်မိန်းမယူပွဲ ဓာတ်ပုံသွားရိုက်ရင်း လက်ဆွဲနှုတ်ဆက်မိတဲ့ နေးရှင်းက နိုဝယ်လားဇရိုးဆွဲထိုးခံရ၊ကင်မရာလွှင့်ပစ်ခံရ။ ၁၉၅၈နိုင်ငံရေးရှုပ်ချိန်မှာ အင်းစိန်က သတင်းထောက်စံရှားသတ်ခံရ။ ၁၉၇၀လောက်က တောင်ငူဘက်ကသတင်းထောက်တယောက် သူပုန်သတ်ခံရတာမျိုးလဲရှိတယ်။
Well, it’s obvioius she’s never ever read any interviews abroad.. What a pity! Even the Hollywood Celebrities never respond to the very private questions of their life that way. She used to be popular in this country after all, and anyway, even if she had been as famous as the realy Hollywood celebrities like Britney, J-lo, etc, she shouldn’t have been so conceited like that. That’s a real shame. She should pay attention to her manners and etiquette. It reflects her standard indeed.. She should learn a lesson how to respect other people’s professions as well..
ပါးရိုက်ခံရတာတောင် နဲသေးတယ် သူများ အားနည်းချက်ကို မေးတဲ့သူတွေ ဒါ သင်ခန်းစာပဲ။
will you do the same of such a stupid manner? Who gives her the right to assault on others? Can’t she think and handle the interviews well? who did those setbacks? And according to the interview, those questions are not new to her. If she doesn’t want to answer, she has the right to refuse to give the answer but she chose to go the hard way. She might be pissed off with something else at that time. Anyway, she should have refused not to be interviewed when she is not feeling well.
I did not believe the journalist has “stupid question”
စိန်ပလိန် တိမ်မုန့် ကြိုးလိမ် တွေ ပါ…
နှစ်ဖက်လုံးကမှားတယ်ထင်တာပဲလေ.. မမေးခင်မှာမေးမဲ့မေးခွန်းတွေကိုအကြမ်းဖျဉ်းလောက်ပြထားပြီးတော့ ဖြေချင်တာကိုပဲ mark လုပ်ပြီးမေးရင်ကောင်းမယ်။ အဲလိုမဟုတ်တော့ ရန်မီးပွားတာပေါ့ကွယ်။ မှန်တိုင်းပြောလဲမကောင်းပါဘူး။ သံဝေဂပေါ့