ဂါဇာ သို့ စားနပ်ရိက္ခာ များ တင်ဆောက် လာသည့် သင်္ဘော အား အစ္စရေး ရေတပ် က တိုက်ခိုက် သဖြင့် အနည်းဆုံး နှစ်ဆယ့် ငါးဦး သေဆုံး(ဗီဒီယို)

အစ္စရေး စစ်တပ်က သုံးနှစ် ကျော်ကြာ ပိတ်ဆို့ ထားသည့် ပါလက်စတိုင်း ဒေသ ဂါဇာ ရှိ ပြည်သူများ အတွက်
စားနပ် ရိက္ခာ တင်ဆောင်လာသည့် သင်္ဘော များ ကို ယနေ့ မနက် အာရုံတက်ချိန် တွင် အစ္စရေး ရေတပ်က
ပစ်ခတ် ဟန့် တား ရှာဖွေရာ ပါလက်စတိုင်း လိုလားသူ ဆယ်ဦးထက် မနည်း သေဆုံးသွားပြီး အများ အပြား
ဒဏ်ရာ ရရှိသွားသည် ဟု သတင်းရရှိသည်။

ပစ်ခတ် ခံရသည့် သင်္ဘော များသည် တူရကီ နှင့် အီဂျစ် နိုင်ငံမှ Free Gaza Movement လွတ်မြောက်ရေး မှ
အဖွဲ့ ဝင်များ ဖြစ်သည်။တက်ကြွ လှုပ်ရှား သူ ဆယ်ဦး သေဆုံးခဲ့ရသည့် ထိုအဖြစ် အပျက် ဖြစ်ပွားချိန်သည်
အစ္စရေး ၀န်ကြီးချုပ် နေတန်ညာဟု က အမေရိကန် သမ္မတ ကလင်တန် နှင့် တွေ့ ဆုံရန် အမေရိကန် တွင်
ရောက်ရှိ နေ ချိန် လည်းဖြစ်သည်။

စားနပ်ရိက္ခာ များ တင်ဆောင် လာသည့် သင်္ဘော ကို အစ္စရေး စစ်တပ် က ပိတ်ဆို့ ပစ်ခတ်စဉ် ဓာတ်ပုံ-ရိုက်တာ

ဂါဇာ အတွက် စားနပ် ရိက္ခ များ တင်ဆောင် လာသည့် သင်္ဘောပေါ်တွင် မြောက် အိုင်ယာလန် မှ ၁၉၇၆
ခုနှစ် ငြိမ်းချမ်း ရေး နိုဘယ်ဆုရှင် မိုင်ရိ ကော်ရီဂန် မက်ဂွား နှင့် အသက် ၈၅ နှစ် အရွယ်ရှိ နာဇီ ဂျာမဏီ
တို့ ၏ မျိုးဖြုတ် သတ်ဖြတ် ပွဲ မှ လွတ်မြောက် လာသူ တစ်ဦးဟေဒီ အက်(ပ)စတိုင်း ပါရှိသည်။

အယ်(လ)ဂျာဇီးယား သတင်းဌာန မှ ဂျမာ အယ်(လ) ရှေယလ် လည်း ထိုအကူအညီပေးရေး
သင်္ဘောပေါ်တွင် လိုက်ပါလာသည်။

အစ္စရေး ၏ ပိတ် ဆိုမှု ကြောင့် အစားအစာများ ပြတ်လပ်နေသည့်  ဂါဇာ ပြည်သူများက ထိုအကူအညီပေးရေး
သင်္ဘော များရောက်ရှိ ချိန် ကို မျှော် လင့်စောင့်စားနေကြသည်။

အစ္စရေးက ထို သင်္ဘော များ အား  မိမိရေ ပိုင် နက် တွင် မဟုတ်ဘဲ နိုင်ငံတကာ ရေပိုင်နက် တွင် တိုက်ခိုက်ခဲ့ခြင်း
ုဖြစ်သည်။အစ္စရေး ၏ ထို ကဲ့ သို့ လူမဆန် သည့် လုပ်ရပ် ကို ကမ္ဘာ့ နိုင်ငံ အများစု ကရှုံ ချကြသည်။နိုင်ငံတကာရှိ
အစ္စရေး သံရုံးများ အား ချက်ခြင်းပင် ပိတ်ဆို့ ဆန္ဒပြမှု များ ဖြစ်ပွားကြသည်။

ကနေဒါသို့ ရောက်ရှိနေ့ ဝန်သည့် ဘင်ဂျမင် နေတန် ရာဟု က ယနေ့ အိုဘာမား နှင့် တွေ့ ဆုံခြင်းမပြုတော့
ပဲ ပြန်လာမည် ဟု သတင်းရရှိသည်။

အစ္စရေး ၏ အကူအညီပေးရေး ၀န်ထမ်း များ သေဆုံးစေသည့် တိုက်ခိုက်မှု အတွက် နိုင်ငံတကာရှိ အစ္စရေးသံ
အမတ် များ အား ခေါ်ကာ သက်ဆိုင်ရာ နိုင်ငံများ ကရှုံချထားသည်။

ပါကစ္စတန် နိုင်ငံ နှင့် ဆော်ဒီအာရေး ဘီးယား နိုင်ငံတို့ က လုံခြုံရေးကောင်စီ ၀င်ရောက် ဖြေရှင်းပေးရန်
တောင်းဆိုထားသည်။

4 thoughts on “ဂါဇာ သို့ စားနပ်ရိက္ခာ များ တင်ဆောက် လာသည့် သင်္ဘော အား အစ္စရေး ရေတပ် က တိုက်ခိုက် သဖြင့် အနည်းဆုံး နှစ်ဆယ့် ငါးဦး သေဆုံး(ဗီဒီယို)

  1. Israel လုပ်ရပ်ဟာအကောင်းဆုံးလုပ်ရပ်ပဲ ဒီကောင်တွေက ကမ္ဘာမှာအစ္စလမ်ကမ္ဘာဖြစ်ရမယ်ဆိုတဲ့အယူအဆနဲ့ သူတို့ဘာသာဝင်မဟုတ်ရင် ခေါင်းဖြတ်သတ်စနစ်ဆိုးနဲ့ မိုက်ရိုင်းနေကြတာ ကမ္ဘာကြီးကိုချိန်းခြောက်ပြီး နေရာတကာမှာအဖျက်လုပ်ရပ်တွေကိုလုပ်နေကြတာတွေကိုကြည့်ရင်သိနိုင်ပါတယ် အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေး ဝေါလ်ထရိတ်စင်တာကို ဖျက်ဆီးပြစ်တာကိုကြည့်ကြပါ ဒီကောင်တွေဟာ အမေရိကန်နိုင်ငံမှာနေပြီးကျေးဇူးတရားကိုမသိတဲ့အပြင် အစာကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့အကောင်တွေသူတို့အဖျက်လုပ်ရပ်တွေကိုပြောရင်အများကြီးပါ တကယ်ပြောရရင်တော့ ကမ္ဘာ့ ဘုံရန်သူဆိုတာ ဒီကောင်တွေပဲ တတ်နိုင်ရင်ကမ္ဘာမြေကြီးပေါ်မှာတောင်မရှိသင့်တဲ့အမျိုးအနွယ်တွေ ကမ္ဘာကိုချိန်းချောက်နေတဲ့ အမျိုးတွေသုတ်တင်ပြစ်တာအကောင်းဆုံးပဲ Isreal လုပ်ရပ်ကိုလုံးဝဥသုံလက်ခံတယ် အားပေးတယ်

  2. တဘက်ကလဲ ဘာသာမတူ ငါ့ရန်သူဆိုပြီး အမြစ်ပြတ်ခြေမှုန်းရေလမ်းစဉ် စွဲကိုင်ထားတာကိုး။
    ဒီလိုမှ အကွက်မမြင် ကြိုတင်မကာကွယ် ထားရင်လဲ အစ္စရေးနိုင်ငံကလေး ကမ္ဘာပေါ်ကပျောက်သွားတာ ကြာလှပြီပေါ့။။။

  3. အစရေးရဲ.လုပ်ရပ်က ကြာလေစိတ်ပျက်စရာကောင်းလေပဲ။
    သူကိုနှစ်ပေါင်းများစွာထောက်ခံခဲ.တဲ.အမေရိကန်မှာလဲ တာဝန်ရှိတယ်။

  4. israel တွေရဲ့ တော်တော် လွန်လွန်ကူးကူးဖြစ်စဥိတစ်ခုပဲ။

Comments are closed.