မင်္ဂလာ ဈေးမီး ၂၄ နာရီ ကျော်ကြာလောင်ကျွမ်းခဲ့ပြီး နောက် ကုန်ဈေးနှုန်းများ စတင်တက်

မီးလောင်ကျွမ်းမှု အား ည ၈ နာရီခန့် ကတွေ့ ရစဉ် ဓာတ်ပုံ - ရိုက်တာ

မေလ ၂၄ ရက်နေ့ နံနက် ၈း ၃၀ မိနစ် အချိန် ကတည်းက စတင်လောင်ကျွမ်းနေသည့်  ရန်ကုန် မြို့ မင်္ဂလာ
တောင်ညွန့် မြို့ နယ် မအူကုန်း လမ်းဆုံရှိ မင်္ဂလာ ဈေးမီးသည် ယနေ့ နံနက် ၈း၃၀ အချိန် ခန့် မှ မီးစွယ်ကျိုး
သွား သဖြင့် ရန်ကုန် မြို့ ၏ မီးလောင် မှု သမိုင်း တွင် အဆိုးရွားဆုံး စာရင်း ၀င်ခဲ့သည်။ လွန်ခဲ့သည့် နှစ် နှစ်
ဆယ်ခန့် က တာမွေ အိုးစု နှင့် မြောက်ဥက္ကလာ နှစ် ရက်ဆက် တိုက် မီးလောင်မှု များသည် နာရီ ခြောက်ဆယ်
ကျော် ထိ ကျွမ်းလောင်ခဲ့သည် ။

ရန်ကုန် မြို့ မှ အမည် မဖော် လို သော မီးသတ် ၀န်ထမ်း တစ်ဦးက “ကျွန်တော် တို့ ကောင်းကောင်း အချိန်ရတယ် ၊သေချာ ငြိမ်း နိုင်တယ် ၊ဒါပေမယ့် ဒီနွေ ထဲ လောင်ခဲ့သမျှ  မီးတွေ မှာ သေချာ ငြိမ်း နိုင်းတယ်ဆိုပြီး ပေါ့ လိုက် လို့  အခု လို ဖြစ်သွား တာ “ဟု Freedom News Group သို့ ပြောသည်။

လွန်ခဲ့သည့် မတ်လ က သိမ်ကြီးဈေး ဒီ ရုံတွင် မီး လောင်မှု ဖြစ်ပွားစဉ် မီးသတ် သမားများ က အောင်မြင်
စွာ ငြိမ်းသတ် နိုင် သောကြောင့် ထို ဈေးများ မီးလောင်မှု အရေးပေါ်မီးသတ် အဖွဲ့ က ပင် အောင်မြင်စွာငြိမ်း
သတ် နိုင်မည် ဟု  ယူဆခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

အမည် မဖော် လို သည့် ထိုမီးသတ် က ကျွန်တော် တို့  မီးကို မပြန့် အောင်တော့ ကောင်းကောင်း ထိန်း နိုင်ခဲ့
ပါတယ်..တကယ် လို့ မီးသတ် ၀န် ထမ်း တွေ သာ မကျွမ်းကျင် ခဲ့ရင် အနားမှာ ရှိတဲ့ ကနေရီ ဓာတ်အား  ခွဲရုံတို့  မင်္ဂလာတောင်ညွှန့် လျှပ် စစ်ရုံး တို့ မီးထဲ့ပါ ကုန်ပြီး တစ်မြို့ လုံး မီးလောင်တိုက် သွင်း သလို ဖြစ်သွား
လိမ့်မယ် “ဟု ဆိုသည်။

မနက် ကတည်းက လောင်နေသည့် မီးမှာ ညနေခြောက်နာရီ ကျော်တွင် ကျန်ရှိ နေသည့် ဂက်(စ်) အိုးများ ပေါက်
ကွဲမှု ကြောင့် လောင်ကျွမ်းမှု ထပ်မံ အရှိန်မြင့် ခဲ့ရာ ည ၁၁ နာရီကျော်မှာ ည ၁ နာရီ ထိ ရန်ကုန် တစ်မြို့ လုံး အနှံ သဲ
သဲမဲမဲ ရွာချသည့် မိုးကြောင့် မီးလောင်မှု အား အရှိန် ည နှစ် နာရီ ခန့် တွင် လျှော့ ကျခဲ့သည်။

ယခု မီးလောင် မှု တွင် အဓိက တာဝန် ရှိသူမှာ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနဖြစ်
သည် ဟု မင်္ဂလာ ဈေးသား တစ်ဦးက ပြောသည်။ မီးလောင်ကျွမ်းမှု ကြောင့် ဆုံးရှုံးမှု များဖြင့် ရင်ဆိုင်ခဲ့ရငည် မင်္ဂလာ ဈေးသူ ၊ ဈေးသား များအနေဖြင့် ထိုကိစ္စ အား အဖြစ်မှန် ဆက်လက်  စုံစမ်းဖော်ထုတ် ပေးရန် နှင့် နစ်နာ မှု များ အတွက် တာဝန် ရှိ သည့် အဖွဲ့ များက လျှော်ကြေးငွေ များ ပြန်လည် ပေးအပ် ရန် မြို့ တော်ဝန်
ဗိုလ်မှုးချုပ် အောင်သိန်းလင်း နှင့် ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ တို့ ဆီ စာရေး တင်ပြမည် ဟု သတင်းရရှိသည်။

ရန်ကုန်မြို့ ၏ ဒုတိယ အကြီးဆုံး မင်္ဂလာဈေး မီးလောင်မှု ကြောင့် မြန်မာ နိုင်ငံ၏ ကုန်စည် ဈေးကွက် တွင်
ဈေးတက်မှု များ ရှိလာနိုင် ပြီး အိမ်သုံးဆေးဝါး ဈေးကွက်မှာ ပျက်စီးလု နီးပါး ရှိ နိုင်သည် ။

မီးလောင်ပြီး နောက် တစ်ရက် ဆန်ဈေး ၊ဆီဈေး နှင့် အခြေခံ စားသောက် ကုန် ဈေးများ အနည်းငယ် မြင့်တက်
သွားသည် ဟု သတိရရှိသည် ။ အချို မှုန့် နှင့် တစ်လီတာ ၀င် စားသုံးဆီ ဈေးမှာ မူ ဆက်လက် တက်ဖွယ်ရှိသည်။

ပုဇွန်တောင် ဈေး ဗိုလ်ချုပ် ဈေး၊ ညောင်ပင် လေးဈေး နှင့် ယုဇန ပလာ မှ ဆိုင်ခန်း များ မှာ ယနေ့ ဖွင့် လှစ်ကြခြင်း
မရှိဘဲ အဖိုးတန် ပစ္စည်းများ အား လာရောက် သိမ်း ဆည်းကြသောကြောင့် ယခု ကဲ့ သို့ ဈေးတက်သွားခြင်း ဖြစ်
သည် ညောင် ပင် လေးဈေး မှ ကုန်သည် တစ်ဦး ဖြစ်သူ ဒေါ်ဝင်း က ပြောသည်။

မင်္ဂလာ ဈေးမှ ရန်ကုန် နှင့် အောက်မြန်မာ နိုင်ငံ သို့ ဖြန့် ဖြူးရ အဓိက ကုန်စည် ဒိုင် တစ်ခု ဖြစ်ပြီး ဆိုင်ခန်းပေါင်း
လေးထောင် ကျော်ရှိသည်။ မင်္ဂလာ ဈေးရှိ ဆိုင်ခန်း များ မှာ လူကြိုက်များ ပြီး ဈေးနှုန်း မြင့်မား မှု ကြောင့် ဈေးများ
ဌာန မှ  အလယ်လမ်း တစ်လျှောက် တွင် နေရာလွတ် ဆိုင် ခန်းများ အား တစ်နေရာ လျှင် ငါးသိန်း နှင့် ထပ်မံ ချ
ထားပေးသည်။

2 thoughts on “မင်္ဂလာ ဈေးမီး ၂၄ နာရီ ကျော်ကြာလောင်ကျွမ်းခဲ့ပြီး နောက် ကုန်ဈေးနှုန်းများ စတင်တက်

  1. ကျက်သရေတုံးတဲ့မင်းအုပ်ချုပ်နေမှတော့ဒီလိုကျက်သရေမရှိတာတွေဆက်ဖြစ်နေဦးမှာဘဲ မြန်မာတွေက ကျောချတာတောင်ဓါးပြ မှန်းမသိသေးဘူး ထွိ ။

  2. အကြီးမားဆုံးမီးလောင်မှုတစ်ခုလို့ ဆိုရမှာပေါ့ ဒီနေ့ နံနက်ထိတောင် မီးက တစ်ငွေ့ငွေ့ လောင်နေသေးတယ်
    အနီးပတ်ဝန်းကျင် မှာလည်း ညှော်နံ့ တွေနဲ့ မီးခိုးတွေ ပိတ်မှောင်နေတာပဲဗျာ မြင်ရတာနဲ့တင် တော်တော်ကို
    ကြောက်စရာကောင်းနေပြီဗျာ တကယ့်တိုက်ရိုက် ကြုံတွေ့ရတဲ့ သူတွေအတွက်တော့မတွေးဝံ့စရာဘဲနှော်———————
    လူတွေတော့ကပ်ဆိုက်နေပြီထင်ပါရဲ့ဗျာ တစ်မျိုးပြီးတစ်မျိုးဘဲ
    ရှေ့လျောက်ဘာတွေဖြစ်လာဦးမလဲ မသိဘူးဗျာ————

Comments are closed.