
အမေရိကန် နိုင်ငံဂျော်ဂျီယာပြည်နယ် တွင် နေ ထိုင်ကြသည့် မြန်မာ တိုင်းရင်းသား များ စုပေါင်း၍ မြန်မာရိုးရာ
သင်္ကြန် ပွဲတော် ကို မေလ ၂၉ ရက်နေ့ တွင် ကျင်းပသည်။ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာ ရောက် မြန်မာ
ပြည်သားများ၏ သင်္ကြန်ပွဲတော်တွင် မြန်မာ ရိုးရာ အတာသင်္ကြန် အစဉ်အလာ အတိုင်းကျင်းပကြခြင်းဖြစ်ပြီး
သင်္ကြန်ယိမ်း အကများ ၊စတုဒီသာ များ ဖြင့် ပွဲတော် လာရောက်သူများ ကို ဖျော်ဖြေဧည့်ခံခဲ့ကြသည် ။

အတ္တလန်တာ မြန်မာရိုးရာ နှစ် သစ်ကူးပွဲတော် သို့  အဆိုတော် မေဆွိ လည်းလာရောက် သီဆိုဖျော်ဖြေခဲ့
သည်။ နှစ်သစ်ကူးပွဲတော် သို့ ကာလီဖိုးနီယား မှ လာရောက်သီ ဆိုဖျော်ဖြေခဲ့သည့် မေဆွိက သူမရရှိသည့်
ဆုတော်ငွေ များ ဖြင့် မြန်မာ နိုင်ငံတွင် သောက်သုံးရေ ပြတ်လပ်မှု နှင့် ကြုံ တွေ့ နေရသည့် ဒေသများ သို့ 
လှုဒါန်း မည် ဟု သတင်းရရှိသည်။
ဂျော်ဂျီယာ သင်္ကြန် ပွဲတော်ကို နံနက် ၉ နာရီ မှာ ညနေ ၅ နာရီ ထိ ကျင်းပသည်။
မြန်မာ နိုင်ငံတွင် အတာသင်္ကြန် ကျင်းပချိန်တွင် မြောက်ကမ္ဘာ ခြမ်း နိုင်ငံ များတွင် ဆောင်းရာသီ ကုန်လု
ဆဲဆဲ ကာလသာ ရှိသေး၍ အပူချိန် မှာ ပျမ်းမျှ လေးဆယ် မှာ ငါးဆယ် ဒီဂရီ ဖာရင် ဟိုက် လောက်သာရှိ
သေး သဖြင့် ရေသဘင် ပွဲတော် ကို ကျင်းပ နိုင်ရန် မဖြစ်ကြောင်း အတ္တလန်တာ သင်္ကြန်ပွဲတော် ကျင်းပရေး
ကော်မတီ မှ ဦးကျော်စိုး က Freedom News Group သို့ ပြောသည်။

ကျေးဇူး