Actor Dennis Hopper Dead At 74
ကမ္ဘာ့  ယဉ်ကျေးမှု ကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်ခဲ့မှု တွင် အဓိက ကျသော ဖြစ်ရပ်များ တွင် တစ်
ခုအပါအ၀င် ဖြစ်သည့် Easy Rider ရုပ်ရှင် ဇာတ်ကားမှ မင်းသား ဒင်းနစ် ဟော်ပါ သည် ယနေ့ 
ကာလီဖိုးနီးယား ပြည်နယ် ဗင်းနစ် တွင် ကွယ်လွန် သွားသည် ဟု သတင်းရရှိသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ် ရှိပြီ ဖြစ်သည့် မင်းသား ဒင်းနစ် ဟော်ပါသည် ၁၉၆၉ ခုနှစ် က နိုင်ငံတကာ
တွင် ၀က်ဝက်ကွဲ အောင်မြင်ခဲ့သည့် Easy Rider ဇာတ်ကားတွင် ဆိုင်ကယ် သမား ဘီလီ အဖြစ် ဂျက်နီကိုလ်ဆင် ၊
ပီတာဖွန်ဒါ နှင့် တွဲ ဖက် သရုပ်ဆောင် ခဲ့သည်။ စုပတ်လမ်း၏ မောင်းနှင်ခံ (Assembly Line) အမေရိကန် နိုင်ငံသား တို့ 
၏ ထွက်ပေါက်မဲ့နေသော ဘ၀ ကို သရုပ်ဖော်နိုင်ခဲ့သည့် Easy Rider ဇာတ်ကားသည် ထိုခောတ်က အမေရိ
ကန် နှင့် ကမ္ဘာ တစ်ဝှမ်းရှိ လူငယ်များ အတွက် သမ္မာကျမ်း စာအုပ်ဖြစ်ခဲ့သည်။
ထိုဇာတ်ကား ကို အမေရိကန် နိုင်ငံတွင် ပြသချိန်က အမေရိကန် အစိုးရ အဖွဲ့ နှင့် နိုင်ငံရေး သမား အချို့ က
လူငယ်များ ၏ စာရိတ္တ နှင့် အကျင့် စရိုက်ပျက်ပြားစေသည့် ဇာတ်ကား ဟု အကြီး အကျယ်ဝေဖန်ခဲ့ကြသည်။
ထိုဇာတ်ကား ကို အမေရိကန် အစိုးရ ကိုယ်တိုင်က နှာခေါင်းရှုံခဲ့ပြီး ထိုဇာတ်ကား ၏ နာမည် ကို ၁၉၉၈ ခုနှစ်မှ
ကွန်ဂရက် စာကြည့်တိုက်တွင် ထည့်သွင်း ခဲ့သည်။
ဒင်းနစ် ဟော်ပါသည် ၁၉၅၅ ခုနှစ် တွင် မင်းသား ဂျိမ်းဒင်း ၏ Rebel Without A Cause ဇာတ်ကားတွင် စတင်
သရုပ်ဆောင် ခဲ့ပြီး ရုပ်ရှင် လောက ထဲ သို့ ဝင်ရောက် လာခဲ့သည်။
Easy Rider ဇာတ်ကား ၏ ဇာတ်ဝင်ခန်း များကို ယူထား ပြည်နယ် တောင်ပိုင်း နှင့် အရီဇိုးနား ပြည်နယ်မြောက်ပိုင်း
ရှိ Monument Valley နှင့် New Mexico တို့ တွင် ရိုက်ကူးခဲ့သည်။ထိုဇာတ်ကား
သည် ပြင်သစ် နိုင်ငံ ကန်း(စ)ရုပ်ရှင် ပွဲတော်တွင် ဆုရရှိခဲ့သည်။
ဒင်းနစ် ဟော်ပါ ကို ၁၉၃၆ ခုနှစ် မေလ ၁၇ ရက်နေ့ တွင် ကန်းဆက် ပြည် နယ် Dodge City တွင်မွေးဖွားခဲ့
ပြီး ကာလီဖိုးနီးယား ပြည်နယ် ဆန်ဒီယေးဂိုး တွင် ကြီးပြင်းခဲ့သည်။
ဒင်းနစ် ဟော်ပါ ၏ ဖခင် ဂျေဟော်ပါးသည် နောက်တွင် စီအိုင်အေ ဟု ဖြစ်လာ မည့် မဟာဗျူဟာ လေ့လာရေး
ရုံး မှ အရာရှိ တစ် ယောက် ဖြစ်သည်။
ဒင်းနစ်ဟော်ပါ သည် ကင်ဆာ ရောဂါ ဖြင့် ကွယ်လွန် ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန် ချိန်တွင် ပဉ္စမ မြောက် အိမ်
ထောင် ဗစ်တိုးရီးယား ဒပ်ဖီ နှင့် ဖြစ်သည်။ သူသည် ဇာတ်ကား နှစ်ရာ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။
