Rangoon Street Flooded By Heavy Rain

ယူကွန် ၊ ၊သောကြာနေ့ က စတင်၍ စနေ၊တနင်္ဂနွေ တစ်ပတ်ကြာ ရွာသွန်း ခဲ့သည့် မိုးကြောင့်  ရန်ကုန် မြို့ လည်လမ်း
မများ အပါအ၀င် တာမွေ ၊ရန်ကင်း၊မင်္ဂလာတောင့်ညွှန့် ၊တောင်ဥက္ကလာ ၊မြောက် ဥက္ကလာ စသည့် ရန်ကုန်
အရှေ့ ပိုင်း မြို့ နယ်များ ဉ် လမ်းမပေါ်တွင် ရေလျှံ ခြင်း နှင့် နေအိမ်တွင်း သို့ ရေများ ၀င်ခြင်း စသည့် ရေကြီး
ရေလျှံ မှု များ ကြုံတွေ့ နေရသည်။
မိုးရွာသွန်း သဖြင့် ရေလျှံ မှု များ နှင့် ပတ်သက်၍ တောင်ဥက္ကလာ ပ ၁၀ ရပ်ကွက် တွင် နေထိုင် သူ တစ်ဦးက
ဒီအပတ် တနင်္လာ နေ့ ကတည်းက မိုးက နေ့ တိုင်း ဆော်တာ။သောကြာနေ့ က စပြီး တနေ့ လုံးရွာတယ်
သောကြာညနေ က ရွာတဲ့ မိုးက စနေ မနက် မှ တိတ်တယ်။မနက် ထွက် ကြည့်တော့ ဝေဇယန္တာ လမ်းမကြီး
ဆို ရေ အောက် ရောက်နေပြီ ၊မြောက်ဥက္ကလာ နဲ့ ငမိုးရိပ် ဘက်က ရပ် ကွက်တွေ မှာ တော့ အိမ်ထဲ တွေ ထိ
ရေ ၀င်တယ် ဟု Freedom News Group သို့ ပြောသည်။
ရေကြီး၊ရေလျှံ မှု များ အား ရန်ကုန် မြို့ ထဲ တစ်ဝိုက် တွင် သာ ရန်ကုန် မြို့ တော် စည်ပင်ကဖြေရှင်းပေးပြီး
ဒဂုံမြို့ သစ် နှင့် မြောက်ဥက္ကလာ တွင် ရေကျော်မှု ကြောင့် အပျက်အစီး များ စုပုံနေ မှု ကို ရှင်းလင်းပေးမှု မရှိ
ဟု သိရသည်။
မြောက်ဒဂုံ ကြိုးတံတား အနီး ရပ်ကွက် များ တွင် ရေကြီး မှု ကြောင့် ကျောင်း များ ရေနစ် မြုပ်နေ သဖြင့်
ဇွန် လ ၁ ရက် ကျောင်း ဖွင့် ချိန် အမှီ ပြန်လည် ပြင်ဆင် နိုင်ခြင်း မရှိ ဟု သိရသည်။

