မီးလောင်ခံရသည့် မင်္ဂလာ ဈေးကို လေးနေရာခွဲ၍ ပြန်လည် ချထားပေးမည်

မေလ ၂၄ ရက်နေ့ မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးမှ ဆိုင်ခန်း များ ကို ယုဇန ပလာဇာ ၊တော်
ဝင်ပလာ ဇာ၊တာမွေ ပလာဇာ နှင့်  ကျောက်မြောင်း ဈေးနေရာ တို့ တွင် ပြန်လည် ချထားပေးမည်
ရန်ကုန် စည်ပင် ဈေးများ ဌာန မှ တာဝန်ရှိ သူ တစ်ဦး က Freedom News Group သို့ ပြောသည်။ဆိုင်ခန်းများ နေရချာ ထား ပေးမည် ဆိုသော် လည်း မည် သည့် နေ့ ရက် တွင် စတင်ဖွင့် လှစ်ခွင့်
နှင့် မည် သည့် ဆိုင် ခန်း များ အား မည် သည့် နေရာ တွင် သတ်မှတ် ပေးမည် ဆိုခြင်း တို့ သေချာ
စွာ မသိရသေး ဟု သိရသည်။

မင်္ဂလာ ဈေးရှိ အိမ်သုံးဆေးဝါး ရောင်းဝယ် သူ တစ်ဦး က ကျွန်တော် တို့ ဈေးကွက် ပျက်သွားမှာပဲ စိုး
ရိမ်တယ်။ အခု ကျွန်တော်တို့ လမ်းကျယ်ထဲ မှာ မြေညီထပ် ငှားပြီး ဆိုင်ပြန် ဖွင့် နေပြီ ဟု ပြောသည်။

မင်္ဂလာဈေးမှ ဈေးသူ ၊ဈေးသား အများ စု မှာ ၎င်းတို့ ၏ ဖောက် သည် များဈေးကွက်ရှိရာ သို့ လာရမည်
ခဲယဉ်း မှာ ဆိုးသောကြောင့် ယခင် မင်္ဂလာ ဈေး အနီး တစ်ဝိုက် နေရာ များ တွင် ပင် ဈေးကွက်ရှာ လျှက်
ရှိသည်။

မင်္ဂလာ ဈေးရှိ အထည် ဆိုင်ရှင် တစ်ဦး ဖြစ်သူက ကျွန်မကတော့ သူတို့ ဘယ်တော့ ချပေးမှာ လဲ ၊
ဘယ်အထိ သွားဖွင့် မလဲ ဘာမှ မဖြစ် သေးတာ ကို ထိုင်စောင့် လို့ မရဘူး ၊အခု လမ်း ၁၃၀ ထဲ မှာ
အိမ် ခန်း ငှားပြီး ဆိုင်ပြန်ဖွင့် ထားတယ် အခု ဒီမှာ ဆိုင် အသစ် ရှိ တဲ့ နေရာကို လမ်းညွှန် ဆိုင်းဘုတ်
လာကပ်တာ ဟု ဆိုသည်။

စစ်အစိုးရ က ထိုကဲ့သို့ သီရီ မင်္ဂလာ ဈေး အပါအ၀င် ၊ဈေးသူဈေးသား များ ဒုက္ခရောက်အောင် လုပ်နေခြင်း
သည် စစ်တပ် ဖရိုဖရဲ ဖြစ် မည်ကို ရှောင် ရှား လို သော အားဖြင့် အင်္ဂါ နံ များ ကပ်ဆိုက်အောင် ယတြာ ချေနေ
ခြင်း ဖြစ် သည် ဟု ဈေးမိ၊ဈေးဖ တစ်ဦး ကပြောသည်။

2 thoughts on “မီးလောင်ခံရသည့် မင်္ဂလာ ဈေးကို လေးနေရာခွဲ၍ ပြန်လည် ချထားပေးမည်

  1. ဟေ့….ကလေးတွေမင်းတို့ဟာကသတင်းကနေ
    အတင်းအဖျင်းတွေဖြစ်နေပြီဟနည်းနည်းလည်းကြည့်
    ပြီးစီစစ်ပြီးမှဖေါ်ပြကြပါ
    စာဖတ်တဲ့သူတော်တော်များများကဦးနှောက်ရှိပါတယ်
    ချင့်ချိန်ပြီးမှယုံကြတာ
    ကွာလတီမကျစေနဲ့မှမောင်ရင်လေးတို့ရ…

  2. မဟုတ်ကဟုတ်ကသတင်းတွေထက် တည့်မတ်တဲ့သတင်းမျိုးတွေ တင်ပေးသင့်ပါတယ်။

Comments are closed.