HBO ရုပ်သံဇာတ်လမ်းတွဲ ရဲ့ တင်ဆက်မှု အဖြစ် ၁၉၉၈ ခုနှစ် ဇွန်လ ကနေ ၂၀၀၄ ခုနှစ် ဖေဖ်ာဝါရီလ
အထိ ခြောက်နှစ်နီးပါးကြာ ပြသခဲ့သည့် တီဗီရုပ်သံဇာတ်လမ်းတွဲ Sex and the City ဟာ နာမည်ကျော် အမေရိကန်
ရုပ်သံဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပါတယ်။
ဒီရုပ်သံဇာတ်လမ်းတွဲ ကို ၂၀၀၈ ခုနှစ် မှာ ရုပ်ရှင် အဖြစ် ပြန်လည် တင်ဆက်ခဲ့ရာ လူကြိုက်များခဲ့ပါတယ်။
Sex and The City မှာ ကယ်ရီ ဘရစ်ရှော အဖြစ် ဆာရာဂျက်ဆီကာ ပတ်ကား ၊ကင်ကာ ထရယ်၊စင်သီယာ နစ်ဆင် တို့ 
က သရုပ်ဆောင်ထားပါတယ်။လီဆာ မိုင်နယ်လီ၊မီလေ ဆိုင်ရပ်(စ်) နဲ့  ပယ်နီလိုပီ ခရုဇ် တို့ ကလည်း ဧည့်သည် သရုပ်ဆောင်အဖြစ်ပါဝင်
ထားကြပါတယ်။
ခော်ပေါ် ဖက်ရှင် စတိုင်လ် ဆန်းဆန်းတွေ နဲ့ တွေ့ ရမယ့် ဒီဇာတ်ကားမှာ အစ္စလာမ်မစ် လူ့ အဖွဲ့ အစည်းက
ကန့် သတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အသုံးအနှုံးတွေ ပါတယ်ဆိုတာ ကြောင့် အာရပ် နိုင်ငံ တချို့ မှာ ပြသခွင့်မရ
ပါဘူး။ဒါပေမယ့် အမေရိကန် နဲ့  အင်္ဂလန် နိုင်ငံတွေ မှာ တော့ စတင်ပြသတဲ့ နေမှာ ပဲ ပရိသတ် အား ပေးမှု တွေ
ရှိခဲ့ပါတယ်။ဒီတစ်ပတ် ရုံဝင် လာတဲ့ ကားတွေ ထဲ မှာ တော့ Prince of Persia :The Sand of Time ထက်လူကြိုက်များ
လျှက် ရှိပါတယ်။ Prince of Persia ဇာတ်ကား ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Mike Newll
ဟာ ၂၀၀၃ ခုနှစ်က မင်းသမီး ဂျူလီယာ ရောဘတ် သရုပ်ဆောက် ထားတဲ့ Monalisa ‘s Smile ဇာတ်ကား ကို
ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။၂၀၀၇ ခုနှစ် မှာ သူဟာ ကိုလံဘီယာ စာရေးဆရာ ဂါဘရီယလ် ဂါဇီယာ မာကွတ်ဇ် ရဲ့ 
Love in the time of Cholera ကို ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။


