မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန်မြို့ တော်ဝန် ၏ မြေးဖြစ်သူ သေဆုံး

Updated Car Accidents Wounded Mayor Kills Mayor ‘s Grandson

မြေးဖြစ်သူ သေဆုံးပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည် ရန်ကုန်မြို့ တော်ဝန်

နေပြည်တော်အစည်း အဝေးသို့ သွားရောက် ပြီး ရန်ကုန် မြို့ သို့ ပြန်အလာ ရန်ကုန် မြို့ အမှတ် ၃ လမ်းမကြီး
နွယ်ခွေရွာ အနီးတွင် စနေနေ့ မနက်ပိုင်းက မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန် မြို့ တော်ဝန် ဗိုလ်
မှုးချုပ် အောင်သိန်းလင်း မှာ ဒဏ်ရာ ရရှိပြီး မင်္ဂလာဒုံ စစ်ဆေးရုံ တွင် တက်ရောက် ကုသခံရသည်
ဟု သတင်းရရှိသည်။ ထိုကားပေါ်တွင် အတူ ပါလာသည့် မြို့ တော်ဝန် ၏ မြေးဖြစ်သူ အသက် ၁ နှစ် နှင့် လေး
လ အရွယ် မောင်ဆက် နိုင်လင်း ခေါ် ဖိုးလုံးတီး မှာ ထိုနေ ည ၇ နာရီ အချိန် ခန့် တွင် မင်္ဂလာ ဒုံ စစ်ဆေးရုံ
ကြီး ဉ် ကွယ်လွန် သည် ဟု သတင်း ရရှိသည်။

မောင်ဖိုးလုံး တီးမှာ မော်တော်ကား တိမ်းမှောက် ချိန် တွင် ရရှိခဲ့သော ဒဏ်ရာများ ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်
သည် ။ ရန်ကုန် မြို့တော်ဝန် စီးနင်လားသည့် မော်တော်ကားမှာ တိုယိုတာ ဆိုင်ဂနပ်စ် အနက် ရောင် (၂၀၀၈)ဖြစ်သည် ဟု ရန်ကုန် မြို့ တော် စည်ပင် သာယာဝန်ထမ်း တစ်ဦးက Freedom News Group သို့ 
ပြောသည်။

ရန်ကုန် မြို့ တော်ဝန် သည် မေလ ၂၄ ရက်နေ့ က ရန်ကုန် မြို့ မင်္ဂလာတောင်ညွှန့် ရှိ မင်္ဂလာ ဈေးမီးလာင်
မှု၊သီရိမင်္ဂလာ ဈေး ရွေ့ ပြောင်း နေရာချထားမှု ၊နှစ် ခြောက်ဆယ် မြေဂရမ် များ ပြန်လည် စီစစ်ရန် အတွက်
နေပြည်တော် သို့ သွားရောက် အစီခံရင် စာတင်ရန် နှင့် ရွေးကောက်ပွဲ မဲဆွယ် မှု ကိစ္စများ အတွက် ဗိုလ်
ချုပ် ဌေးဦး နှင့် တွေ့ ဆုံအပြီး(လေးလပတ် အစည်းအဝေး) ပြန်အလာ တွင် မော်တော်ကား တိမ်းမှောက် ခြင်း ဖြစ်သည် ဟု အမည်မဖော်
လိုသည့် စည်ပင် အရာရှိ တစ်ဦး ကပြောသည်။

တနင်္ဂနွေနေ့ ထုတ်ကြေးမုံ သတင်းစာမှ မောင်ဆက်နိုင်လင်း ၏ နာရေးကြော်ငြာ

မော်တော်ကား တိမ်းမှောက် မှု ဖြစ်စဉ် တွင် ထိုတိမ်းမှောက်ရာနေ ရာဉ် လက်ကိုင်ဖုန်းများ မှ ဆက်
သွယ်မှု ဧရိယာ ပြင် ပရောက်ရှိ နေခြင်း ၊ စတစ်ကာ ကပ်ထားသော မော်တော် ကား ဖြစ်၍ ရွာသားများက
ချက်ခြင်း အနားကပ် ပြီး ကူညီ ကယ်ဆယ် မှု ပြုခြင်း တို့ ကို မလုပ်ရဲ ဟု သိရသည်။

မြို့ တော်ဝန် ၏ မော်တော်ကား ရန်ကုန် မြို့ ထဲ ၀င်လာ ချိန် တွင် ရန်ကုန် မြို့ ဉ် မိုးသည်းထန် စွာရွာသွန်း
နေချိန် ဖြစ်သည်။ဦးအောင်သိန်းလင်းမှာ သင်္ဃန်းကျွန်းဈေး မီးလောင်မှု တွင် ၎င်းကိုယ်တိုင် မီးရှို့ ခိုင်းသည်
ဆိုသည့် ဂယက် များကြောင့် ဈေးသူ၊ဈေးသား များ က ညှိုငြင်ခြင်း ကိုခံနေရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ က သီရိမင်္ဂလာ ဈေး ပြောင်းရွှေ့ မှု တွင် စည်ပင် ရဲ နှင့် ဈေးသူဈေးသား
တို့ ပြဿနာ ဖြစ်ရာ ဈေးသည် တစ်ဦးက နင် တို့ တွေ အသေဆိုး နဲ့ သေပါစေ ဟု ဆုတောင်းခဲ့သည်
ဟု ဆိုသည်။

သေဆုံးသွားသည့် ရန်ကုန်မြို့ တော်ဝန် ၏ မြေးဖြစ်သူ မောင် ဆက်နိုင်လင်း အား ယနေ့ ၁၂ နာရီ တွင်
ရန်ကုန် မြို့ ဉ် သဂြိုလ် မည် ဖြစ်သည်။

ဂျက် ကီချမ်း ပါဝင် သရုပ်ဆောင် ထားသည့် The Karate Kid ရှေ့ အပတ် ရုံဝင် မည

9 thoughts on “မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန်မြို့ တော်ဝန် ၏ မြေးဖြစ်သူ သေဆုံး

  1. ၀မ်းနည်းကြောင်းလည်း ဘယ်သူမှမရေးကြပါလား..
    သနားလို့ ရေးပေးလိုက်ပါ့မယ်…
    တကယ်စိတ်မကောင်းဘူး…
    မြို့တော်ဝန်ပါမသေလို့..ဟိုလူပါသေရင် ပိုကောင်းတယ်.

  2. တစ်မျိုးသားလုံးအရေးဆိုတာသိဖို့လိုတယ်…ဒီကောင်တွေမကောင်းတာတွေလုပ်တာများနေပြီ..ဒါကြောင့်မြန်မြန်သွားကြတော့ လို့ဝိုင်းပြိးမေတာပို့ပေးလိုက်ကြပါ

  3. သေသေ များများသေ။ ဗိုလ်တွေသေလေကောင်းလေပဲ။
    ကလေးဆိုတော.စိတ်မကောင်းမေယ်. ကံတူလို.အကျိုးပေးတာပဲလေ။

  4. ဒီဘဲကြီး သေသွားရင်ပိုကောင်းမယ်ဗျာ။ ပြည်သူတွေကိုဒုက္ခပေးလွန်းလို့။

  5. kyouk tat mal so kyouk think b a yar shi a paung to……………………..

  6. ပြည်သူတွေရဲ့  မေတ္တာတွေကတော့  တစ်ယောက် စ စူးပြီ..နောက်ထပ်လာအုံးမယ်…စောင့် နေကြ.ဗိုလ်စုတ်အပေါင်းတို့ ..

  7. ပြည်သူတွေ ကားမှောက်လို့၊ကားတိုက်လို့သေခဲံ့ရတာတနှစ်ကို အများကြီးပါ။ စည်ပင်အခါန်ကိုမတရားကောက်တော့ ပြည်သူတွေရဲ့ ကျိန်စာထိပြီပေါ့ဒ တမိသားစုလု့းသေလိုက်ရမှာ။

  8. သောက်သောက်စားစား လူ့ ငနွားကြီး !

  9. မင်္ဂလာ ဈေးသူဈေး သားတွေ အောက်လမ်း ဆရာ တွေ ငှားပြီး လုပ်တယ် လို့ ကြားတယ်.ကံနိမ့် သူဆိုတော့ ခံလိုက်ရတာပေါ့

Comments are closed.