
မေလ ၃၁ ရက်နေ့ အာရုဏ် တက်ချိန်က ပါလက်စတိုင်း ၊ဂါဇာ ဒေသရှိ စားနပ် ရိက္ခာ ပြတ်လပ်နေ သည့်
ပြည်သူ များ အတွက် စားနပ် ရိက္ခာ များ သယ်ဆောင် လာသည့် နိုင်ငံ တကာ အကူအညီ ပေးရေး သင်္ဘော
ခြောက် စီး ကို ဂါဇာ ကမ်းခြေ နှင့် နှင့် ၄၄ မိုင်အကွာ နိုင်ငံတကာ ရေ ပိုင် နက် တွင် တက်ရောက် စီးနင်း မှု
ကြောင့် အကူအညီ ပေးရေး ၀န်ထမ်း ကိုးဦး သေဆုံး ခဲ့ရသည်။

ဂါဇာ ဒေသ သည် အစ္စရေး က သုံး နှစ် ကြာ ပိတ် ဆို့ ထား သောကြောင့် ထိုဒေသရှိ ပါလက် စတိုင်း ပြည်သူများ မှာ စားနပ် ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့ နေရသည်။
အစ္စရေး ၏ အရပ် သား များ အပေါ် လက်နက်ကိုင် အကြမ်း ဖက်မှု ကျူးလွန် ခဲ့သည့် လုပ်ရပ် ကို
ကမ္ဘာ့  နိုင်ငံအများ စု က ချက်ခြင်းရှုံ ချခဲ့ ပြီး အာရပ် အဖွဲ့ ချုပ်က မူ ထိုကိစ္စ အား ကုလ လုံခြုံရေး က၀င်
ရောက် ဖြေရှင်းပေး ရန်တောင်း ဆိုထားသည်။
အစ္စရေး တို့ ၏ အကြမ်းဖက် လုပ်ရပ် အား ဥရောပ သံတမန် များ က နိုင်ငံတော် အကြမ်းဖက်မှု ဟု စွပ်
ဆွဲ ထားပြီး နိုင်ငံတကာရှိ အစ္စရေး သံရုံးများ အရှေ့တွင် ယနေ့ မနက် အစောပိုင်း ကတည်း မှ ဆန့် ကျင်
ဆန္ဒပြ မှု များ ကျင်းပခဲ့ကြသည်။
ဝါရှင်တန် ဒီစီ တွင် သမ္မတ အိမ်ဖြူတော် ရှေ့ ဉ် နိုင်ငံစုံ မှာ ငြိမ်းချမ်းရေး လို လားသူများ အပြင် ဂျူးလူမျိုး
များ ကိုယ်တိုင် ဦးဆောင်ကန့် ကွက် ကာ အစ္စရေး ၏ လုပ်ရပ် ကို ရှုံချခဲ့သည်။
အစ္စလာမ် မစ် နိုင် ငံများ တွင် မူ အစ္စရေး အား အကြီးအကျယ် ကန့် ကွက် ခဲ့ကြသည်။မြန်မာ နိုင်ငံတွင်
လည်း ငြိမ်း ချမ်းရေး လို လားသည့် နိုင်ငံခြား သား များ က ဦးဆောင် ပြီး အစ္စရေး ၏ အကြမ်းဖက်လုပ်ရပ်
အား ကန့် ကွက် မည် ဟု သတင်းရရှိသည်။
ရန်ကုန် မြို့ နှင့် ဧရာဝတီ တိုင်း ဒေသများ တွင် အကူအညီပေး ရေး လုပ်ငန်း များ လုပ် နေသည့် ဂျာမဏီ
နိုင်ငံ သူ ဟာရှရိုးဒါလ်း က “ယမန်နေ့ က အစ္စရေး က စားနပ် ရိက္ခာ သယ်ဆောင် လာသည့် သင်္ဘောများ ကို ပစ်ခတ် မှု ကို သူမကြိုက်ကြောင်း သူ့  မိတ်ဆွေ မြန်မာ များ ၊ နိုင်ငံခြား သားများ နှင့် တိုင်ပင်ကာ ရန်ကုန် မြို့ ရှိ
အစ္စရေး သံရုံးရှေ့ တွင် ဆန္ဒပြမှု လုပ် ရန် စီစဉ် နေကြောင်း မြန်မာ စစ်အစိုးရ က ဆန္ဒပြ ခွင့် ပေး မပေး ကို မသိ
ရသော် လည်း သေချာအောင် သူမ လုပ် မည် ဟု Freedom News Group သို့ ပြောသည်။
အကူအညီ ပေးရေး သင်္ဘော တွေ ကို တိုက်ခိုက်မှု နဲ့ ပတ်သက် ပြီး အစ္စရေး အစိုးရမှ ထို သင်္ဘော အုပ်စု
ဟာ ဂါဇာ ဒေသ ကို လက်နက် ကြီးတွေ ခိုးသွင်း ဖို့ ကြိုးစား နေတယ့် သင်္ဘော တွေ ဖြစ် တယ် ဟု ပြောသည်။
