ဆန်ဖရန်စစ္စကိုမြို့တော် ဖက်ဒရယ် အစိုးရ အဆောက်အဦ ရှေ့ တွင် ယနေ့ ကျင်းပသည့် ဗမာ့ ဒီမိုကရေစီ နေ့ အခမ်းအနား
ဆန်ဖရန်စစ္စကို မြို့ တော်ဝန် နှင့် မြို့ အုပ်ချုပ်ရေး ကောင်စီ က ၁၉၉၀ ပြည့်နှစ်မေလ ၂၇ နေ့ တွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် အား ဂုဏ်ပြုသော အားဖြင့် ဆန်ဖရန်စစ္စကို ဗမာ့ ဒီမိုကရေစီ နေ့ အဖြစ် သတ်မှတ်ပေးခဲ့သည်။
ယနေ့ ကျင်းပသည့် ဆန်ဖရန်စစ္စကို မြို့ ရှိ ဗမာ့ ဒီမိုကရေ စီနေ့ အခမ်းအနား တွင် ဆန်ဖရန် ရောက် မြန်မာ များက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ပါဝင် ဆန္ဒပြခဲ့ကြသည်။ဆန်ဖရန်စ္စကို မြို့ တော်ဝန် လည်း ထို အခမ်းအနား သို့ တက်ရောက်ကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်း တစ်ဦး ဖြစ် သူ ကိုခင်မောင် ၀င်းက Freedom News Group သို့ ပြောသည်။
ဘာကလေ တက္ကသိုလ် မှ မြန်မာ ကျောင်းသား၊ကျောင်းသူ များက လည်း ဤသို့ ပူးပေါင်းပါဝင်ခဲ့သည်။
မေလ ၁၀ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည် အား အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေး ၀န်ကြီး နှင့် တွေ့ ဆုံရန် စစ်အစိုးရ တာဝန်ရှိသူများ မှာ ရဲကား များ ခြံရံပြီး မော်တော်ကား ဖြင့် ခေါ်ဆောင်သွားစဉ် ဓာတ်ပုံ- ရိုက်တာ
ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၂ ခုနှစ် မေလ ၃၀ ဒီပဲယင်းလုပ်ကြံမှု ကြီး တွင် အသက်ဘေးမှ လွတ်မြောက်လာပြီးနောက် နေ အိမ်အကျယ်
ချုပ် ချခံထားရာ ရှစ်နှစ် ပြည့်မြောက်တော့ မည် ဖြစ်သည်။
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်
Related