အချိန် နှင့် တပြေးညီ တင်ဆက်မှုများ ကို ဤနေရာမှာ လည်း ကြည့် ရှု နိုင်သည်
အချိန် နှင့် တပြေးညီ တင်ဆက်ထားသည့် ဓာတ်ပုံများ ကို ဤနေရာမှာ လည်း ကြည့် ရှု နိုင်သည်
ရှုထောင့် ပေါင်းစုံမှ ရိုက်ကူးထားသော ပုံများ ကို ဤနေရာတွင် လည်း ကြည့်ရှု နိုင်သည်
Updates ၂၄း ၃၀ မီးသတ်သမား ဈေးအတွင်း သို့ စတင်ဝင်ရောက် နိုင် မီးလောင်ကျွမ်းမှု မရပ်သေး
Updates ၂၁း ၀၀ တမြေ့မြေ့ လောင်ကျွမ်းနေ သည့် မီးအား တဖွဲဖွဲ လာရောက်ကြည့်ရှုသူများ ယခု အချိန်ထိရှိနေဆဲ ၊လမ်းကျယ် ၊ကန်တော် လေး နှင့် မအူ ကုန်း တွင် လျှပ်စစ်မီးများ ဖြတ်တောက်ထား
Updates ၂၀း ၅၀ ယနေ့ နံနက် ၈း၃၀ တွင် လေးထပ် မှ ၀ါယာ ရှောခ် ဖြစ်၍ မီးလောင်ကျွမ်းခြင်းဖြစ်သည်
ဟု အတည်ပြုပြောကြားသည်။ မီးစတင် လောင်ကျွမ်း ချိန် တွင် ဈေးသူ၊ဈေးသား များ ပစ္စည်း သယ်ရန် အချိန်ရ
သော် လည်း မီးသတ် ဌာန မှ မီးဆက်လက် မလောင်ရန် တာဝန် ယူသည် ဟု ဆိုကာ ပစ္စည်း များ သယ်ဆောင်ခြင်း
ခွင့်မပြု ဟု သိရသည်။

Updates ၂၀း ၃၀ ဈေး၏ အနောက်ဘက်ခြမ်း လေးထပ် နေရာမှ ကွန်ကရစ်များ ပြိုကျ ညဘက်ထိ မီးလောင်ကျွမ်းမှု ဆက်လက် ငြိမ်းသတ်နေရဆဲ
Updates ၁၉း ၃၀ ည ၈ နာရီ အချိန် ထိ မီးလောင်ကျွမ်းနေဆဲ ဖြစ်ပြီး မီးသတ် သမား နှစ်ဦးအပါအ၀င် ၃၆ ဦးဒဏ်ရာပြင်းထန် စွာရ၍ ဆေးရုံ သို့ ပို့ ဆောင် ရ
Updates ၁၆း ၃၀ မီးလောင်ကျွမ်းခဲ့သည့် အဆောက် အဦ နေရာ အချို့ တွင် ပြိုကျ မှုဖြစ်ပွား
Updates ၁၆း ၀၀ နောက်ဆုံးကြားသိ ရသော သတင်းများ အရ စည်ပင် သန့် ရှင်းရေး ၀န်ထမ်း တစ်ဦး အပါအ၀င်
ငါးဦး ခန့် ပျောက် ဆုံးနေသည် ။
Updates ၁၅း ၀၀ ပျက်စီးဆုံးရှုံးမှု တန် ဖိုးမှာ မြန်မာ ငွေ သန်း ၉၀၀ ခန့် ရှိနိုင်သည် ဟု ဈေးမိဈေးဖ တစ်ဦးက FNG သို့ ပြောသည်
Updates ၁၄း ၀၀ မီးလောင်ကျွမ်းနေဆဲ ဖြစ် ၊လာရောက် ကြည့်ရှု သူများပြား ဆိုင်ရှင် အချို့ လမ်းဘေးတွင် ငိုယိုပြီး သတိလစ် သွားသူများ ရှိ ၊ မီးသတ် သမား အချို့  နေ့ လည် ထမင်းစား ပြန်
Updates ၁၃း ၅၀ မီးသတ်ကား ရေတင်ရန် ကန်တော်ကြီး ပတ်လမ်း ကိုပိတ် ၊ဘတ်(စ)ကားများ တာမွေ ၊မလွှကုန်း
အေဘီစီမှ တစ်ဆင့် ပုဇွန်တောင် ၊မြို့ ထဲ သို့ ဝင်ရမည်
Updates ၁၃း ၄၀ FNG မှ မည်သည့် နေရာမှ စတင်လောင်ကျွမ်းသည် ဆိုသည်ကို မီးသတ် တပ်ဖွဲ့ အား
ဆက်သွယ် မေးမြန်းသော် လည်း လူကြီး တွေ ပြန် လာမှာ သိမယ် နောက် ပြန်ဆက် လိုက် ဟု သာပြောသည်။
Updates ၁၃း၁၅ မိုးရွာသွန်း မှုရပ်တန့် ပြီး နောက် ဆက်လက် လောင်ကျွမ်းနေဆဲဖြစ်
Updates ၁၂း ၅၀ မိုးသည်းထန်စွာ ရွာ မီးညွှန့် နဲနဲ ကျိုး (မီးလောင်နေ သည့် ဈေးရုံထဲ ၀င်ပြေးသည့် ဆိုင်ရှင် နှစ်ဦးကို ရဲက ဖမ်းဆီး ထားသည်)

Updates ၁၂း၂၀ မီးသတ် ကား ကြောင့် မဟုတ်ဘဲ မိုး စတင် ရွာချရာမှ မီးလောင်းမှု အား လျှော့သွားသော် လည်း တမြေ့မြေ့ ကျွမ်းလောင် နေဆဲ ဖြစ်သည်
Updates ၁၁း ၃၀ မီးလောင်မှု ကြောင့် ဈေးအဆောက်အဦ ၏ ငါးဆယ်ရာခိုင်းနှုန်း နှင့် ဆိုင်တွင်း
ရှိ ပစ္စည်းများ အားလုံး ပျက်စီး
Updates ၁၁း ၀၀ မီးလောင်ရာတွင် သေဆုံးမှု ရှိပြီး အပေါ်ထပ်တွင် ပိတ်မိနေသူများ ရှိသည်ဟု သိရသည် (ရဟတ် ယာဉ် နှင့် ကယ်ရန် ကြိုးစားသော် လည်း ဆင်း လို့ မရ မီးခိုးများ ကြောင့် ၀ဲ လို့ မရ )
Updates ၁၀း၄၅ မီးလောင်ရာ သို့ သတင်း ယူသည့်  သတင်းထောက်များ အား မင်္ဂလာတောင်ညွှန့် မြို့ နယ်
မှုးမှ မောင်းထုတ်
Updates ၁၀း၃၀ မီးလောင်ရာ သို့  ရန်ကုန် တစ်မြို့ လုံးမှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်သော်လည်း
မီး မငြိမ်းသေး
-
မီးလောင်ကျွမ်းရာ မှ ထွက်ပေါ်နေသည့် မီးခိုးများ အား နေ့ လည် ၁၂ နာရီ အချိန် တွင် တွေ့ ရစဉ်

ရန်ကုန် မြို့ မအူကုန်း ရှိ မင်္ဂလာဈေး တွင် ယနေ့ မနက် ၈း၂၀ အချိန် ကတည်း က စတင်မီး
လောင်ကျွမ်း နေရာ တစ်နာရီ ကျော်ကြာသည် အထိ မီးညွန့် မကျိုးသေးပဲ ဆက်လက် လောင်
ကျွမ်းနေဖြင့် စက်ရုံလမ်း နှင့် ကန်တော်ကလေး နှင့် ရန်ကုန် မြို့ ထဲသို့ သွားသည့် ဗညားဒလ
လမ်း တို့ ကို ပိတ်ထားရသည် ဟု သတင်းရရှိသည်။
မင်္ဂလာဈေးမီးလောင်မှု တွင် ထိခိုက်ဒဏ်ရာ ရမှု များ နှင့် ပစ္စည်းလုယက်မှုများ ရှိသည် ဟု
ဈေးများဌာန မှ တာဝန် ရှိသူ တစ်ဦးကပြောသည်။မင်္ဂလားဈေး မီးလောင်ကျွမ်းမှုကြောင့်
ယုဇန ပလာဇာရှိ ဆိုင်ခန်း ပိုင်ရှင် များ အဖိုးတန် ပစ္စည်း များ ကို သယ်ဆောင်၍ အလျှင်အမြန်
ဆိုင်များ ပိတ်နေသည် ။ ကားလမ်းများ ကို မအူကုန်း လမ်း ကျယ်မှတ် တိုင်မှ စတင်ပိတ်ထားပြီး
ပလာဇာ အနောက် လမ်းမှ တစ်ဆင့် စက်ရုံး လမ်း၊ဗိုလ်မင်း ရောင်လမ်း အတိုင်း အောင်ဆန်း
ကွင်းမှ တစ်ဆင့် ရန်ကုန် မြို့ ထဲ သို့ သွား ရသည်။


ယနေ့ ဈေးစဖွင့် ချိန် တွင် မီးလောက် ကျွမ်းဖြင်း ဖြစ်ပြီး အချို့ ဆိုင်များတွင် ဈေးသူဈေးသား
များ မရောက် ရှိသေးသဖြင့် ဆိုင်ရှိ ပစ္စည်းများ သိမ်းဆည်း နိုင်ခြင်း မရှိ ဘဲ မီးလောင်မှု ထဲ ပါ
သွားသည် ဟု သတင်းရရှိသည်။ မီးလောင်နေ သည့် ဆယ်ထပ် ဈေးသစ်ကြီး ထဲ ဈေးသူဈေး
သား နှင့် ဆိုင်ရှင် များ အား ရဲ နှင့် စစ်တပ်က ပေးမ၀င် သဖြင့် ဆိုင်ရှင်များ က မိမိ တို့ ၏ ဆိုင်
ခန်းများထဲ မှ ပစ္စည်း များ အတွက် စိုးရိမ် နေကြသည်ဟု မင်္ဂလာ ဈေး တွင် အထည် ဆိုင်ဖွင့်
ထားသည့် ကို အောင်သူ က Freedom News Group သို့ ပြောသည်။
မီးမှာ အပေါ်ဆုံး ငါးထပ် ရှိ ပရိဘောဂ ပစ္စည်းများ ရောင်း သည့် အတန်းမှ စတင် လောင်ကျွမ်း
ခြင်း ဖြစ်သည်။
မီးငြိမ်းသတ်ရာ သို့ လာသည့် မီးသတ်ကားများသည့် မီးညွှန့် အရှိန် ရတောက်လောက်ပြီး
မိနစ် ၃၀ ခန့် ကြာမှ ရောက်လာခြင်း ဖြစ်သည် ဟု မင်္ဂလာတောင်ညွှန့် မှ ၀န်ထမ်း
တစ်ဦး ကပြောသည်။
ယခု မီးလောင် သော မင်္ဂလာ ဈေးနေရာသည် မင်္ဂလာ ဈေးသစ် နေရာဖြစ်ပြီး ရန်ကုန် စည်ပင်
၏ မြို့ တော် စည်ပင် ဘဏ်၊ ရန်ကုန် စည် ပင် ၏ ဈေးများ ဌာန ၏ ဌာန ခွဲ တစ်ခု ရှိသောနေရာ
ဖြစ်ပြီး မင်္ဂလာ ခန်းမ ၊ဘိလိယက် ကစား ၀ိုင်း များ နှင့် ညကလပ် များ ရှိသည်။
မင်္ဂလာ ဈေး ကို ၁၉၈၆ ခုနှစ် တွင် မင်္ဂလာ တောင်ညွန့် စက်ရုံလမ်း ပေါ်တွင် ဖွင့် လှစ်ခဲ့ပြီး
၂၀၀၁ ခုနှစ် တွင် ယခု ဈေးသစ် နေရာ သို့ ပြောင်းရွှေ့ ခဲ့ခြင်း ဖြစ်သည်။
စတင် ဖွင့်လှစ်ရောင်းချစဉ်က ရန်ကုန် မြို့ တွင်း သို့ ဝင်ရောက် လာသည့် ဆိုရှယ်လစ်ခောတ်
မှောင် ခို ပစ္စည်း များ ကို ထိုဈေးတွင် ရရှိနိုင်သည် ဟု ဈေးမိ၊ဈေးဖ အဖွဲ့ ဝင် တစ်ဦး ကပြောသည် ။

Thanks par !!!!1
အခုလိုတင်ပေးတာကျေးဇူးတင်းတယ်နော်
ဘာလို့မငြိမ်းလဲကွာ
မီးသတ်သမားများဆောင့်ကျင့်မကောင်းဘူး
စိတ်မကောင်းပါ။ အခွင့်အရေးရအောင် ငွေပေးတာ ဘယ်သူတွေလည်း။ အကောက်ခွန်လွတ်အောင် ရှောင်နေတာလဲ ဘယ်သူတွေလည်း။ အကြီးအကဲတွေနဲ့ ခင်မင်တွယ်ငြိခြင်တာ ဘယ်သူတွေလည်း။ အချောင်ရှာနေတာ ဘယ်သူတွေလည်း။ ကျွန်တော်ပါလားလို့ တွေးကြည့်ပါ။ ပေါ့ပေါ့နေလို့ မီးဘေးကို မရှောင်နိုင်တာ။ လူတွေဒုက္ခတွေဖြစ်နေတာ စိတ်မကောင်းပါ။
I so sad to see that,
အော်လူတွေများကြောက်ဖို့ကောင်းတယ်နော်…မနာလို့မရှူ့စိတ်ဖြစ်နေကျတာများးးးးးးးးး အဲ့ဒါမင်းတို့ဝေဖန်ရေးသမားတွေကိုပြောတာကွ
အခုလိုအချိန်နဲ့တပြေးညီတင်ပေးလို့ကျေးဇူးတင်ပါတယ် အားလုံးမီးမပေါ့စကြပါနဲ့
Thanks a lot for helpful info. What about now?
So sad to see & hear,
why YGN is so unfortunate in these days?
i wish such kind of thing would not happen again,
our people r almost dying.
လောကမှာ သူတို့ မလုပ်၇ဲတာဘာမှ မရှိတော့ဘူးကိုတာ.. ကန်တော်လေးက ဘော်ဒါ.နှင့် ပြည်သူတွေ. သိသင့်ပါပြီ..
မီးလောင်မှူ ဖြစ်စဉ်တွေကို ပြန်လည်သုံးသပ်ရင်.. ရတပုံမီးလောင်မှု.. ကိုကြည့်ပါ ဈေးမဖွင့်ခင် မနက် ၆ နာ၇ီလောက်မှာ စတင်လောင်ကျွမ်းတာကိုတွေ့ ၇ပါတယ်….သင်္ဃန်းကျွန်းဈေးကြီး မီးလောင်တုန်းကလဲ.. ဈေးမဖွင့်ခင်..မနက်စောစော မီးလောင်တာကိုတွေ့ရပါတယ်.. အခု မင်္ဂလာဈေး..ဈေးမဖွင့်ခင်.. မနက်စောစော စလောင်တာကိုတွေ့ရပါတယ်.. ၀ါယာရှော့ ဖြစ်တာမှန်တယ်ဆို ညကတည်းလောင်ကျွမ်းလိမ့်မယ်လို့ထင်ပါတယ်. ..ဒီမီးလောင်ကျွမ်းမှု အချက်တွေအားလုံးက ထူးဆန်းစွာ တိုက်ဆိုင်နေတာပဲလား.. တမင်တကာ အကွက်ကျအစီအစဉ်ဆွဲခဲ့ ကြတာပဲလား.. ကျွန်တော်ဥာဏ်မမှီ တော့ပါဘူဗျာ..
ဟိုသီချင်းထဲကလိုပေါ့
သူခိုး ဒမြထက်ဆိုးတဲ့ရန်သူဟာ …ရန်သူ မီးကို အသေအလဲသတိပြုပါ။ (သီချင်းထဲမှာတော့ မီးကို သတိပြုခိုင်းတာပေါ့) တကယ်က အားလုံးထက်ပိုဆိုးတာက …..
မင်္ဂလာဈေးမီးလောင်မယ်လို့ ကြိုသိတာ တစ်လ လောက်တောင်မှ ရှိနေပြီ။တကယ်မလုပ်လောက်ဘူးထင်လို့။ခုတော့ တကယ်ကို လောင်သွားခဲ့တာပါပဲရှင်။ နောက်ကြားထားတာက ညောင်ပင်လေးဈေးတဲ့ရှင့်။ သတိတော့ထားကြပါ။
တော် တော် ဆိုးတာပဲ။လူတွေကစားဝတ်နေရေး အခက်တွေ.နေချိန်မှာဒီလို ဖြစ်တော.လူတွေတော်တော် သနားဖို.ကောင်း ပါတယ်ဗျာ။အစိုးရ မကောင်းတာလဲ ပါတာပေါဗျာ။။
updates လေးတွေအတွက်thanksပါ နောက်ထပ်တင်ပေးပါနော်၊
still happening this event ….i just come back there …the upstairs are still burning …..:(
ကျွန်တော်ရန်ကုန်မှာနေတာတောင် ဒီလောက်မသိဘူး.. နာရီအလိုက် Update တွေအတွက်ကျေးဇူးပါ..
Some people are blocked at third floor untill 12 noon , they waved their hand and asked for help ,
One Fireman fell down and died at Fired Mingalar Market
စိတ်မကောင်းစရာဘဲ မန္တလေးရတနာပုံဈေးတုံး ကလဲဒီလိုဘဲဖြစ်ခဲ့တာဘဲ
ပစ္စည်းတော့ ဆုံးရုံးခဲ့ပြီ နေရာလေးတော့ မလုကြပါနဲ့
May God bless the whole world. No security and safety for people. The upgrading of the facilities for all Markets is in urgent need (water tank system, extinguishers, dry riser, wet riser, fire hydrant, emergency exit lights). It is worth to use that money for the safety of oneself. And educate the people about safety. If the authority don’t do so, the building owners should initiate that kind of proposal. If lack of doing so, owners and innocent people will be the persons who suffer the most.
နေပြည်တော်တွင် လုံးဝစည်ကားမှုမရှိသောကြောင့် နအဖစစ်အုပ်စု ရန်ကုန်မြို့နေလူထုအား စနစ်တကျ နေထိုင်လို့မရအောင် ဗျူဟာကျကျ လုပ်ဆောင်နေဆောင်နေကြောင်း သိရပါတယ်။ ရန်ကုန်မြို့ကို ရေဖြတ်၊ မီးဖြတ်၊ လူစည်ကားရနေရာများကိုဗုံးခွဲ၊ ဈေးများ ( စံပြဈေး၊ မင်္ဂံလာဈေး…..၊ ဆက်လက်ပြီး ညောင်ပင်လေးဈေး…..စသည်များ ) ကို မီးရှို့ခြင်းများကို လုပ်ဆောင်မည်ဟု စစ်တပ် ခေါင်းဆောင်ပိုင်းအတွင်းမှကြားသိရပါတယ်။ ( ဗိုလ်ချုပ်မောင်ဦး ဆွေးမျိုးများ ပြောင်းလျင် ( သို့ ) အိမ်ထဲမှ အပြင်မထွက်လျင် မိမိတို့မိတ်ဆွေများကို အသိလှမ်းပေးကြစေလိုပါတယ်။ ရန်ကုန်ရှော့ပင်းစင်တာများ၊ သင်္ကြံန်ဗုံးကွဲမှုများကို ဗိုည်ချုပ်မောင်ဦး ဆွေမျိုးများကြိုသိရသည်ဟု သိရပါသည်.
အော်……….ဒုက္ခနော်……………စိတ်မကောင်းလိုက်တာ……….
Give those Firefighters a break. At least hey may need to get some fresh air.
ဗျာ..!!!
မီးသတ် သမား အချို့  နေ့ လည် ထမင်းစား ပြန်နေတယ်။
အံ့ရော..အံ့ရော..။
http://www.m51a.com/profiles/blogs/2529391:BlogPost:128692
အဲ့ဒီမှာ ပုံတွေ အများကြီးပဲ
မကြာခင် နိုင်ငံတော်အစိုးရ က.. ခတ်မှီဈေးသစ်ကြီ တည်ဆောက်ရန်..ဘယ်သူဘယ်ဝါကိုပေးလိုက်လဲ..စောင့်ကြည့်လိုက်ပါနော်.. ဒီဇိုင်းတွေတောင် ဆွဲပြီးလောက်ပြီထင်ပါတယ်..လေ..
လူ ဘယ်နယောက် သေလဲ မသိဘူး?
http://mmweather.com/news/index.php?id=62&commented=0#txpCommentInputForm
နောက်ဆုံးအခြေအနေလေးသိချင်ပါတယ်
http://www.news-eleven.com/index.php?option=com_content&view=article&id=3182:2010-05-24-03-22-57&catid=43:2009-11-10-07-39-09&Itemid=111
မီးသတ် ကား ကြောင့် မဟုတ်ဘဲ
စာသားလေးတော်တော်မိုက်တယ် နော်
အရမ်းကျေးဇူးတင်တယ်ဗျာ…..
ဘယ်ကနေစလောင်တယ်ဆိုတာသိရလို.ရှိရင်ထပ်တင်ပေးပါအုံးနော်..ကျေးဇူးအများကြီးတင်ပါတယ်..
checkt it up pls! can’t see photo
Now raining
ခုလို update ဖြစ်မှ သတင်းတဲ့ အရသာကို ခံစားရတာ၊ ကျေးဇူးပဲဗျို့
အပြတ်များ ရှင်းနေတာလားဗျာ . . .
မိုးကလဲ ၇ွာယုံမရွာဘူး .လေကပါပါလာတယ် .
ကုန်ပါပီဗျာ.. အခု 1း 55 ထိလောင်ကောင်းတု န်းပဲ ..
Thanks for news ! pls update.
မီးလောင်တာသိရလို့စိတ်မကောင်းပါဘူးဗျာ……..
ဟုတ်ကဲ့ပါဗျာ. ကျေးဇူးပါ.ပုံပါတွဲးတင်ပေးပါလား
Congratulation Myanmar’s medias ,let’s make news better forward !So sorry for Mingalar market ! God Bless for all human in market .
i cant see photos.How to do?
update information တွေအတွက်ကျေးဇူးအများကြီးတင်ပါတယ်
မီးငြိမ်းသွားပြီလားဟင်
အဲဒါလေးပါတင်ပေးပါဦးနော်
update လေးလုပ်ပေးပါဦး ကျေးဇူးပါ
ကျေးဇူးအရမ်းတင်တယ်ဗျာ…
မြန်မာနဲ့ ထိုင်း နောက်ဆုံးသတင်းတွေကို အမြန်ဆုံးသိခွင့်ရလို့ ကျေးဇူးပါ။
update လေးတွေ တင်ပေး တဲ့ အတွက် ကျေး ဇူးပါ .. ဆက်ပြီး update လုပ် ပေးပါဦး
မိးလောင်တာ အ၇မ်း ဝမ်းနည်းဖို့ကောင်းပါတယ်