Red Shirt Vows Restart Protests End of Monsoon
Air Asia giving out free tickets to Bangkok
လုံခြုံသည့် နေရာတွင် အစိုးရဆန့် ကျင်ရေး ဆန္ဒပြမှု များ အတွက် အစီအစဉ် များ ရေးဆွဲနေသည့် UDD ခေါင်းဆောင် တစ်ဦးဖြစ်သူ ဖိရာမ ချော်ထန် က မိုးရာသီ ကုန်လွန် မည့် အောက်တိုဘာ (သို့ မဟုတ်) နိုဝင်ဘာ
လဆန်းတွင် ၎င်းတို့ ၏ မပြီးဆုံးသေးသော တော်လှန်ရေး ကြီး ကို ပြန်လည် စတင် မည် ဖြစ်သည် ဟု Freedom News Group သို့ ပြောသည်။
အာဏာရှင်ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး၏ တကျော့ ပြန် တော်လှန်ရေး ကျင်းပမည့် အချိန် သည် မြန်မာနိုင်ငံဉ် စစ်အစိုးရ မှ ကြီးမှု ပြီး ရွေးကောက်ပွဲ ကျင်းပမည် ဟု ကြေညာထားသည့် အချိန် နှင့် လည်းတိုက်ဆိုင်နေသည်။ထိုင်း နိုင်ငံ ဘန်ကောက် မြို့ တွင် သီတင်း ဆယ်ပတ် နီးပါးကြာ UDD တို့ ၏ ဆန္ဒပြမှု ကြောင့် ထိုင်းစီးပွား
ရေး မှာ အမေရိကန် ဒေါ်လာ သန်း မီလျှံ နှင့် ချီ၍ ထိခိုက် နစ်နာ ခဲ့ရပြီး မြန်မာ နိုင်ငံ တွင် လည်း နိုင်ငံခြားသား ကမ္ဘာ လှည့် ခရီးသည် ၀င်ရောက်မှု ထက်ဝက်ခန့် လျှော့
ကျခဲ့ရသည်။
နှစ်လ ကျော်ကြာဆန္ဒပြမှု တွင် ထိုင်း စစ်တပ်၏ ပစ်ခတ်မှု ကြောင့် ဆန္ဒပြသူ ၈၀ ကျော်သေဆုံး ခဲ့ရသည်။ ထိုအထဲ တွင် ထိုင်းဒုဗိုလ်
ချုပ် ကြီး ဟောင်း ခတ္တိ ယ ဆ၀ါဒီဖော လည်း လက်ဖြောင့် သေနတ် သမားက သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း ခံခဲ့ရသည်။
ဆန္ဒပြမှု တွင် ပါဝင် သော အနီဝတ် ခေါင်းဆောင်း များ ကို ထိုင်း အစိုးရ က ဆက်လက် ဖမ်းဆီးမှု များ တိုးမြှင့် လုပ်ဆောင်ရာ
ချူလာ လောင်ကွန် တက္ကသိုလ် မှ သမိုင်း ပါမ္ခော ဆူတာ ချိုင်း လည်း ပါဝင်သည်။
ထိုင်းလုံခြုံရေး အဖွဲ့ ဝင်များ က ဖမ်းဆီး ထားသူ များ အား ညှင်းပန်း နှိပ် စက် မှု များ ရှိသည် ဟု လူ့ အခွင့် အရေး အဖွဲ့ များက စွပ်ဆွဲ ထားသည်။
ထိုင်း နိုင်ငံ တွင်း ရှိ ဒီမိုကရေစီ လိုလားသူ များက ဆန္ဒပြသူများ သေဆုံးခဲ့မှု တွင် အဓိက တာဝန် ရှိ သည့် အဘီဆစ် နှင့် ဒုဝန်
ကြီးချုပ် ဆူထေ့ တို့ ကို နှုတ်ထွက်ပေးရန် တိုက်တွန်းထားသည်။
ထိုင်း အစိုးရ က နိုင်ငံတွင်း သို့ ကမ္ဘာ လှည့် ခရီးသွားများ ပြန်လည် ၀င်ရောက် လာရန် အတွက် လေကြောင်း ခရီးစဉ်များ နှင့် ဟိုတယ်
ခများ ကို လျှော့ ချပေးသည့် ၀န်ဆောင်မှု များ ပြုလုပ် လျှက်ရှိသည်။
နိုင်ငံတွင်း အမျိုးသား ရင်ကြား စေ့ရေး အတွက် အချက် ငါးချက်ပါ လမ်းပြမြေပုံ ကို ထိုင်းဝန်ကြီး ချုပ် အဘီဆစ် က ထုတ်ပြန်ထား
သည်။ ထိုအစီအစဉ် နှင့် ပတ်သက် ပြီး အမေရိကန် အကူအညီ နှင့် ပတ်သက်၍ ဗာဂျီးနီးယား လွှတ်တော် အမတ် ဂျင်ဝဘ် လာလျှင်
အဘီဆစ် နှင့် ဆွေးနွေး မည် ဟု သိရသည်။
