ဈေးမီးလောင်မှု ဖြင့် ဆိုင်ပိုင်ရှင် သုံးဦးကိုဖမ်း

မေလ ၂၄ ရက်နေ့ က ရန်ကုန် မြို့ မင်္ဂလာ ဈေး မီးလောင် မှု တွင် အဓိက တာဝန် ရှိသည့် ဆိုင်ရှင် သုံးဦးကို
မင်္ဂလာ တောင်ညွှန့် ရဲ စခန်း မှ ဖမ်းဆီး၍ အမှု ဖွင့် အရေးယူထားသည် ဟု ယနေ့ ထုတ်ကြေးမုံ သတင်းစာတွင်
ဖော်ပြထားသည်။

မေလ ၂၃ ရက်နေ့ ညက ဈေးပိတ်ချိန် တွင် ရေနွေး အိုး တည်ထားသည့် မီးပလပ် ကြိုးကို မဖြုတ်ပဲ ထားရှိပြီး
နောက်တစ်နေ့ ဈေးဖွင့် ချိန်တွင် ဈေးတာဝန်ခံ ရုံးက လျှပ်စစ်မီး များ ပြန်လည် ဖွင့်လှစ်ရာမှ ရေနွေး အိုး လောင်
ကျွမ်းပြီး အနီးရှိ အထည် များ ကို ကူးစက်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

မတ်လ ၂၄ ရက်နေ့ နံနက် တွင် စတင် ခဲ့သည့် မင်္ဂလာ ဈေးမီးလောင်မှု သည် မတ်လ ၂၅ ရက်နံနက် ညနေ
တွင် မှ လောင်ကျွမ်းမှု ပြီးဆုံးခဲ့သည်။

မီးလောင်ကျွမ်း မှု သည် စတုတ္ထ ထပ်တွင် သာ လောင်ကျွမ်းခြင်း ဖြစ်ပြီး ကျန်ရှိနေသည့် အထပ်များ သို့ ကူး
စက် လောင်ကျွမ်း ခြင်းမရှိ ဟု ဆိုသည်။

မင်္ဂလာ ဈေး တွင် ဆေးဝါးရောင်း ချသူ တစ်ဦးက စတ္တုထ ထပ်မှာ ပြာပဲ ကျန်တော့ တယ်လေ ၊သူတို့ ဘာကြောင့် ရေနွေးအိုးက လောင်တယ် လို့ ပြော နိုင်ရတာ တုံး ဟု ဆိုသည်။

မီးလောင်ခံရသည့် မင်္ဂလာ ဈေးမှ ဈေးသူ ဈေးသား အများစု သည် အာမခံ မထားရှိ သဖြင့် လျှော်ကြေးရဖွယ်
မရှိ ဟု ယနေ့ ထုတ် ဂျာနယ် များ တွင် ဖော်ပြထားသည်။

ဈေးသူ၊ဈေးသား အများစု မှာ လျှော်ကြေး လည်း မရ ဆိုင်ခန်း ပြန် လည် ဖွင့် လှစ်ရန် နေရာ ချထားပေးခြင်း
လည်း မရှိသောကြောင့် မကျေမနပ် ဖြစ်နေကြသည် ဟု သတင်းရရှိသည်။

5 thoughts on “ဈေးမီးလောင်မှု ဖြင့် ဆိုင်ပိုင်ရှင် သုံးဦးကိုဖမ်း

  1. သူနဲ့ကြမှ တိုက်တိုက်ဆိုင်ဆိုင် says:

    တသက်လုံး မီးမလာတဲ့ ရွှေပြည်တော်ကြီးဟာ လျှပ်စစ်မီးက စပြီးမီးလောင်းတယ်ဆိုတော့လည်း အံ့သြစရာပါလားနော်။ နိုင်ငံတော် အစိုးရဲ့ စေနာကိုပြည်သူတွေ နားမလည်သေးဘူး။ ဒီလို ဝါယာရှော့တွေ ခဏခဏ ဖြစ်ပြီး မီးလောင်မှာစိုးလို့ ၂၄ နာရီ အပြည့်မီးပေးတာပါ။ အခုကြည့်လေ မီးကို တစ်ရက်မှ ၅ နာရီလောက်ဘဲပေးတာ ပေးတဲ့ အချိန်မှာ မီးထလောင်တယ်။ နောက်ဆို တစ်ရက်တစ်နာရီဘဲ ပေးတော့မယ်ထင်တယ်။

  2. အော်..မြန်မာရဲအရာရှိတွေနဲ့စစ်အစိုးရတွေ ဦးသန်းရွေက ဦးချိုနဲ့အမှီးတပ်ပေးထားတာတောင်မှ
    ကိုယ့်ကိုကိုနွားဖြစ်မှန်းမသိကြပါလားနော်..ဘယ်လိုပြောမှသိကြမှာလဲ?

  3. under this fucking stupid goverment, can happen anythng.
    ngar loe ma thar THAN SHWE

  4. Freedom news group,
    my computer နဲ့ ဗမာစာ မဖတ်နိုင်ပါ။ ဗမာ font download လည်းမတွေ့ရပါ။ my computer ထဲမှာ zawgyi font ရှိတယ်။ ဆရာတို့ website ဗမာစာ သည် ပြောင်းပြန်ဖြစ်နေပါတယ်။ ဒါကို ဘယ်လိုလုပ်ရမယ် ဆိုတာ ဖြေကြားပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

  5. ရန်သူမျိုး(၅)ပါး တာဝန်မယူ ဆိုတဲ. LAW ကို ပြင်သင့်ပြီ ဗျ………

Comments are closed.