တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့်တွေ့ ဆုံ

China’s Wen Jiabao, Myanmar leaders to discuss sensitive topics

Updates ယမန်နေ့ က ရန်ကုန် မြို့ သို့ ရောက်ရှိလာသည့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် ယနေ့ 
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် နေပြည်တော် တွင် တွေ့ ဆုံသည် ဟု သတင်းရရှိသည်။

ဝမ်ကျားပေါင်သည် ယမန်နေ့ ညက မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ် ကြီး အိမ်တွင် သံရုံးဝန်ထမ်းများ
အား တွေ့ ဆုံရာ ဉ် ရန်ကုန် မြို့ရှိ တရုတ် စီးပွားရေး လုပ်ငန်းရှင် များ ၊မျိုးနွယ်စု ဘုံကျောင်း အကြီး အကဲ များ
တရုတ် နွယ်ဖွား မြန်မာ ကျောင်းသား အချို့ ကို တွေ ဆုံ ခဲ့သည် ဟု သတင်းရရှိသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည့် ယနေ့ ညနေတွင် ရန်ကုန်မြို့ သို့ ဆိုက်ရောက် ပြီး ရွှေတိဂုံစေတီ
အား ဖူးမြော်ကြောင်း သတင်းရရှိသည်။သူသည် မြန်မာ နိုင်ငံတွင် နှစ်ရက် ကြာလည်ပတ်မည် ဖြစ်ပြီး
ထိုသို့ လည်ပတ်စဉ် အတွင်း မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ ဆုံကာ
ရွေးကောက်ပွဲ ကိစ္စရပ် များ အတွက် ဆွေးနွေး နိုင်သည် ဟု နိုင်ငံရေး အကဲခတ်များ က သုံးသပ်သည်။

တရုတ်ဝန်ကြီး ချုပ် မြန်မာ နိုင်ငံ လာရောက် ချိန်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး
နှစ် ခြောက်ဆယ် ပြည့်နှင့် လည်း တိုက်ဆိုင်နေသည်။ဝမ်ကျားပေါင်သည် ၁၉၉၄ ခုနှစ် နောက်
ပိုင်းမှ စ၍ မြန်မာ နိုင်ငံ သို့ ပထမဦးဆုံး အလည် လာရောက် သည့် တရုတ် ၀န်ကြီးချုပ်ဖြစ်သည်။

မနက်ဖြန် တွင် ထိုင်း နိုင်ငံ ဘန်ကောက်မြို့ သို့ ရောက်ရှိနေသည့် အမေရိကန် လွှတ်တော် အမတ်
ဂျင်ဝဘ် သည် မြန်မာ နိုင်ငံ သို့ ရောက်ရှိ မည် ဟု သတင်းရရှိသည်။